အပတ်စဉ် ဂန္ထဝင်ဗေဒင် ( ဇန်နဝါရီ ၁၄ ရက်မှ ဇန်နဝါရီ ၂၁ ရက်နေ့အထိ )

blank
တနလာၤသားသမီး

ဒီတစ်ပတ်မှာ တာဝန်ယူပေးရမယ့် အလုပ်တွေ များနေတတ်တယ်။ ကြိုးစားမှုတွေ အရာထင်ပါလိမ့်မယ်။ နှစ်သစ်မှာ ချမှတ်ထားတဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ဆိုရင် စိတ်ရောကိုယ်ပါ အရှိန်အဟုန်နဲ့ ကြိုးစားပါ။ ဘယ်အရာကိုမဆို သာမန်လုပ်နေကျထက် ကျော်လွန်စွမ်းဆောင်နိုင်မယ်။ ဦးဆောင်ဦးရွက်ပြုပြီး ဘဝအောင်မြင်ရေးအတွက် ကူညီပေးနိုင်မယ့်သူနဲ့ ဖူးစာဆုံမယ်။

ယတြာ- မွေးနေ့မှာ ငါးလွှတ်ပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အင်္ဂါသားသမီး

ဒီတစ်ပတ်မှာ အခွင့်အလမ်းတွေကို အသုံးချပြီး အောင်မြင်မှုဆီကို လျှောက်လှမ်းနိုင်မယ်။ ရည်မှန်းချက်တွေ အောင်မြင်ဖို့ဆိုရင် အတွေ့အကြုံသစ်တွေနဲ့ အလုပ်သစ်တွေကို နောက်ကိုလိုက်ပါ။ အလုပ်ကိစ္စ၊ ပညာရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ခရီးထွက်ရလိမ့်မယ်။  အကြံအစည်တွေကို အချိန်မဆွဲဘဲ အကောင်အထည်ဖော်ပါ။ ဘဝလက်တွဲဖော်နှင့် ဆုံဆည်းမယ်။

ယတြာ- ဘုရားဝင်းအတွင်း တံမြက်လှည်းပါ။

ဗုဒ္ဓဟူးသားသမီး

ဒီရက်ပိုင်းမှာ ကိစ္စအရှုပ်အရှင်းတွေ ကြုံတွေ့ရပေမယ့် ကျော်လွှားနိုင်ပြီး ပုံမှန်ပြန်ဖြစ်သွားမှာပါ။ ဒီတစ်ပတ်မှာ ပေါ်လာတတ်တဲ့ ကိစ္စတွေက နေ့စဉ်ဘဝကို တစ်စိတ်တစ်ပိုင်း ပြောင်းလဲပေးတတ်တယ်။ ရည်ရွယ်ချက်တွေ၊ အခွင့်အလမ်းသစ်တွေကို ရဲရဲဝံ့ဝံ့လုပ်ဆောင်ပါ။ ဆန္ဒရှိတဲ့အရာတွေကို မြန်မြန်ဆောင်ရွက်ခြင်းဖြင့် တိုးတက်မှုရနိုင်တယ်။

ယတြာ- အသက်ကြီးသူတွေကို အစားအသောက်ကုသိုလ်ပြုပါ။

ကြာသပတေးသားသမီး

ဒီရက်ပိုင်းမှာ သင်မလုပ်ချင်တဲ့အရာတွေ လုပ်ဖို့ တခြားသူတွေရဲ့ဖိအားပေးမှုတွေ ခံရတတ်ပါတယ်။ ခိုင်မာတဲ့စည်းကမ်းချက်တွေ ချမှတ်ပြီး သင်ကိုယ်သင် အချိန်ပေးဖို့   လိုအပ်ပါတယ်။ ရည်မှန်းချက်တွေ၊ အကြံအစည်တွေကို အောင်မြင်အောင် ဆောင်ရွက်ရလိမ့်မယ်။ စိတ်ရှုပ်စရာကတော့ သင့်ဆောင်ရွက်မှုတွေကို တခြားသူက နာမည်ကောင်းဝင်ယူတတ်တယ်။ သင်မကြိုက်တဲ့အရာတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ရှေ့ဆက်ပါ။

ယတြာ- ညအိပ်ရာဝင်တိုင်း တရားထိုင်ပါ။

သောကြာသားသမီး

ဒီတစ်ပတ်မှာ အသေးအမွှားကိစ္စလေးတွေ အတွက် အချိန်ပေးတတ်တာလျှော့ပြီး အရေးကြီးကိစ္စတွေအတွက် အချိန်ပေးပါ။ အခက်အခဲတွေကို စိတ်စွမ်းအားနဲ့ ကျော်ဖြတ်နိုင်မယ်။ အကူအညီတောင်းခံမှုတွေကို ငြင်းဆန်လိုက်တာကြောင့် သင့်ရဲ့အချိန်နဲ့ လုပ်အားတွေကို ကောင်းကောင်းအသုံးချနိုင်မယ်။ ဒီရက်ပိုင်းမှာ အံ့သြမှုတွေ၊ အလှတရားတွေကြားမှာ အေးချမ်းစွာ စံစားရလိမ့်မယ်။ အချစ်ရေးမှာ တတိယလူတစ်ယောက်ကြောင့် စိတ်အနှောက်အယှက်ဖြစ်ရမည်။

ယတြာ- မွေးနေ့မှာ ငှက်လွှတ်ပါ။

စနေသားသမီး

ဒီရက်ပိုင်းမှာ ဘဝကိစ္စရက်တွေ အားလုံးနေမြဲအတိုင်းပါပဲ။ သင့်လုပ်ဆောင်ချက်အတွက် ထိုက်တန်တဲ့အရာတွေ ရရှိလို့ ပျော်ရွှင်ရပါလိမ့်မယ်။ သင့်ဘဝနေထိုင်မှုပုံစံနဲ့ လမ်းကြောင်းတွေ ပြောင်းလဲဖို့ အခွင့်အရေးကောင်းတွေ ရတတ်တယ်။ ရည်းစားဟောင်းရဲ့ နှောင့်ယှက်မှုကြောင့် အချစ်ရေးမှာ ကတောက်ကဆလေးတွေ ကြုံရမယ်။ ဒီတစ်ပတ်မှ အလုပ်ကိစ္စနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေ ချရတတ်တယ်။ အာမခံကိစ္စတွေမှာ သတိထားပါ။ ဖြေရှင်းရ ခက်တတ်ပါတယ်။ အလျော်အစား၊ အချေးအငှား မလုပ်သင့်ပါဘူး။ ပြန်မရဘဲ ဆုံးရတတ်ပါတယ်။

ယတြာ- မွေးနံဘုရားမှာ ဆီမီးပူဇော်ပါ။

တနင်္ဂနွေသားသမီး

ဒီတစ်ပတ်မှာ ဖန်တီးတတ်တဲ့ပါရမီကို အသုံးချဖို့ အကောင်းဆုံးအချိန်ပါ။ အရာရာကို ဖန်တီးနိုင်မှု စွမ်းရည်ကြောင့် ထိုက်တန်တဲ့အရာတွေ ရလာပါလိမ့်မယ်။ အရာရာဟာ အချိန်ကိုက် ဖြစ်နေတတ်တယ်။ ရည်ရွယ်သူကို ဖွင့်ပြောဖို့အချိန်ကောင်းပါ။

ယတြာ- အိမ်ရှေ့မှာ သပြေပင်စိုက်ပါ။