အသက် (၅ဝ)အရွယ် တက်စ် ခရစ်ရှန် (Tess Christian) ဟာ သူမမျက်နှာ အသားအရည်ပျော့တွဲမှု ကင်းဝေးစေဖို့ အနှစ်(၄ဝ) ကြာအောင် မပြုံးမရယ်ဘဲ နေခဲ့သူပါ။ ဆယ်ကျော်သက် အရွယ်ကတည်းက ဒီလိုနေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မပြုံးမရယ်ဘဲ နေလိုက်ခြင်းဟာ အသားရေရင့်ရော်မှုကို ကာကွယ်ပေးတဲ့ Botox တို့၊ အတိုင်းထက်အလွန် တန်ဖိုးကြီးတဲ့ အလှပြင်ပစ္စည်းတို့ထက် ပိုပြီးအကျိုးရှိစေတယ်လို့ သူမယူဆခဲ့ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
သူမမျက်နှာမှာ ဘာအရေးအကြောင်းမှ မရှိတာကြည့်ခြင်းအားဖြင့် သူမရဲ့အားထုတ်မှု အောင်မြင်ခဲ့တယ် ဆိုရမှာပါ။ အရေပြား ကျွမ်းကျင်သူတွေကလည်း ဒီနည်းလမ်းဟာ အိုမင်းရင့်ရော်မှုကို ကာကွယ်ဖို့ အထောက်အကူဖြစ်တယ်လို့ ဆိုပါတယ်။
ဗဟုသုတ တိုးပွားစေခဲ့ရင် Share