၂ဝ၁၈၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဒီဇင်ဘာ ၃ ရက်နေ့မှ ၉-ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

ဘဝကို ရှုထောင့်သစ်ကနေ ကြည့်ရမယ့်ကာလ ဖြစ်ပါတယ်။ နည်းလမ်းဟောင်းတွေက ခွဲ ထွက်ပြီး အသစ်အဆန်းတွေလုပ်ကြည့်ပါ။ တီထွင်ဖန်တီးမှုပြုလုပ်ရတဲ့ ပညာရပ်များ အထူးအကျိုး ပေးမယ်။ ကြီးကြီးမားမား အောင်မြင်မှုတွေ ရရှိပါမယ်။  အချစ်ရေး နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ နာမကျန်းသူတစ်ဦးကို ဆေးဝါးဒါနပြုပါ။

၂။ ပြိဿရာသီဖွား (Taurus )

ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

စိတ်ကူးယဉ်မှုတွေ ရပ်တန့်ပြီး လက်တွေ့ကျကျ လုပ်ဆောင်ရမယ့် အချိန်ဖြစ်ပါတယ်။ အခွင့် အလမ်းကောင်းတွေက ရှေ့မှာ ဆီးကြိုနေပါတယ်။ အခက်အခဲတချို့ရှိပေမဲ့ အားပေးကူညီသူတွေရှိနေ တာကြောင့် ကျော်လွှားနိုင်မှာပါ။ အချစ်ရေး သာယာပါတယ်။

ယတြာ။         ။ မွေးရက်မှာ ပံ့သကူပစ်ပါ။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁) ရက်အတွင်း မွေးဖွားသူများ

အချစ်ရေး၊ မိသားစုအရေး၊ မိတ်ဆွေသူငယ်ချင်းပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီး အ ကျိုးထူးတွေ ခံစားရမယ့်ကာလဖြစ်ပါတယ်။ စီးပွားရေးမှာ ငွေဝင်သလောက် ငွေထွက်လည်း ကြမ်းနေ မယ်။ ချွေတာမှ စိတ်ပင်ပန်းသက်သာပါမယ်။ အချစ်ရေးမှာ စိတ်ဝင်စားနေသူထံက အဖြေကောင်းရရှိ မယ်။

ယတြာ။         ။ ပရဟိတတစ်ခုလုပ်ပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

အနာဂတ်အရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုနိုင်မယ့် ကာလဖြစ်ပါတယ်။ ငွေဝင်ကိန်း၊ ထီပေါက်ကိန်းရှိတယ်။ ငွေကြေးသေချာစုဆောင်းနိုင်မယ်။ ကူညီစောင့်ရှောက်မယ့် ဆရာသမား ကောင်းတွေ တွေ့မယ်။ ချစ်သူမရှိသေးသူများ ချစ်သူတွေ့မယ်။

ယတြာ။         ။ စာသင်သံဃာတစ်ပါးကို စာရေးကိရိယာလှူဒါန်းပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

စိတ်ကသိကအောက်ဖြစ်စရာတွေ ပြေလည်ပြီး ပျော်ရွှင်စရာလေးတွေ ကြုံတွေ့ရမယ့် ကာလ ပါ။ အစစအရာရာ အဆင်ပြေနေမယ်။ မိသားစုပျော်စရာခရီးလေးတွေ ထွက်ရမယ်။ နေအိမ်သစ်ပြုပြင် ရမယ်။ ကျန်းမာရေးအနေနဲ့ အာရုံကြောနဲ့ပတ်သက်တာတွေ ဂရုစိုက်ပါ။
ယတြာ။         ။ တိရိစ္ဆာန်ပြုစုစောင့်ရှောက်ရေး ဂေဟာမှာ ငွေကြေးလှူဒါန်းပါ။

၆။ ကန်ရာသီဖွား (Virgo )     
သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်း မွေးဖွားသူများ

အတန်ငယ်စိတ်လေနေမယ့်ကာလ ဖြစ်ပါတယ်။ စိတ်ပါဝင်စားတာတွေကို ကြိုးစားလုပ်ကြည့် ပါ။ အောင်မြင်မှုတွေက သင့်ကို ဆီးကြိုနေပါတယ်။ မိသားစုအကြီးအကဲ ကျန်းမာရေး ဂရုစိုက်ပါ။ အချစ်ရေးမှာ အချစ်ဟောင်းနဲ့ ပြန်ဆုံရတတ်တယ်။

ယတြာ။         ။ သက်ကြီးရွယ်အိုတွေကို အားဆေး၊ ငွေကြေးလှူဒါန်းပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

မရည်ရွယ်ဘဲ ပြောမိတဲ့စကားတစ်ခွန်းကြောင့် ပြဿနာတစ်သီကြီး ရှင်းရတတ်တယ်။ စကား အပြောအဆို ဆင်ခြင်သတိပြုပါ။ စီးပွားရေး လုပ်ငန်းတွေ အဆင်ပြေမယ်။ ငွေကြေး အမြတ်အစွန်း များမယ်။ အချစ်ရေး နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးနံထောင့်မှာ ရေသပ္ပာယ်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)   

အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

အနာဂတ်အတွက် ချမှတ်ထားတဲ့ အစီအစဉ်လေးတွေကို တစ်ခုချင်းစီ အကောင်အထည် ဖော် နိုင်မယ့်ကာလဖြစ်ပါတယ်။ အဝေးရောက်မိတ်ဆွေ၊ ဆရာသမားကောင်းတွေရဲ့ ကူညီစောင့်ရှောက်မှု ကို လက်ခံရရှိမယ်။ အချစ်ရေးမှာ နားလည်မှုရှိသူနဲ့ တွေ့မယ်။

ယတြာ။         ။ ခုနစ်ရက်သားသမီးတွေကို မေတ္တာပို့ပါ။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်း မွေးဖွားသူများ

အပြောင်းအလဲသစ်တွေနဲ့ တွေ့ကြုံရမယ့် ကာလဖြစ်ပါတယ်။ အဆိုးအကောင်းဒွန်တွဲနေတာ ကြောင့် အရာရာကို ကြိုးစားကျော်ဖြတ်ဖို့ အားတင်းပါ။ မကြာခင်မှာ အခက်အခဲတွေ အားလုံးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်မှာပါ။ အချစ်ရေး နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ လိုအပ်နေသူတွေကို ငွေကြေးကူညီပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်း မွေးဖွားသူများ

ကြန့်ကြာနေတဲ့ ကြွေးဟောင်းတွေ ရရှိမယ့် ကာလဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းသစ်တွေ ထပ်မံတိုးချဲ့ရမယ်။ ခရီးဝေးထွက်ရမယ်။ အောင်မြင်မှုတွေ သယ်ဆောင်လာတဲ့ ခရီးဖြစ်ပါတယ်။ အချစ်ရေးမှာ အနေဝေးလို့ သွေးအေးနေမယ်။

ယတြာ။         ။ ငွေ ၅ဝဝဝ ကျပ် ပံ့သကူပစ်ပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက်မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်း မွေးဖွားသူများ

ရည်ရွယ်ချက်တွေ ပြီးမြောက်အောင်မြင်မယ့် ကာလဖြစ်ပါတယ်။ အခက်အခဲတွေကို မမှုဘဲ ကြိုးစားကျော်ဖြတ်လိုက်ပါ။ တနင်္လာနံနဲ့စတဲ့ လုပ်ငန်းတွေ အထူးအကျိုးပေးမယ်။ ကျန်းမာရေးအနေနဲ့ အစာအိမ်ဝေဒနာခံစားရတတ်တယ်။ ဂရုစိုက်ပါ။

ယတြာ။         ။ မွေးရက်မှာ သူငယ်ချင်းကို ကြေးအိုးတိုက်ပါ။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

မိသားစုဝင်တစ်ဦးရဲ့ အောင်မြင်မှုအတွက် ပျော်ရွှင်ရမယ့် ကာလဖြစ်ပါတယ်။ နေအိမ်သစ်ပြု ပြင်ရမယ်။ နေအိမ်ကို အဖိုးတန်စက်ပစ္စည်းတွေ ဝင်မယ်။ ထီပေါက်ကိန်းရှိတယ်။ ထီထိုးပါ။ အချစ်ရေး မှာ နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ ငါးသက်စေ့လွှတ်ပါ။

တိုက်ဆိုင်တာလေးတွေပါနေတယ်ဆိုရင် SHARE လိုက်ပါဦးနော်။