သင့်စိတ်ဓာတ်ခွန်အားကို လှုံ့ဆော်ပေးမယ့် အတွေးအခေါ်လေးတစ်ခု

blank

မိတ်ဆွေတို့မှာ မနက်တိုင်း ဒေါ်လာ (၈၆,၄ဝဝ) ထည့်ပေးတဲ့ ဘဏ်အကောင့်တစ်ခု ရှိတယ်ဆိုပါစို့။ အဲဒီငွေတွေကို ကုန်အောင်သုံးသည်ဖြစ်စေ၊ မသုံးသည်ဖြစ်စေ နောက်ရက် မနက်မိုးလင်းတာနဲ့ လက်ကျန်ငွေတွေ ပယ်ဖျက်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ ဒီလိုနဲ့ပဲ နေ့စဉ်နေ့တိုင်း သင့် အကောင့်မှာ ၈၆,ဝဝဝ တိတရှိနေမယ် ဆိုပါစို့။ ဘယ်သူပဲဖြစ်ဖြစ် အကောင့်ထဲမှာ ငွေလက်ကျန် မထားဘဲ တစ်နေ့ချင်း အကုန်သုံးကြမယ် မဟုတ်ဘူးလား။ ကျွန်တော်လဲ ဒီလိုပဲလုပ်မိမှာပါ။

ကျွန်တော်တို့တွေ အားလုံးမှာ အလားတူ အကောင့်တစ်မျိုး ရှိပါတယ်။ အဲဒါကတော့ အချိန်ပါပဲ။ ကျွန်တော်တို့ မနက်မိုးလင်းတိုင်း စက္ကန့် (၈၆,၄ဝဝ) ရနေပါတယ်။ အကောင်းဆုံး အသုံးချနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့အတွက် နေ့စဉ် အကျိုးရှိတာတွေ ပိုင်ဆိုင်နိုင်မှာပါ။ မနက်ဖြန်မှ သုံးမယ်ဆိုပြီး ပျဉ်းရိနေလို့မရပါဘူး။ နောက်နေ့မနက်ရောက်တာနဲ့ လက်ကျန်အချိန်တွေ ပယ်ဖျက်ပြီးသားဖြစ်သွားမှာပါ။ ဒါကြောင့်လုပ်စရာရှိတဲ့ အလုပ်တွေကို လက်ရှိရနေတဲ့ အချိန်လေးအတွင်းမှာ အကောင်းဆုံး လုပ်ဆောင်လိုက်ပါ။ ပြန်အစားထိုးမရနိုင်တော့တာမို့ လက်ရှိအချိန်တွေကို အကောင်းဆုံး အသုံးချပြီး သာယာပျော်ရွှင်တဲ့ ဘဝတစ်ခုပိုင်ဆိုင်နိုင်ဖို့ လှုပ်ရှားလိုက်ပါစို့။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။