မေမေ့ကို သင်ခန်းစာလှလှလေးတွေ သင်ပေးခဲ့တဲ့ ဘေဘီလေးသို့

blank

မေမေဗိုက်ထဲက ဘေဘီလေးရေ…

ဘေဘီလေး မေမေဗိုက်ထဲမှာ ရောက်နေပြီဆိုတာ စသိတဲ့နေ့က မေမေအရမ်းပျော်သွားခဲ့တယ်။ ဘေဘီလေး လောကကြီးထဲကို ရောက်လာမယ့် ၈ လအကြာကာလကိုလည်း ဗြုန်းဆိုပြီး မြန်မြန်ရောက်စေချင်ခဲ့တာပဲ။ ဒါပေမဲ့ ဘယ်ရပါ့မလဲနော်။ ဘေဘီလေးလောကကြီးကို ရောက်လာမယ့်နေ့ရက်တွေကို လက်ချိုးရေပြီးစောင့်ခဲ့တယ်။

လူတွေကပြောကြတယ် မိဘတွေက သားသမီးတွေကို သင်ပေးကြတဲ့ လက်ဦးဆရာတွေတဲ့။ မေမေ့အတွက်တော့ လောကကြီးထဲတောင်ရောက်မလာသေးတဲ့ ဘေဘီလေးဟာ မေမေ့ကို သင်ခန်းစာတွေကို အရင်ဆုံးသင်ပေးခဲ့တယ်လို့ ခံစားမိတယ်။ ဘေဘီလေးဟာ လောကကြီးကို ရောက်မလာခင်မှာတင် “အချစ်မှာမျက်စိမရှိ” ဆိုတဲ့ စကားလုံးလေးကို မေမေနားလည်စေခဲ့တယ်။ မေမေ့ရဲ့မေမေဟာလည်းပဲ မေမေ့မျက်နှာကို မမြင်ခင်ကတည်းက မေမေ့ကိုသိပ်ချစ်ခဲ့မှာပါလားဆိုတာကို ကိုယ်ချင်းစာမိသွားတယ်။ ဒါ့ကြောင့် ဘေဘီလေးဟာ မိခင်မေတ္တာရဲ့ အတိမ်အနက်ကိုမေမေ့ကို သိစေခဲ့သူလေးပေါ့။

မေမေဟာအရင်တုန်းက အမျိုးသမီးတစ်ယောက်ဆိုတဲ့ ခံစားမှုလေးပဲရှိခဲ့တယ်။ မိခင်ဖြစ်တော့မယ်ဆိုတဲ့အချိန်မှာ မျက်နှာမမြင်ရသေးတဲ့ ဘေဘီလေးအတွက် အပူအစပ်တွေရှောင်၊ အာဟာရပြည့်ဝတာတွေ စားသောက်ရင်း မိခင်ဖြစ်ရခြင်းဆိုတဲ့ တန်ဖိုးလေးကိုပါ သတိထားမိလာခဲ့တယ်။ ဒါ့ကြောင့်ဘေဘီလေးဟာ မေမေ့ကို မိခင်တစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေဆိုတာ ကလေးတွေလောကထဲရောက်မလာခင်ကတည်းက စတင်ခဲ့တာပါလားဆိုတာကို နားလည်စေခဲ့သူလေးပေါ့။

မိဘဖြစ်လာတော့မယ့်အချိန်မှာ ဘေဘီလေးအတွက် ဘာတွေလုပ်ပေးမယ်၊ မိဘကောင်းတစ်ယောက်ဖြစ်စေဖို့ ဘာတွေလုပ်ရမလဲဆိုတာကို သိဖို့အတွက် မေမေစာတွေအများကြီးဖတ်ဖြစ်တယ်။ အခြားဖေဖေမေမေတွေဆီက အတွေ့အကြုံလေးတွေကို မေးမြန်းဖြစ်တယ်။ ဘေဘီလေးကြောင့်မေမေဟာ ဗဟုသုတတွေကို ရှာဖွေတတ်တဲ့သူလေးဖြစ်လာခဲ့တာပေါ့။

ဘေဘီလေးရေ…

ဘေဘီလေးလောကထဲရောက်လာမယ့်နေ့ရက်တွေကို မေမေနွေးထွေးစွာ ကြိုနေတယ်။ ဘေဘီလေးအတွက် ပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်တွေပေးနိုင်ဖို့ မေမေအတတ်နိုင်ဆုံး ဖန်တီးပုံဖော်ထားတယ်။ ချစ်ခြင်းမေတ္တာတွေ အများကြီးစုဆောင်းထားတယ်။ ဘေဘီလေးအတွက် ကျန်းမာပျော်ရွှင်တဲ့နေ့ရက်တွေကို ပေးနိုင်ဖို့ ကောင်းကောင်းအိပ်တယ်၊ အာဟာရပြည့်ဝတာတွေ စားတယ်၊ စိတ်ချမ်းသာအောင်နေတယ်လေ။ ဘေဘီလေးသိလား။ ဘေဘီလေးကိုချစ်တဲ့ မေမေတစ်ယောက် ဘေဘီလေးအတွက် အာဟာရဓာတ်တွေ အစုံအလင်ပါတဲ့ Obimin ကို တစ်နေ့တစ်လုံးသောက်တယ်လေ။

စာချစ်သူတို့ရဲ့ ခံစားမှုရသအတွက် ဂန္ထဝင်မဂ္ဂဇင်းနဲ့ Obimin တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။