အပတ်စဉ် ဂန္ထဝင်ဗေဒင် ( ဖေဖော်ဝါရီ ၄ ရက်မှ ဖေဖော်ဝါရီ ၁ဝ ရက်နေ့အထိ )

blank
တနင်္လာသားသမီး

ဒီတစ်ပတ်မှာ လုပ်ငန်းကိစ္စအသစ်တွေကို တနင်္ဂနွေသားသမီးတစ်ယောက်နဲ့ ချိတ်ဆက်လုပ် ဆောင်ရမယ်။ အောင်မြင်မယ့် အလုပ်ဖြစ်ပါတယ်။ ဘဝမှာ အမြင်သစ်တွေ ပေါ်လာပြီး ဝေဖန်တိုက် ခိုက်မှုတွေကို ကျော်လွှားနိုင်ပါလိမ့်မယ်။ သင့်စိတ်ကို ပြင်ဆင်ရမယ့် အချိန်ပါပဲ။ ချစ်သူများနေ့မှာ အ မှတ်ရစရာ ပျော်ရွှင်မှုတွေနဲ့ ကြုံရမယ်။

ယတြာ- ဘုရားမှာ ဒေလီယာပန်းကပ်လှူပါ။

အင်္ဂါသားသမီး

ဒီတစ်ပတ်အတွင်းမှာ စနေသားသမီးတစ်ယောက်ကို ငွေအကူအညီပေးရတတ်တယ်။ သင့် အတွက်သင် ရပ်တည်ဖို့ အစွမ်းအစလေးတွေ ပျောက်ဆုံးနေတတ်တယ်။ ဒါပေမဲ့ သင့်ကို အခြားလူ တွေ ချီးမွမ်းရလောက်တဲ့ အခွင့်အရေးတစ်ခု ပေါ်လာတတ်တယ်။ လူမျိုးခြားတွေနဲ့ ပတ်သက်ပြီး ကံ ကောင်းမှုတွေ ကြုံရတတ်တယ်။

ယတြာ- လမ်းခင်းကုသိုလ်လုပ်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဗုဒ္ဓဟူးသားသမီး

ဒီတစ်ပတ်မှာ ဘဝကို နှလုံးသားထက် ဦးနှောက်ကို ရှေ့တန်းတင်ပြီး ဖြတ်ကျော်နေရ တတ်ပါတယ်။ သင့်ရဲ့ အားနည်းချက်၊ အားသာချက်တွေကို ရှာဖွေနေရတတ်ပါတယ်။ သင့်ရဲ့လို အပ်ချက်တွေကို ဖြည့်ဆည်းဖို့ သင့်ရဲ့အားသာချက်တွေကို အသုံးချဖြေရှင်းရပါလိမ့်မယ်။ ချစ်သူ များနေ့ဟာ သင့်အတွက် အမှတ်ရစရာနေ့တစ်နေ့ ဖြစ်ပါလိမ့်မယ်။

ယတြာ- လမ်းဘေးခွေးလေးတွေကို အစာကျွေးပါ။

ကြာသပတေးသားသမီး

ဒီတစ်ပတ်အတွင်း စီးပွားရေးရင်းနှီးမြုပ်နှံမှုမှာ တနင်္လာသားသမီးတွေနဲ့ ချိတ်ဆက်ပြီး ကံ ကောင်းရတတ်ပါတယ်။ သင့်ဘဝဟာ ပြောင်းလဲမှုမရှိဘဲ ရပ်တန့်နေတယ်လို့ ခံစားရတတ်ပါတယ်။ အလုပ်အပြောင်းအရွှေ့ကိစ္စတွေ ကြုံရတတ်ပါတယ်။ အချစ်ရေးမှာ ကတောက်ကဆလေးတွေ ကြုံရ တတ်ပါတယ်။

ယတြာ- မွေးနေ့မှစပြီး ၇ ရက် အဓိဋ္ဌာန်ဝင်ပါ။

သောကြာသားသမီး

အရင်ပတ်က ကိစ္စလေးတွေကြောင့် စိတ်ကျဉ်းကြပ်နေရတတ်ပါတယ်။ အချစ်ရေးမှာ မြင်မြင်ချင်းချစ်မိပြီး ချစ်သူရသွားတတ်တယ်။ သူငယ်ချင်းတွေနဲ့ ပတ်သက်ပြီး  ကောလာဟလ သတင်းတွေ ကြားရတတ်ပါတယ်။ ချစ်သူအပေါ် စိတ်ရင်းမှန်အတိုင်း ဖွင့်ပြပြောဆိုတာကြောင့် ချစ်သူများနေ့မှာ ပျော်ရွှင်စွာ ဖြတ်သန်းရတတ်ပါတယ်။

ယတြာ- မိဘမဲ့ဂေဟာမှာ ပန်ကာလှူပါ။

စနေသားသမီး

ဒီတစ်ပတ်မှာ သင့်လျှို့ဝှက်ချက်တွေကိုတောင် ထိန်းပေးနိုင်တဲ့ ကြာသပတေးသားသမီး တစ်ယောက်နဲ့ မိတ်ဆွေသစ်တိုးလာနိုင်ပါတယ်။ ဘဝမှာ ကန့်သတ်ချက်တွေကို ကျော်လွန်ပြီး လွတ်လပ်မှုရဖို့ ခက်ခက်ခဲခဲ ကြိုးစားရတတ်ပါတယ်။ အချစ်ရေး ကံမကောင်းသေးပါ။

ယတြာ- ဘုရားဖူးသွားရင်း ဆီမီးပူဇော်ပါ။

တနင်္ဂနွေသားသမီး

ဒီတစ်ပတ်မှာ အတိတ်အကြောင်းတွေပဲ ခဏခဏတွေးနေမိတတ်ပါတယ်။ ပညာရေးလမ်းကြောင်းအသစ်တွေ ဆည်းပူးရင်း နေရာသစ်တွေ သွားလည်ရတတ်ပါတယ်။ နားချိန်မရှိအောင် အလုပ်တွေ ပိနေတတ်ပါတယ်။ ဒါပေမဲ့ သင့်ကို အကူအညီတွေပေး စိတ်အေးစေမယ့် ချစ်သူတစ်ယောက်ရတတ်ပါတယ်။

ယတြာ- မွေးရက်မှာ ပရဟိတလုပ်ပါ။

တိုက်ဆိုင်မှုလေးတွေပါရင် SHARE လိုက်ပါဦးနော်။