၁။ မိဿရာသီဖွား (Aries )
မတ်လ (၂၁) မှ ဧပြီလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ
အရင်းနှီးဆုံးမိတ်ဆွေသူငယ်ချင်းတွေရဲ့ အလှူ၊ မင်္ဂလာကိစ္စတွေနဲ့ အလုပ်များနေမယ့် ကာလ ဖြစ်ပါတယ်။ ခရီးတွေထွက်ရမယ်။ လူမှုရေးကိစ္စတွေနဲ့ ငွေကုန်ကြေးကျများနေတာကြောင့် စိတ်မော နေရမယ်။ ချစ်သူမရှိသေးသူများ ချစ်သူတွေ့မယ်။
ယတြာ။ ။ မွေးရက်မှာ ချစ်ခင်သူတွေနဲ့ ဘုရားသွားပါ။
၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁) မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ
မိသားစုအတွင်း အပြောင်းအလဲတွေနဲ့ ပြည့်နေမယ့် ကာလဖြစ်ပါတယ်။ လုပ်ကိုင်သမျှလုပ်ငန်း တိုင်းမှာလည်း အောင်မြင်မှု ရရှိနေမယ်။ ငွေဝင်မယ်။ မိတ်ဆွေသူငယ်ချင်းအသစ်တွေ ရရှိမယ်။ နေ အိမ်သစ်ဆောက်ရမယ်။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။
ယတြာ။ ။ အိမ်နီးချင်းတွေကို သစ်သီးလက်ဆောင်ပေးပါ။
၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁) ရက်အတွင်း မွေးဖွားသူများ
သူများပြောတိုင်း ယုံကြည်တတ်တဲ့ အကျင့်ကြောင့် အလိမ်ခံရကိန်း ရှိပါတယ်။ ရွှေငွေလိုမျိုး တန်ဖိုးကြီးတဲ့ပစ္စည်းတွေကို ချေးငှားပေးတာမျိုး သတိပြုပါ။ တနင်္လာနံနဲ့ စတဲ့လုပ်ငန်းတွေ အကျိုးပေး မယ်။ အချစ်ရေး သာယာပါတယ်။
ယတြာ။ ။ မွေးရက်မှာ စောစောထပြီး မေတ္တာသုတ်ရွတ်ပါ။
၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ
ဖြစ်ချင်တာနဲ့ ဖြစ်လာတာတွေ ထပ်တူကျနေတာကြောင့် ပျော်ရွှင်ရမယ့် ကာလဖြစ်ပါတယ်။ ရည်မှန်းချက်တွေကို နှစ်ဆတိုးပြီး ကြိုးစားအကောင်အထည်ဖော်ပါ။ အောင်မြင်မှုတွေက သင့်ကို စောင့်ကြိုနေပါတယ်။ အချစ်ရေးမှာ အနေဝေးလို့ သွေးအေးနေမယ်။
ယတြာ။ ။ သီလရှင်တစ်ပါးကို ဆွမ်းဆန်စိမ်းတစ်ပြည်လှူပါ။
၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ
ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကြားမှာ ဒွိဟဖြစ်နေမယ့် ကာလဖြစ်ပါတယ်။ အရေးကြီးတဲ့ ဆုံးဖြတ် ချက်တွေကို မိသားစု၊ ဆရာသမားတွေနဲ့ အရင်တိုင်ပင်ပါ။ အကြံဉာဏ်ကောင်းတွေ ရရှိမှာပါ။ နေအိမ် ကို ညအိပ်ညနေ ဧည့်သည်လာတည်းမယ်။ ထီထိုးပါ။
ယတြာ။ ။ နာမကျန်းသူတစ်ဦးကို ဆေးဒါနပြုပါ။
၆။ ကန်ရာသီဖွား (Virgo )
သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်း မွေးဖွားသူများ
ပညာရေးလေ့လာလိုက်စားသူများ ရပ်ဝေးမြေခြားအထိ ပညာတော်သင်သွားရမယ်။ အောင် မြင်မှုတွေ ရရှိမယ်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးမယ်။ မိသားစုအတွင်း ပျော်စရာသတင်းကောင်းကြား ရမယ်။ အချစ်ရေး နေမြဲအတိုင်းပါပဲ။
ယတြာ။ ။ ဆေးရုံတစ်ခုမှာ ဆန်ပြုတ်အာဟာရဒါနပြုပါ။
၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ
အကြာကြီးမျှော်လင့်ထားခဲ့တဲ့ အိပ်မက်တွေ အကောင်အထည်ပေါ်လာမယ့် ကာလဖြစ်ပါ တယ်။ ကြိုးစားခဲ့ရသလောက် အောင်မြင်မှုအသီးအပွင့်တွေကလည်း ချိုမြိန်မယ်။ ကျန်းမာရေးအနေနဲ့ အကြောအဆစ်နဲ့ပတ်သက်ပြီး ဝေဒနာခံစားရတတ်တယ်။ အချစ်ရေးမှာ မျှော်လင့်နေသူဆီက ပျော် စရာကောင်းတဲ့ တုံ့ပြန်မှုကို ရရှိမယ်။
ယတြာ။ ။ နေအိမ်ရှေ့မှာ အရိပ်ရပင်စိုက်ပါ။
ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ
စိန်ခေါ်မှုတွေကို ကျော်လွှားရမယ့် ကာလဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ ဦးဆောင်ဦးရွက်ပြုရ မယ်။ အခက်အခဲတွေကို နောက်မတွန့်ဘဲ ရဲရဲရင်ဆိုင်ကျော်လွှားလိုက်ပါ။ အောင်မြင်မှုတွေက သင့်ကို စောင့်ကြိုနေပါတယ်။ အချစ်ရေးမှာ နားလည်မှုရှိသူနဲ့ ဆုံစည်းမယ်။
ယတြာ။ ။ လမ်းဘေးခွေးတွေကို ထမင်းဟင်းကျွေးပါ။
၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်း မွေးဖွားသူများ
ကွဲကွာနေတဲ့ မိတ်ဆွေသူငယ်ချင်းဟောင်းတွေနဲ့ မမျှော်လင့်ဘဲ ပြန်ဆုံရတတ်တဲ့ ပျော်စရာကာ လဖြစ်ပါတယ်။ ငွေကြေးကံကောင်းနေပါတယ်။ မိဘဘိုးဘွားတွေဆီက အမွေရကိန်း၊ ထီပေါက်ကိန်း တွေရှိတယ်။ ထီထိုးပါ။ အချစ်ရေးမှာ အွန်လိုင်းချစ်သူနဲ့ ဆုံစည်းရတတ်တယ်။
ယတြာ။ ။ မွေးနံထောင့်မှာ ရေသပ္ပာယ်ပါ။
၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်း မွေးဖွားသူများ
အပြောင်းအလဲသစ်တွေနဲ့ ရှေ့ဆက်ရမယ့်ကာလ ဖြစ်ပါတယ်။ အချစ်ရေး၊ စီးပွားရေး၊ မိသား စုအရေး ပြောင်းလဲမှုတွေ အများကြီးကြုံရမယ်။ အဆိုးအကောင်းတွေရောနှောနေတာကြောင့် စိတ် ရှည်ရှည်နဲ့ ကျော်ဖြတ်ဖို့ လိုပါတယ်။ မကြာခင်မှာ အားလုံးအဆင်ပြေသွားမှာပါ။
ယတြာ။ ။ မွေးရက်မှာ ကြာဆန်ကြော်ဆွမ်းလောင်းပါ။
၁၁။ ကုမ်ရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက်မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်း မွေးဖွားသူများ
စက်ပစ္စည်းနဲ့ပတ်သက်ပြီး ထူးထူးခြားခြားအကျိုးပေးမယ့် ကာလဖြစ်ပါတယ်။ ကား၊ ဆိုင်ကယ် ဝယ်ရောင်းလုပ်သူများ အမြတ်အစွန်းများမယ်။ ယာယီခရီးတိုတွေ ဆက်တိုက်ထွက်နေရမယ်။ အ ဆက်အသွယ်အသစ်တွေ ရရှိမယ်။ အချစ်ရေး နေမြဲအတိုင်းပါပဲ။
ယတြာ။ ။ မွေးရက်မှာ ငွေငါးထောင် ပံ့သကူပစ်ပါ။
၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်း မွေးဖွားသူများ
အဖိုးတန်ပစ္စည်းတွေ အပျောက်အရှရှိတတ်တယ်။ သေချာသတိပြုသိမ်းဆည်းပါ။ ပညာရေး ဘက်လေ့လာလိုက်စားသူများ နိုင်ငံရပ်ခြားအထိ ပညာတော်သင်သွားရကိန်းရှိတယ်။ အချစ်ရေးမှာ သုံးပွင့်ဆိုင်အဖြစ်ကြောင့် ရင်မောနေရမယ်။
ယတြာ။ ။ မွေးနံထောင့်မှာ စံပယ်ပန်းကပ်လှူပါ။
သင့်တစ်ပတ်တာ အဆိုးအကောင်းအကျိုးအကြောင်းလေးတွေ သိရဖို့ ဒီစာစောင်လေးကို LIKE & SHARE လေးလုပ်ထားပါဦးနော်။