၂ဝ၁၈၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဒီဇင်ဘာ ၁၇ ရက်နေ့မှ ၂၃-ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

အလုပ်နဲ့ပတ်သက်ပြီး အခက်အခဲလေးတချို့ရှိပေမဲ့ အခွင့်အလမ်းကောင်းတွေလည်း တွေ့ရ မယ့် ကာလဖြစ်ပါတယ်။ အခွင့်အရေးကို လက်လွှတ်မခံဘဲ ကြိုးစားလိုက်ပါ။ အောင်မြင်မှုတွေနဲ့ ကြုံ တွေ့ရမှာပါ။ အချစ်ရေး ကံကောင်းနေပါတယ်။

ယတြာ။         ။ ဘုရားမှာ ပန်းသီး ၃ လုံးကပ်လှူပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာတွေကြားမှာ ဗျာများပြီး အတန်ငယ်စိတ်ပင်ပန်းနေရမယ့် ကာလဖြစ် ပါတယ်။ ဆုံးဖြတ်ချက်မှားတတ်တာကြောင့် ဘဝအရေးနဲ့ဆိုင်တဲ့ကိစ္စတွေမှာ မိသားစုနဲ့တိုင်ပင်ပြီးမှ ဆုံးဖြတ်ပါ။ ငွေဝင်ကိန်းရှိတယ်။ ထီထိုးပါ။

ယတြာ။         ။ မွေးရက်မှာ သီလရှင်တစ်ပါးကို ထီလက်မှတ်လှူပါ။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁) ရက်အတွင်း မွေးဖွားသူများ

စောင့်မျှော်နေတဲ့ အခွင့်အလမ်းကောင်းတွေနဲ့ ဆိုက်ဆိုက်မြိုက်မြိုက်ဆုံတွေ့ရမယ့် ကာလဖြစ် ပါတယ်။ လုပ်ငန်းသစ်တွေ ချဲ့ထွင်နိုင်မယ်။ မိတ်ဆွေကောင်းတွေ့မယ်။ စုပေါင်းစပ်ပေါင်းလုပ်ငန်း ထက် တစ်ယောက်တည်း လုပ်ကိုင်တဲ့လုပ်ငန်းတွေ ပိုအကျိုးပေးမယ်။ အချစ်ရေး နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးနံထောင့်မှာ နှင်းဆီ ၃ ပွင့်လှူပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

အဟောင်းတွေနဲ့ အကျိုးပေးနေတဲ့ ကာလဖြစ်ပါတယ်။ ကြန့်ကြာနေတဲ့ အကြွေးဟောင်းတွေ ပြန်ရမယ်။ ရပ်ဆိုင်းနေတဲ့ လုပ်ငန်းတွေကို ပြန်လည်ပတ်နိုင်မယ်။ အချစ်ဟောင်းရှိသူများ အချစ် ဟောင်းနဲ့ ပြန်ဆုံရတတ်တယ်။

ယတြာ။         ။ ပရဟိတကျောင်းတစ်ခုကို ငွေကြေးလှူပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

မလိုမုန်းထား တိုက်ခိုက်သူတစ်ယောက်ကြောင့် အလုပ်မှာ စိတ်အနှောင့်အယှက်ဖြစ်နေရ တတ်တယ်။ ဂရုမစိုက်ပါနဲ့။ လုပ်စရာရှိတာကိုသာ ဆက်လုပ်ပါ။ မကြာခင်မှာ သင့်ကြိုးစားမှုရဲ့ရလဒ် ကို ကြုံတွေ့ရမှာပါ။ အချစ်ရေး သာယာနေပါမယ်။

ယတြာ။         ။ မွေးနံထောင့်မှာ သပြေပန်းကပ်လှူပါ။

၆။ ကန်ရာသီဖွား (Virgo )  
သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်း မွေးဖွားသူများ

ငွေကြေးကိစ္စနဲ့ပတ်သက်ပြီး အရင်းနှီးဆုံးမိတ်ဆွေသူငယ်ချင်းတွေနဲ့ကြားမှာ အထင်အမြင်လွဲ စရာလေးတွေ ကြုံရတတ်တယ်။ ပြဿနာကို စိတ်လိုက်မာန်ပါ မဖြေရှင်းပါနဲ့။ အချိန်ခဏစောင့်ပါ။ ပြေ လည်သွားမှာပါ။ အချစ်ရေးမှာ နားလည်မှုရှိသူကြောင့် စိတ်ချမ်းသာနေရမယ်။

ယတြာ။         ။ မွေးရက်မှာ သစ်ပင် ၃ ပင်စိုက်ပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

လုပ်ကိုင်သမျှ ပေါက်မြောက်အောင်မြင်နေတာကြောင့် စိတ်ချမ်းသာနေရမယ့်ကာလဖြစ်ပါ တယ်။ ငွေဝင်များသလို လူမှုရေးကိစ္စတွေများနေတာကြောင့် ငွေထွက်လည်း ကြမ်းနေမယ်။ အမွေရ ကိန်း၊ ထီပေါက်ကိန်းရှိတယ်။ ထီထိုးပါ။ အချစ်ရေး နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးနံထောင့်မှာ ရွှေပန်း၊ ငွေပန်းကပ်လှူပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

ပျော်စရာနဲ့ စိတ်ညစ်စရာတွေ ဒွန်တွဲနေတဲ့ ကာလဖြစ်ပါတယ်။ အခက်အခဲတွေကို စိတ်ရှည် ရှည်ထားပြီး ကျော်ဖြတ်ဖို့ အရေးကြီးပါတယ်။ မုန်တိုင်းတွေပြီးရင် လေပြေတိုက်ခတ်လာမှာမို့ အောင် မြင်မှုတွေက သင့်ကို စောင့်ကြိုနေပါတယ်။ အချစ်ရေး သာယာပါတယ်။

ယတြာ။         ။ မွေးရက်မှာ သူငယ်ချင်းတွေကို ဒံပေါက်ကျွေးပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်း မွေးဖွားသူများ

နာမည်ဂုဏ်သတင်းကျော်ဇောမယ့် ကာလဖြစ်ပါတယ်။ လုပ်ကိုင်သမျှ အရာထင်အောင်မြင် မယ်။ ရပ်ဝေးခရီးသွားရမယ်။ မိတ်ဆွေသူငယ်ချင်းအသစ်တွေ ရရှိမယ်။ ကျန်းမာရေးအနေနဲ့ အာရုံ ကြောအားနည်းရောဂါ ခံစားရတတ်တယ်။ အချစ်ရေး ကံကောင်းပါတယ်။

ယတြာ။         ။ သစ်သီး ၉ မျိုး ဘုရားလှူပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်း မွေးဖွားသူများ

ငွေကြေးအရှုပ်အရှင်းကိစ္စနဲ့ မိတ်ဆွေအချင်းချင်း စိတ်ဝမ်းကွဲရတတ်တယ်။ ငွေအချေးအငှား ဆင်ခြင်သတိပြုပါ။ ဘယ်လောက်ရင်းနှီးသူဖြစ်ပါစေ၊ ငွေပမာဏများရင် စာချုပ်စာတမ်းနဲ့ ချေးငှားပါ။ ပညာရေးဘက်လေ့လာလိုက်စားသူများ အထူးအောင်မြင်မယ်။ အချစ်ရေးမှာ ရန်ဖြစ်လိုက် ပြန်ချစ် လိုက်ဖြစ်နေမယ်။

ယတြာ။         ။ မွေးရက်မှာ ပရဟိတတစ်ခုလုပ်ပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )

ဇန်နဝါရီလ (၂၁)ရက်မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်း မွေးဖွားသူများ

အဆင်မပြေမှုတွေ ကျော်လွန်ပြီး ပျော်ရွှင်မှုတွေနဲ့ ရှေ့ဆက်ရမယ့် ကာလဖြစ်ပါတယ်။ ဆွေမျိုး အကြီးအကဲတွေရဲ့ ကူညီစောင့်ရှောက်မှုတွေကို လက်ခံရရှိမယ်။ တနင်္ဂနွေနံနဲ့စတဲ့ လုပ်ငန်းတွေ အ ထူးအကျိုးပေးမယ်။ စုပေါင်းလုပ်ငန်းတွေ အောင်မြင်မယ်။ အချစ်ရေး နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးနံထောင့်မှာ စံပယ်ပန်းကပ်လှူပါ။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

ပျော်စရာကိစ္စလေးတွေလျှော့ပြီး အလုပ်ကို ပိုအာရုံစိုက်သင့်တဲ့ကာလဖြစ်ပါတယ်။ အောင်မြင် မှုတွေက စောင့်ကြိုနေတာမို့ ကြိုးစားမှုကို နှစ်ဆတိုးမြှင့်ဖို့လိုပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး ယှဉ်ပြိုင် တိုက်ခိုက်မှုတွေလည်း တွေ့ကြုံရမယ်။ အချစ်ရေး အဆင်ပြေပါတယ်။

ယတြာ။         ။ မွေးနံထောင့်မှာ ရွက်လှပန်းကပ်လှူပါ။

တိုက်ဆိုင်တာလေးတွေပါနေတယ်ဆိုရင် SHARE လိုက်ပါဦးနော်။