သိပ္ပံဇာတ်လမ်းတွေထဲ ရောက်နေသလို ခံစားစေနိုင်တဲ့ ခပ်မိုက်မိုက်ကားပျံ

blank

မယုံကြည်နိုင်စရာ ကောင်းလှတဲ့ ထူးခြားဆန်းကြယ် တီထွင်မှု တစ်ခုပါပဲ။ အေရိုမိုဘစ် AeroMobil (ပျံသန်းနေသောကား) လို့ ခေါ်ပါတယ်။ ကားပျံဟာ ဓါတ်ဆီ တစ်တိုင်ကီစာလောက်နဲ့ မိုင်းပေါင်း ၄၃၀ လောက်ကို ပျံသန်းနိုင်ပါတယ်တဲ့။ မြန်နှုန်းကလည်း တစ်နာရီကို ၁၂၄ မိုင်ပျံသန်းနိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

Flying Car

 

ဓာတ်ဆီအတွက်လည်း မပူပါနဲ့။ သာမန်အိမ်စီးကားတွေလိုပဲ နီးစပ်ရာ ဓာတ်ဆီဆိုင်တွေမှာ ဖြည့်လို့ရပါတယ်။ အတောင်ပံတွေကို သိမ်းပြီးနောက် ပါကင်းထိုးဖို့အတွက် ဘယ်နေရာမဆို အဆင်ပြေပါတယ်။ သြစတီးယံ company တစ်ခုကတော့ ဒီလိုကားတွေ ထုတ်ဖို့အသင့်ရှိနေပြီ ဖြစ်ကြောင်းပြောပါတယ်။ အတိအကျသတင်းလား၊ ကောလဟာလလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပေါ့။