၂ဝ၁၈၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဒီဇင်ဘာ ၁ဝ ရက်နေ့မှ ၁၆-ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

အသွားမတော်တစ်လှမ်းဆိုသလို ခရီးအသွားမတော်တာကြောင့် သူများအမှုကြားမှာ ဝင်ပါရ တတ်တယ်။ အပေါင်းအသင်း သတိပြုပါ။ စီးပွားရေးလုပ်ငန်းသစ်တွေ ထပ်ချဲ့ရမယ်။ အမြတ်အစွန်း များများရမယ်။ အချစ်ရေး နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ ဘေးဘယာတွေ ဝေးကွာဖို့ ဗယာကြော်ဆွမ်းလောင်းပါ။

၂။ ပြိဿရာသီဖွား (Taurus )

ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

အစစအရာရာ အဆင်ပြေပြီး ပျော်ရွှင်ရမယ့် ကာလဖြစ်ပါတယ်။ စီးပွားရေးမှာလည်း အဖက် ဖက်က ကူညီပံ့ပိုးမှုတွေ လက်ခံရရှိမယ်။ မမျှော်လင့်ဘဲ မိဘဘိုးဘွားအမွေအနှစ်ကို လက်ခံရရှိကိန်း ရှိတယ်။ အချစ်ရေး သာယာပါတယ်။

ယတြာ။         ။ သက်ကြီးရွယ်အိုတွေကို ငွေကြေးလှူပါ။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁) ရက်အတွင်း မွေးဖွားသူများ

အဝတ်အထည်၊ အစားအသောက်နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ အထူးအကျိုးပေးမယ့် ကာလဖြစ်ပါ တယ်။ စုပေါင်းစပ်ပေါင်းလုပ်ကိုင်ပါက ပိုမိုအမြတ်အစွန်းများမယ်။ မိသားစုဝင်တစ်ဦးရဲ့ ကျန်းမာရေးအတွက် ပူပန်ရမယ်။ ချစ်သူမရှိသေးသူများ စိတ်တူကိုယ်တူချစ်သူနဲ့တွေ့မယ်။

ယတြာ။         ။ မွေးရက်မှာ မိသားစုကို ဒံပေါက်ကျွေးပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

အဖိုးတန်ပစ္စည်းအပျောက်အရှရှိတတ်တယ်။ ဖုန်း၊ ငွေကြေးနဲ့ လက်ဝတ်ရတနာပစ္စည်းတွေကို သတိပြုသိမ်းဆည်းပါ။ ယာယီခရီးတိုတစ်ခုထွက်ရမယ်။ လုပ်ငန်းနဲ့ပတ်သက်ပြီး အဆက်အသွယ် ကောင်းတွေရရှိမယ့် ခရီးဖြစ်ပါတယ်။ အချစ်ရေးမှာ နားလည်မှုလေးတွေ ရရှိမယ်။
ယတြာ။         ။ မွေးရက်မှာ သူငယ်ချင်းတစ်ယောက်ကို ကြေးအိုးတိုက်ပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

ကျန်းမာရေးနဲ့ပတ်သက်ပြီး အစာအိမ်ဒုက္ခပေးတတ်တယ်။ အစားအသောက်ကို ဂရုစိုက်ပါ။ ပညာရေးဘက် လေ့လာလိုက်စားသူများ အထူးအောင်မြင်မှုရရှိမယ်။ နိုင်ငံရပ်ခြားအထိ ပညာတော် သင် သွားရမယ်။ အချစ်ရေး နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ လိုအပ်နေသူတစ်ဦးကို အကူအညီပေးပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ ကန်ရာသီဖွား (Virgo )     

သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်း မွေးဖွားသူများ

အလုပ်ထဲမှာ အတိုက်အခိုက်တွေ၊ အခက်အခဲတွေ ရှိနေပေမဲ့ ကူညီစောင့်ရှောက်မယ့် မိတ် ဆွေ၊ ဆရာသမားတွေလည်း များနေမယ့်ကာလဖြစ်ပါတယ်။ စိတ်မပူပါနဲ့။ မကြာခင်မှာ အခက်အခဲ တွေအားလုံး ပြေလည်သွားမှာပါ။ အချစ်ရေး သာယာပါတယ်။

ယတြာ။         ။ မွေးနံထောင့်မှာ ရွှေပန်း၊ ငွေပန်းကပ်လှူပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

စိတ်နဲ့ကိုယ်မကပ်ဘဲ အတန်ငယ်စိတ်လေနေမိမယ့် ကာလဖြစ်ပါတယ်။ ဖြစ်ချင်တာတွေများ ပြီး စိတ်သွားတိုင်းကိုယ်မပါသလို ခံစားနေရမယ်။ စိတ်မပူပါနဲ့။ မကြာခင်မှာ ဖြစ်ချင်တဲ့ ဆန္ဒတွေကို အကောင်အထည်ဖော်နိုင်မှာပါ။ အချစ်ရေး အဆင်ပြေပါတယ်။

ယတြာ။         ။ နေအိမ်ခြံဝင်းထဲ သစ်ပင်စိုက်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)   
အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

အဝေးရောက် ဆွေမျိုးသားချင်းတွေရဲ့ ကူညီစောင့်ရှောက်မှုတွေကို လက်ခံရရှိမယ့်ကာလဖြစ် ပါတယ်။ ရည်ရွယ်ထားတဲ့ စိတ်ကူးတွေကို တန်းစီအကောင်အထည်ဖော်နိုင်မယ်။ အသက်မွေးဝမ်း ကျောင်းပညာရပ်အသစ်တွေ ထပ်မံသင်ယူခွင့်ရရှိမယ်။ အချစ်ရေး နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးနံထောင့်မှာ စပယ်ပန်းကပ်လှူပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်း မွေးဖွားသူများ

အလှူ၊ မင်္ဂလာကိစ္စနဲ့ ပတ်သက်ပြီး ခရီးတွေ မကြာခဏထွက်ရကိန်းရှိတယ်။ လူမှုရေးကိစ္စတွေ များနေတာကြောင့် အလုပ်မှာ လစ်ဟင်းမှုတွေ ရှိနေမယ်။ ငွေကုန်ကြေးကျများမယ်။ နေအိမ်မှာ ပျော်စ ရာ ကိစ္စလေးတွေလည်း များနေမယ်။ အချစ်ရေး နေမြဲအတိုင်းပါပဲ။
ယတြာ။         ။ မွေးနံထောင့်မှာ ရွက်လှပန်းကပ်လှူပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်း မွေးဖွားသူများ

ချစ်သူနဲ့ မိသားစုကြားမှာ ဗျာများနေရမယ့်ကာလဖြစ်ပါတယ်။ အထင်လွဲစရာလေးတွေ တ ချို့ရှိပေမဲ့ စိတ်လိုက်မာန်ပါမဖြေရှင်းပါနဲ့။ ခေါင်းအေးအေးထားပြီး သေသေချာချာ ဖြေရှင်းပါ။ မကြာ ခင်မှာ အားလုံးအဆင်ပြေသွားမှာပါ။ ငွေဝင်ကိန်းရှိတယ်။ ထီထိုးပါ။

ယတြာ။         ။ မွေးရက်မှာ သစ်ပင်စိုက်ပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက်မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်း မွေးဖွားသူများ

အလုပ်ထဲမှာ မလိုမုန်းထား တိုက်ခိုက်သူတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေမိမယ့် ကာလဖြစ်ပါတယ်။ ရန်ကို ရန်ချင်းမတုံ့နှင်းပါနဲ့။ ပြဿနာတွေပိုကြီးထွားပြီး အလုပ်လုပ်ရတာ အ နှောင့်အယှက်ဖြစ်တတ်ပါတယ်။ အချစ်ရေး သာယာပါတယ်။

ယတြာ။         ။ မွေးရက်မှာ အဖြူရောင်အင်္ကျီဝတ်ပါ။

၁၂။ မိန်ရာသီဖွား (Pisces)

ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

ကိုယ်ရေးကိုယ်တာနဲ့ အလုပ်ကို သေချာခွဲထားသင့်တဲ့ ကာလဖြစ်ပါတယ်။ စိတ်ခံစားမှု တွေနောက် မလိုက်ဘဲ လုပ်သင့်တာကို လုပ်ရင် အလုပ်တွေ အောင်မြင်မှာပါ။ ကြာသပတေးနံနဲ့ စတဲ့လုပ်ငန်းတွေ ကြီးကြီးမားမား အကျိုးပေးမယ်။ အချစ်ရေး သင့်တင့်ပါတယ်။

ယတြာ။         ။ မွေးရက်မှာ ငွေ ၃ ထောင် ပံ့သကူပစ်ပါ။

တိုက်ဆိုင်တာလေးတွေပါနေတယ်ဆိုရင် SHARE လိုက်ပါဦးနော်။