၂ဝ၁၉ မှာ ၁၂ ရာသီဖွားများအတွက် အချစ်ရေးမှာ ပြောင်းလဲသင့်တဲ့ အရာများ

blank
၁။ မိဿရာသီဖွား ( Aries )

စိတ်ခံစားချက်ကို ဦးစားပေးပါ။ ခံစားချက်တွေကို ချစ်သူအပေါ် အမှန်အတိုင်း ဖွင့်ချပြတာက နည်းလမ်းကောင်းတစ်ခုမဟုတ်လား။ သင့်ချစ်သူက သင့်ရဲ့စစ်မှန်မှုကို မြင်လာရင် သင့်အပေါ်မှာ ပိုကြွေလာပါလိမ့်မယ်။

၂။ ပြိဿရာသီဖွား ( Taurus )

အခွင့်အလမ်းတွေ ရှာဖွေပါ။ ဒီနှစ်အတွက် အချစ်နဲ့ပတ်သက်ပြီး ရိုက်ခတ်မှုတွေ ကြုံရရင်လည်း နောက်မဆုတ်လိုက်ပါနဲ့။ သင့်တစ်ဘဝလုံးကို ဦးဆောင်ရမယ့်သူဟာ သင်ပဲဖြစ်တာကြောင့် အဆုံးအစမရှိတဲ့ အခွင့်အလမ်းတွေ သင့်မှာ ရှိပါတယ်။

၃။ မေထုန်ရာသီဖွား ( Gemini )

အတိတ်မှာဖြစ်ပျက်ခဲ့တဲ့အရာတွေကို ဆုပ်ကိုင်ထားတာကို ရပ်တန့်လိုက်ပါ။ ဒီနှစ်မှာ ကိုယ်စိတ်နှလုံးကို အသစ်တစ်ဖန် ပြန်စဖို့  သင့်အတွက် အထိုက်တန်ဆုံးပါ။ ဒါ့အပြင် အတိတ်က အချစ်ရေးကြောင့် အချစ်သစ်ကို လက်ခံရရှိဖို့ မတန်ဘူးလို့ ဘယ်တော့မှ မသတ်မှတ်လိုက်ပါနဲ့။

၎။ ကရကဋ်ရာသီဖွား ( Cancer )

ခိုင်မာတဲ့ သတ်မှတ်ချက်တွေ ချထားပါ။ လျှောက်လှမ်းနေတဲ့ ခြေလှမ်းတွေကို ရပ်တန့်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါပေမဲ့ အချိန်တိုင်း ကိုယ့်အတွက်ကိုယ် ရပ်တည်နိုင်တယ်၊ သင့်ကိုယ်သင် ပိုပိုချစ်နိုင်တယ်ဆိုတာ သတိရပါ။ သင့်ကိုယ်သင် စချစ်တတ်လာတဲ့အခါ အရာအားလုံးကလည်း သူ့နေရာနဲ့သူ အံဝင်ခွင်ကျဖြစ်လာမှာပါ။

၅။ သိဟ်ရာသီဖွား ( Leo )

သင်ဟာ အခန်းတစ်ခုကို အလင်းရောင်ပေးနိုင်သလိုပဲ သင့်ရဲ့ဇွဲလုံ့လဟာ အခြားသူတွေနဲ့ မတူပါဘူး။ ဒီနှစ်အတွက် သင့်ကိုယ်သင် အချိန်ပေးပါ။ ဘဝအတွက် ပိုကောင်းမွန်တဲ့ ခြေလှမ်းတွေကို လှမ်းနိုင်ပါလိမ့်မယ်။

၆။ ကန်ရာသီဖွား ( Virgo )

သင့်ရဲ့ အစွမ်းအစတွေကို ဖော်ထုတ်ပါ။ သာမန်ကိစ္စတွေမှာဖြစ်ဖြစ်၊ ဖန်တီးယူရမယ့် ကိစ္စတွေမှာဖြစ်ဖြစ် ဒီနှစ်မှာ သင့်ရဲ့အစွမ်းအစတွေကို ချစ်သူအတွက် ဖော်ထုတ်ပြဖို့ တွန့်ဆုတ်မနေပါနဲ့။ သာမန်လေးပဲမနေပါနဲ့ အများမမြင်နိုင်တဲ့ သင့်ကိုယ်တွင်းမှာ ပုန်းအောင်းနေတဲ့ အချစ်ရဲ့အစွမ်းအစအားလုံးကို ဖော်ထုတ်လိုက်ပါ။

၇။ တူရာသီဖွား ( Libra )

ဒီနှစ်အတွက် ဘက်မျှစွာ နေထိုင်ပါ။ အလုပ်နဲ့ မိသားစု၊ လူမှုရေးနဲ့ စီးပွားရေး စတာတွေအပြင် သင့်ရဲ့ လိုအပ်ချက်တွေ၊ သင့်လက်တွဲဖော်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းရင်း ကျန်းမာရေးအတွက်လည်း မလစ်ဟင်းအောင် အရာရာမှာ မျှတစွာနေတတ်ဖို့ ဒီနှစ်မှာ အရေးကြီးပါတယ်။

၈။ ဗြိစ္ဆာရာသီဖွား ( Scorpio )

ဒီနှစ်မှာ နှလုံးသားတံခါးကို ဖွင့်ထားပါ။ စိတ်ထိခိုက်စရာတွေ အများကြီးကြုံတွေ့ရရင်လည်း ဒါဟာ ကောင်းမွန်တဲ့အရာတွေကို မြင်တွေ့ရဖို့ စိန်ခေါ်မှုတစ်ရပ်သာ ဖြစ်ပါတယ်။ ဒါကြောင့် သင်ချစ်တဲ့သူတွေအပေါ် နှလုံးသားဆန္ဒတွေကို ဖွင့်ချလိုက်ပါ။

၉။ ဓနုရာသီဖွား ( Sagittarius )

ဒီနှစ်ဟာ သင့်ရဲ့တန်ဖိုးဘာလဲဆိုတာ သိထားရမယ့်နှစ်ပါ။ ဒီနေရာရောက်ဖို့ အချိန်ဘယ်လောက်ယူလိုက်ရလဲဆိုတာ သိထားပါ။ သင့်ရဲ့တန်ဖိုးကို ပြဖို့ အကောင်းဆုံးလုပ်ပါ။ ချစ်သူအတွက် သင်ဘယ်လိုလူလဲဆိုတာ ပြသဖို့ ဒီနှစ်ဟာ သင့်အတွက် အကောင်းဆုံးအချိန်ပါပဲ။

၁ဝ။ မကာရရာသီဖွား ( Capricorn )

ဒီနှစ်ဟာ သင့်အတွက် အရာရာမှာ ညှိညှိနှိုင်းနှိုင်းလုပ်ဆောင့်ရမယ့် နှစ်ဖြစ်ပါတယ်။ သင်က စစ်မှန်တဲ့လူတစ်ယောက်မဟုတ်ဘူးဆိုရင် စစ်မှန်တဲ့လက်တွဲဖော်ကို ရှာတွေ့ဖို့ မျှော်လင့်မနေသင့်ပါဘူး။ သင်က သစ္စာရှိတဲ့သူတစ်ယောက်ကို လိုချင်တယ်ဆိုရင် သင်ကိုယ်တိုင်ကလည်း သူ့အပေါ် သစ္စာရှိပေးရပါမယ်။

၁၁။ ကုမ်ရာသီဖွား ( Aquarius )

ယုံကြည်မှုထားပါ။ အဆုံးအစမရှိတဲ့ လောကကြီးမှာ အားလုံးဟာ ကံအလျောက်ဖြစ်လာကြတယ်ဆိုရင် သင်ကိုယ်တိုင်အပါအဝင်ပါပဲ။ လောကကြီးအပေါ် ယုံကြည်ထားပါ။ အဲဒီယုံကြည်ချက်ကပဲ သင့်အတွက် လက်တွဲဖော်ရှိလာမယ့် အကြောင်းအရင်းပါပဲ။

၁၂။ မိန်ရာသီဖွား ( Pisces )

နှလုံးသားရဲ့ ဆန္ဒကို နားထောင်ပါ။ တွေဝေနေဖို့ အချိန်မရှိပါဘူး။ သင့်ရဲ့အချစ်ဟာ စစ်မှန်ပြီး စကားလုံးတွေနဲ့ ပြောပြဖို့တောင် မလုံလောက်အောင် ပြိုင်စံရှားပါပဲ။ ဒါကြောင့် သင်ကိုယ်သင် ဘာလို့ သံသယဝင်နေမှာလဲ။ သင့်စံနှုန်းလေးတိုင်း ရှင်သန်ပါ၊ သင့်နှလုံးသားရဲ့ဆန္ဒကိုလည်း တခြားသူအတွက် ဖွင့်ပြလိုက်ပါ။ ဘာကိုမှ စိုးရိမ်ထိတ်လန့် မနေပါနဲ့။