၂ဝ၁၉ မှာ မိဿရာသီဖွားများအတွက် ဟောကိန်းများ

blank

         ၂ဝ၁၉ ဟာ မိဿရာသီဖွားများအတွက် အလိုဆန္ဒတွေ ပြည့်ဝဖို့ အပြောင်းအလဲလေးတွေ လုပ်ဆောင်ပြီး အောင်မြင်မယ့် ပြည့်စုံမယ့်နှစ်တစ်နှစ်ပဲ ဖြစ်ပါတယ်။ ဖြစ်ချင်တာကို လုပ်နေတဲ့အချိန်မှာ အကြောက်တရားတွေကို ဖယ်ရှားထားသင့်ပါတယ်။ သင်ထင်တာထက် သင့်စိတ်က စွမ်းအားပိုကြီးတာကြောင့် ဘာပဲဖြစ်ဖြစ် စိတ်ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ခြင်းဖြင့် ရလဒ်ကောင်းတွေ ရလာပါလိမ့်မယ်။

မိဿရာသီဖွားတွေမှာ အရာအရာကို အောင်နိုင်မယ့် စိတ်စွမ်းအားမျိုးရှိတာကြောင့် ဘယ်အရာမှ သူတို့လမ်းကြောင်းမှာ အနှောင့်အယှက်အကြာကြီး မပေးနိုင်ကြပါဘူး။

မိဿရာသီဖွားတွေဟာ တက်ကြွတဲ့၊ ဆွဲဆောင်နိုင်တဲ့၊ စိတ်စွမ်းအားကြီးတဲ့သဘောတွေ ဆောင်ပါတယ်။ ဒါပေမဲ့ တစ်ကိုယ်ကောင်း နည်းနည်းဆန်တယ်၊ ဒေါသထွက်လွယ်တယ်၊ ခေါင်းမာတတ်ကြပါတယ်။ မိဿရာသီဖွားတွေဟာ အမှန်တရားကိုပဲ ပြောလေ့ရှိကြတယ်။ သူတို့အပြုအမူနဲ့ပတ်သက်ပြီး တခြားသူတွေရဲ့ပြောစကားကို ဂရုမစိုက်တတ်ကြပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

မိဿရာသီဖွားတွေအနေနဲ့ အတိတ်မှာ အချစ်ရေးမသာယာခဲ့ပေမဲ့ ဒီနှစ်မှာတော့ ရိုးရှင်းတဲ့အချစ်နယ်ပယ်ထဲကို ခြေဆန့်နိုင်ပါလိမ့်မယ်။ ငြင်းပယ်ခံရမှာစိုးလို့ စိတ်ပူမနေပါနဲ့။ စိတ်သဘောထားဖြူစင်မှုကြောင့် သင့်အချစ်ကို နားလည်လက်ခံပေးပါလိမ့်မယ်။

အလုပ်မှာ ပုံမှန်ကြိုးစားသွားခြင်းဖြင့် အရာအားလုံး အဆင်ပြေပြေကျော်ဖြတ်နိုင်ပါလိမ့်မယ်။ နှစ်ကုန်ပိုင်းမှာ ရာထူးတိုးဖို့ အခွင့်အလမ်းရှိလာပါမယ်။

တက်ကြွပြီး အပြောင်းအလဲတွေနဲ့ အလိုက်သင့်ဆောင်ရွက်တတ်တဲ့ အရည်အချင်းတွေကြောင့် ဦးဆောင်မှုအပိုင်းတွေကို တာဝန်ယူရတတ်ပါတယ်။  ဒါပေမဲ့ အတက်ကြွလွန်ပြီး နမောနမဲ့ဖြစ်မသွားအောင် ဂရုစိုက်သင့်ပါတယ်။ ခန္ဓာကိုယ်ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ပေးသင့်ပါတယ်။

၂ဝ၁၉ ဟာ မိဿရာသီဖွားများအတွက် တောက်ပမယ့် နှစ်တစ်နှစ်ဖြစ်တာကြောင့် အကောင်းဆုံးကြိုးစားလိုက်ပါ။