သင့်မျက်လုံးအရောင်ကတစ်ဆင့်သိနိုင်တဲ့ သင့်အကြောင်းများ

blank
အညိုရောင်

အညိုရောင်ဆိုတာဟာကမ္ဘာပေါ်မှာတွေ့ရအများဆုံးမျက်လုံးအရောင်ပါပဲ။ အညိုရောင်မျက်လုံးပိုင်ရှင်တွေဟာရဲရင့်တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်။ ဆွဲဆောင်မှုရှိတယ်။သဘာဝကိုချစ်ခင်ပြီးတော့လိုချင်တပ်မက်စိတ်နည်းပါးတယ်။တီထွင်နိုင်စွမ်းရှိတယ်။ ချစ်ခင်တတ်တယ်။ ပြီးတော့ မိတ်ဆွေအသစ်တွေဖွဲ့ရာမှာလည်းတော်ပါတယ်။

သူတို့ဟာချစ်ရတဲ့သူတွေကိုလည်းပျော်ရွှင်ကျေနပ်အောင် ထားတတ်ပါတယ်။

အနက်ရောင်

အနက်ရောင်မျက်လုံးပိုင်ရှင်တွေကတော့ ထူးဆန်းပြီးတော့ ပါးနပ်မှုရှိပါတယ်။ လျို့ဝှက်ချက်တွေကိုလည်းကောင်းကောင်းထိန်းသိမ်းတတ်ပါတယ်။ သူတို့ဟာအရမ်းသစ္စာရှိပြီးတော့ ယုံကြည်ရတဲ့သူ ဖြစ်ပေမယ့် တခြားသူတွေကိုတော့ လွယ်လွယ်ကူကူမယုံကြည်တတ်ပါဘူး။

အလုပ်ကြိုးစားပြီးအကောင်းမြင်စိတ်ရှိတဲ့အပြင် ဖော်ရွေတတ်တဲ့ အနက်ရောင် မျက်လုံးပိုင်ရှင်တွေဟာ မျှတတဲ့ သဘောထားပိုင်ရှင်အဖြစ် လူသိများပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကြောင်မျက်လုံးရောင်

ကြောင်မျက်လုံးရောင်မျက်လုံးပိုင်ရှင်တွေဟာအပျော်မက်တယ်၊ စွန့်စားမှုကို မြတ်နိုးတယ်၊ သတ္တိရှိတယ်၊ ရဲရင့်တယ်။ သူတို့ဟာနေ့ရက်တိုင်းကိုစိတ်သစ်လူသစ်နဲ့ ကျော်ဖြတ်သွားနိုင်မယ့်သူတွေ ဖြစ်ပါတယ်။

ခဲရောင်

ခဲရောင်မျက်လုံးပိုင်ရှင်တွေဟာ ကြံ့ခိုင်တယ်၊ စိတ်ဓာတ်ပြင်းထန်ပြီးတော့ ဥာဏ်အမြော်အမြင်လည်းရှိတဲ့အတွက် ခေါင်းဆောင်ဖို့ မွေးဖွားလာတာဖြစ်ပါတယ်။စိတ်သဘောထားနူးညံ့တဲ့အပြင် ဒေါသအနည်းဆုံးလူတွေလည်း ဖြစ်ပါတယ်။

သူတို့ဟာအချစ်ရေးကိုအလေးအနက်ထားပြီးတော့ တခြားသူတွေကိုလှည့်စားရတာမကြိုက်ပါဘူး။

အပြာရောင်

အပြာရောင်မျက်လုံးပိုင်ရှင်တွေဟာစိတ်ညှို့နိုင်စွမ်းရှိကြတယ်။ သူတို့ဟာ ကြင်နာတတ်ပြီးတော့ ဘဝရဲ့ အချိန်တော်တော်များများကိုတခြားသူတွေကိုပျော်ရွှင်အောင်လုပ်ရင်းကုန်ဆုံးတတ်ပါတယ်။

စာချစ်သူတို့ကောဘယ်လိုမျက်လုံးအရောင်လေးတွေ ပိုင်ဆိုင်ထားကြလဲ။ စာချစ်သူတို့ရဲ့ မျက်လုံးအရောင်နဲ့ စိတ်သဘောထားတွေကကောကိုက်ညီမှုရှိရဲ့လားဆိုတာ comment box မှာဝေမျှပေးသွားပါဦးနော်။