ဝေဖန်သုံးသပ်တတ်တဲ့ အရည်အချင်းတွေ (Critical Thinking Skills) က ပညာသင်ကြားမှုမှာ ဘာ့ကြောင့်အရေးပါတာလဲ။

blank

လူရယ်လို့ဖြစ်လာရင် အကောင်းအဆိုး၊ အကြောင်းအကျိုးကြားမှာ ဝေဖန်သုံးသပ်မှုတွေ အမြဲတမ်းပြုလုပ်ရပါတယ်။ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့၊ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့အတွက် critical thinking ဆိုတာ မရှိမဖြစ်လိုအပ်တဲ့အရည်အသွေးပဲ မဟုတ်လား။ အဲ့ဒီ critical thinking ဟာ ပညာရေးမှာကော ဘာ့ကြောင့်အရေးပါတာလဲ။

Critical Thinking နဲ့ စာသင်ကြားခြင်းအားဖြင့်…

  • ကျောင်းသား၊သူတွေရဲ့ စူးစမ်းတတ်တဲ့ စိတ်၊ သိလိုတဲ့စိတ်ကို အားပေးနိုင်ပြီး မေးခွန်းတွေမေးဖို့၊ ကိုယ်ပိုင်အတွေးတွေနယ်ချဲ့ဖို့ ကူညီပေးနိုင်တယ်။
  • အကြောင်းအရာ၊ သတင်းအချက်အလက်တွေကို ကိုယ်ပိုင်ဉာဏ်ရည်နဲ့ ဝေဖန်သုံးသပ်နိုင်ဖို့၊ ကြားသိတဲ့အကြောင်းအရာအချက်အလက်တွေကို မျက်စိမှိတ်ယုံတတ်တဲ့ အကျင့်တွေ မရှိစေဖို့ ကူညီပေးနိုင်တယ်။
  • ကျောင်းသား၊သူတွေ အထူးသဖြင့် ငယ်ရွယ်တဲ့ ကျောင်းသား၊သူတွေဟာ နားထောင်ဖို့ချည်းသက်သက်နဲ့ ပညာသင်ယူဖို့ ငြီးငွေ့တတ်ကြပါတယ်။ သူတို့လေးတွေကို ပညာသင်ကြားတဲ့နေရာမှာ critical thinking နဲ့ တွဲဖက်သင်ကြားခြင်းအားဖြင့် ဝါသနာအသစ်တွေ၊ စိတ်ပါဝင်စားမှု အသစ်တွေကို တူးဖော်နိုင်စေတယ်။ ဆရာအနေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို စိတ်ဝင်စားမှုနဲ့ စိတ်လှုပ်ရှားမှုတွေကို ဖန်တီးပေးနိုင်တယ်။
  • ကောင်းမွန်တဲ့ Critical thinking ရဲ့ စံနှုန်းတွေဖြစ်တဲ့ ရှင်းလင်းတိကျမှု၊ ပြတ်သားကြည်လင်မှု၊ အကြောင်းအကျိုးဆက်စပ်မှု၊ လက်တွေ့ကျမှု၊ မျှတမှုစတာတွေနဲ့ ပြည့်စုံတဲ့ သင်ကြားမှုဟာ ကျောင်းသား၊ ကျောင်းသူတွေကို ညီညွတ်မျှတပြီး လွတ်လပ်တဲ့ အတွေးအခေါ်တွေကို ပေါက်ဖွားစေပါတယ်။

စာချစ်သူတို့ရေ….။

ကောင်းကောင်းလေ့ကျင့်ထားတဲ့ ကျောင်းသား၊ သူတွေဆိုရင် လေ့ကျင့်ထားတဲ့ စာတွေကို နှုတ်တိုက်ရွတ်ဖို့ စာမေးပွဲတွေမှာ အမှတ်ကောင်းကောင်းရဖို့ စွမ်းဆောင်နိုင်ပါလိမ့်မယ်။ ကောင်းကောင်းနားလည်ထားတဲ့ ကျောင်းသား၊သူတွေ ကြောင်းကျိုးဆက်စပ်စဉ်းစားတွေးခေါ်တတ်တဲ့ သူတွေကတော့ ပညာရေးကိုဘဝအတွက် ဘယ်လိုအသုံးချရမလဲဆိုတာကို သဘောပေါက်လာပါလိမ့်မယ်။ ဒါ့အပြင် ဘဝရဲ့ကဏ္ဍအသီးသီးကိုလည်း မြင့်မားတဲ့ အတွေးအခေါ်တွေနဲ့လည်း ကျော်ဖြတ်နိုင်လာပါလိမ့်မယ်။

ဒါ့ကြောင့် ပညာရေးအတွက် မှန်ကန်တဲ့ကျောင်းတွေကို ရွေးချယ်တဲ့အခါ critical thinking ကို အသားပေးပြီး ရွေးချယ်ဖို့အရေးကြီးပါတယ်နော်။

စာချစ်သူတို့ရဲ့ ဗဟုသုတအတွက် ဂန္ထဝင်မဂ္ဂဇင်းနဲ့ Kaplan Myanmar University College မှ ရေးသားတင်ဆက်ပေးလိုက်တဲ့ စာစောင်လေးကို နှစ်သက်တယ်ဆိုရင် ဝေမျှပေးလိုက်ပါဦး။