စိန်လက်စွပ်အတွက် ဘဝတစ်လျှောက် အမှိုက်ကောက်လာခဲ့သူ

blank

အဖိုးအို တစ်ဦးဟာ သူ့ဘဝ သက်တမ်းတစ်လျှောက်လုံးမှာ အမှိုက်ကောက်တဲ့ လုပ်ငန်းနဲ့ပဲ ငွေကြေး စုဆောင်းခဲ့ပါတယ်။ တစ်ရက်တော့ တရုတ်နိုင်ငံ ဇင့်ကျင်း (Xinjiang) မြို့မှာရှိတဲ့ ရှော့ပင်းစင်တာ တစ်ခုဆီကို သူ့ရဲ့ ချစ်ဇနီးနဲ့အတူ လာခဲ့ရင်း စုဆောင်းထားတဲ့ ငွေကြေးလေးနဲ့ စိန်လက်စွပ်ဝယ်ပေးခဲ့ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

” ခက်ခဲတဲ့ ဘဝတွေ ဖြတ်သန်းခဲ့ပြီးပါပြီ။ ခုချိန်မှာတော့ အေးအေးချမ်းချမ်းနဲ့ ဘဝကို တည်ဆောက်ကြရအောင်”  လို့ ပြောလိုက်ရင်း သူမကို စိန်လက်စွပ်လေး ဝယ်ပေးလိုက်ပါသတဲ့။

ကြည်နူးဖွယ် အချစ်မြင်ကွင်းလေးရဲ့ ဆွဲဆောင်မှုကြောင့် ရှောပင်းစင်တာထဲကလူတွေဟာ ရတနာဆိုင်နားကို ဝိုင်းအုံလာခဲ့ကြပါသတဲ့။

” အချစ်ဆိုတာ ဘဝအတွက် အတားအဆီး အခက်အခဲ ဟူသမျှ တူတူ ရင်ဆိုင်ဖြတ်သန်းရင်း နောက်ဆုံးမှာ ပျော်ရွှင်စွာ ပေါင်းစည်းရတာပါ။” မာလိလီ