အပတ်စဉ် ဂန္ထဝင်ဗေဒင် ( ဇန်နဝါရီ ၂၁ ရက်မှ ဇန်နဝါရီ ၂၇ ရက်နေ့အထိ )

blank

တနင်္လာသားသမီး

ဒီတစ်ပတ်မှာ ကြီးကြီးမားမား ပြောင်းလဲမှုတွေနဲ့ တွေ့ကြုံရတာကြောင့် အခြားသူတောင် အံ့သြနေတတ်ပါတယ်။ အခွင့်အလမ်းတွေလည်း အဆက်မပြတ် ရောက်လာတတ်ပါတယ်။ သံသယစိတ်တွေကြောင့် ချစ်သူနဲ့လမ်းခွဲတဲ့ အဆင့်တောင် ရောက်လာတတ်ပါတယ်။ မိမိရဲ့ အနာဂတ်အတွက် စိတ်ချမ်းသာမှုပေးမယ့် ချစ်သူနဲ့ဖူးစာဆုံပါလိမ့်မယ်။

ယတြာ- အဘိုးအဘွားတွေကို ဝေယျာဝစ္စကုသိုလ်ပြုပေးပါ။

အင်္ဂါသားသမီး

ဒီရက်ပိုင်းမှာ သင့်ဘဝရဲ့အသေးစိတ် ကိစ္စလေးတွေအပေါ် ဂရုမစိုက်ဘဲ ပစ်ထားသလို ဖြစ်နေပါတယ်။ ဒါပေမဲ့ သင့်အကျင့်တွေကို ပြုပြင်ပေးပြီး လမ်းမှန်ပြပေးမယ့် ဖူးစာရှင်တစ်ယောက် ပေါ်လာပါလိမ့်မယ်။ အရင်လက မပြီးပြတ်ခဲ့တဲ့ အလုပ်ကိစ္စတွေကြောင့် စိတ်ပင်ပန်းနေရတတ်ပါတယ်။ အချိန်ရှိခိုက် လုံ့လစိုက်ပါ။

ယတြာ- မွေးနေ့မှာ ဘုန်းကြီးတစ်ပါးကို သင်္ကန်းကပ်လှူပါ။

ဗုဒ္ဓဟူးသားသမီး

ဒီတစ်ပတ်မှာ ဘဝအတွက် အရေးပါတဲ့ဆုံးဖြတ်ချက်တွေကို နှလုံးသားရော ဦးနှောက်ပါသုံးပြီး စဉ်းစားဆုံးဖြတ်ရလိမ့်မယ်။  ခုချိန်မှာ တိုးတက်လမ်းတွေနဲ့ ကြုံရပြီး ကျေနပ်နေရတတ်ပါတယ်။ သင့်အပေါ် အလိမ်အညာစကားတွေ သုံးသွားတဲ့သူတွေကြောင့် ဝမ်းနည်းရတတ်ပါတယ်။

ယတြာ- ဂုဏ်တော်ပွားပါ။

ကြာသပတေးသားသမီး

ဒီတစ်ပတ်မှာ သင်ချစ်ရသူတွေရဲ့ ကိစ္စတွေမှာ ဝင်ပါမိတာကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတတ်ပါတယ်။ သူများကိစ္စတွေမှာ အသေးစိတ် ဝင်မပြောမိပါစေနဲ့။ အလုပ်နဲ့ပတ်သက်တဲ့ ပြဿနာတွေကို ခေါင်းအေးအေးထား ဖြေရှင်းပါ။

ယတြာ- အသက်ကြီးသူတွေကို အဝတ်အစားလှူဒါန်းပေးပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သောကြာသားသမီး

သင့်အရည်အချင်းနဲ့ ရင့်ကျက်မှုတွေကို အသုံးချပြီး ဆုံးဖြတ်ချက်ကောင်းတွေကို ချမှတ်နိုင်လိမ့်မယ်။ မလိုအပ်တဲ့ ကိစ္စတွေကို ရှောင်ဖယ်လိုက်ခြင်း အားဖြင့် ပိုကောင်းတဲ့ ရလဒ်တွေ ရရှိလာပါလိမ့်မယ်။ လူမျိုးခြား အဆက်အသွယ်တွေကြောင့် အနာဂတ်အတွက် မျှော်လင့်ချက်၊ ယုံကြည်ချက်တွေ ရလာတတ်တယ်။ ဖူးစာရှင်နဲ့ဆုံဖို့ အခွင့်အလမ်းပေါ်လာတတ်တယ်။

ယတြာ- လမ်းဘေးခွေးတွေကို အစာကျွေးပါ။

စနေသားသမီး

မိမိရဲ့ စိတ်ရင်းအမှန်ကြောင့် မိတ်ဆွေကောင်းတွေ ပေါ်လာတတ်တယ်။ ငွေရေးကြေးရေး အဆင်ပြေပေမယ့် အချစ်ရေးပြဿနာ ကတောက်ကဆလေးတွေ ဝင်လာတတ်ပါတယ်။ အရာရာကို စိတ်ရှည်သည်းခံခြင်းဖြင့် အနိုင်ယူနိုင်ပါလိမ့်မယ်။

ယတြာ- ချို့တဲ့သူတွေကို အဝတ်အစားမျှဝေပေးပါ။

တနင်္ဂနွေသားသမီး

ဒီတစ်ပတ်မှာ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး အလိမ်ခံရတတ်တယ်။ လူမှုရေးကိစ္စ အလွဲလေးတွေ ကြုံရလိမ့်မယ်။ လက်ရှိချစ်သူဟာ ဘဝအတွက် အရေးပါသူပါ။ နားလည်ခွင့်လွှတ်မှုတွေကြောင့် ပြောင်းလဲမှုတွေ ဖြစ်လာရတတ်ပါတယ်။

ယတြာ- ဘုရားမှာ သောက်တော်ရေ ကပ်လှူပါ။