၂ဝ၁၈ ၏အပတ်စဉ်ဂန္ထဝင်ဗေဒင် (စက်တင်ဘာလ ၂၄-ရက်နေ့မှ ၃ဝ-ရက်နေ့အထိ)

၁။ မိဿရာသီဖွား (Aries )
မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

အားထုတ်ကြိုးစားမှုတွေရဲ့ ရလဒ်ကောင်းတွေကို ထိုက်ထိုက်တန်တန် ခံစားခွင့်ရမယ့်ကာလ ဖြစ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက လစာတိုးကိန်း၊ ရာထူးတိုးကိန်းတွေ ရှိတယ်။ ကျန်းမာရေးအနေနဲ့ အစာ အိမ်ဒုက္ခပေးတတ်တယ်။ အစားအသောက်အချိန်မှန်အောင် ဂရုစိုက်ပါ။ အချစ်ရေးမှာ သာယာပါတယ်။

ယတြာ။         ။ မွေးနံထောင့်မှာ စံပယ် ၃ ကုံးလှူပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

တာဝန်ယူမှုမရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေကြောင့် အလုပ်မှာ ပိုပင်ပန်းနေရမယ်။ အစားအ သောက်နဲ့ အိပ်ချိန်မမှန်တာကြောင့် ကျန်းမာရေးချို့ယွင်းတတ်တယ်။ သတိပြုပါ။ အချစ်ရေးမှာ အ လိုက်သိတတ်တဲ့ချစ်သူကြောင့် စိတ်ချမ်းသာနေရမယ်။

ယတြာ။         ။ မွေးရက်မှာ ငါးသက်စေ့လွှတ်ပါ။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁) ရက်အတွင်း မွေးဖွားသူများ

ပိုမိုကောင်းမွန်တဲ့ ဘဝအချိုးအကွေ့တွေဆီ ရောက်ရှိနိုင်မယ့် ကာလဖြစ်ပါတယ်။ ပျော်ရွှင်စရာ ခရီးတိုလေးတွေ ထွက်ရမယ်။ ငွေဝင်မယ်။ စက်ပစ္စည်းနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ အထူးအကျိုးပေး မယ်။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ သူငယ်ချင်းတွေကို မုန့်ကျွေးပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

အများကို ဦးဆောင်လုပ်ကိုင်ရတဲ့ကိစ္စတွေ အကျိုးပေးနေမယ်။ ကြိုးစားခြင်းတွေနဲ့ သင့်အစွမ်း အစကို ပြသလိုက်ပါ။ ပိုမိုကောင်းမွန်တဲ့ အောင်မြင်မှုအခွင့်အလမ်းတွေ ရောက်ရှိလာမှာပါ။ ငွေစုမိ မယ်။ နေအိမ်သစ်ပြုပြင်ရမယ်။ လူပျိုကြီးအပျိုကြီးဖြစ်ပါက ချစ်သူတွေ့မယ်။

ယတြာ။         ။ မွေးရက်မှာ ခိုစာကျွေးပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

အဝေးရောက် မိတ်ဆွေသူငယ်ချင်းတွေဆီက သတင်းကောင်းကြားရမယ်။ စီးပွားရေးနဲ့ပတ် သက်ပြီး ချဲ့ထွင်ဖို့ စိတ်ကူးသစ်တွေရရှိမယ်။ ရင်းနှီးမြှုပ်နှံဖို့ ငွေကြေးစိုက်ထုတ်ပေးမယ့်သူတွေ တွေ့ မယ်။ အစားအသောက်နဲ့ ပတ်သက်တဲ့လုပ်ငန်းတွေ အကျိုးပေးမယ်။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးနံထောင့်မှာ ရေသက်စေ့လှူပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ ကန်ရာသီဖွား (Virgo )  
သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်း မွေးဖွားသူများ

နာမည်သတင်းကောင်းတွေ မွှေးပျံ့မယ့်ကာလဖြစ်ပါတယ်။ လုပ်ကိုင်သမျှ အောင်မြင်ပြီး လူ ချစ်လူခင်လည်း များနေမယ်။ အလှူအတန်းကိစ္စတွေ ပြုလုပ်ရမယ်။ မိဘဘိုးဘွားတွေရဲ့ အမွေအနှစ် ကောင်းတွေ ခံစားရရှိမယ်။ အချစ်ရေးမှာ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဖြစ်နေမယ်။

ယတြာ။         ။ မွေးရက်မှာ သက်သတ်လွတ်စားပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

စိတ်ဓာတ်တွေ အတက်အကျမြန်ပြီး အလုပ်ထဲ အာရုံနှစ်လို့မရဘဲဖြစ်နေတဲ့ ကာလဖြစ်ပါ တယ်။ စိတ်လေသလိုဖြစ်နေတာကြောင့် အလုပ်တွေလည်း နှောင့်နှေးကြန့်ကြာနေမယ်။ သိပ်စိတ်မပူ ပါနဲ့။ မကြာခင်မှာ ရစရာရှိတာတွေရပြီး ပြေလည်သွားမှာပါ။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ အစိမ်းရောင်အင်္ကျီဝတ်ဆင်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

မနာလိုသွေးထိုးတတ်သူတစ်ဦးကြောင့် အရင်းနှီးဆုံးမိတ်ဆွေသူငယ်ချင်းတွေနဲ့ ဆက်ဆံရေး မှာ အထင်လွဲစရာလေးတွေ ဖြစ်တတ်တယ်။ စိတ်လိုက်မာန်ပါနဲ့ အရွဲ့မတိုက်ပါနဲ့။ ပြဿနာတွေ ပိုမို ကြီးထွားကုန်တတ်တာကြောင့် အေးအေးဆေးဆေးဖြေရှင်းပါ။ အချစ်ရေးမှာ စိတ်ချမ်းသာရမယ်။

ယတြာ။         ။ မွေးရက်မှာ ပရဟိတတစ်ခုလုပ်ပါ။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်း မွေးဖွားသူများ

ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကြားမှာ ဝေခွဲမရဘဲ ဗျာများနေရမယ့် ကာလဖြစ်ပါတယ်။ ပညာရေး ဘက်လေ့လာလိုက်စားသူများ အထူးအောင်မြင်မှုရရှိမယ်။ နိုင်ငံရပ်ခြားအထိ ပညာတော်သင်သွား ရောက်ဖို့ အခွင့်အလမ်းကောင်းတွေ တွေ့မယ်။ အချစ်ရေးမှာ စန်းပွင့်သူနဲ့ ဆုံမယ်။

ယတြာ။         ။ မွေးရက်မှာ သစ်ပင်စိုက်ပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်း မွေးဖွားသူများ

နောက်ကျောကို ဓားနဲ့ထိုးတတ်တဲ့သူတစ်ဦးကြောင့် စိတ်ဆင်းရဲရမယ့်ကာလဖြစ်ပါတယ်။ အပြောအဆို၊ အနေအထိုင်မမှားအောင် အထူးသတိပြုပါ။ ငွေဝင်ကိန်း ကြီးကြီးမားမား ရှိနေပါတယ်။ ထီထိုးပါ။ အချစ်ရေးမှာ မျှော်လင့်ထားတာထက် ပိုကောင်းတဲ့ရလဒ်ကို ပိုင်ဆိုင်ရမှာပါ။

ယတြာ။         ။ မွေးရက်မှာ သူငယ်ချင်းတွေကို လက်ဆောင်တစ်ခုခုပေးပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )

ဇန်နဝါရီလ (၂၁)ရက်မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်း မွေးဖွားသူများ

ရုန်းကန်နေရချိန်တွေလွန်မြောက်ပြီး သက်တောင့်သက်သာနဲ့ ပျော်ရွှင်ရတော့မယ့် ကာလဖြစ် ပါတယ်။ စိတ်ညစ်စရာတွေကို ကူညီဖြေရှင်းပေးမယ့်သူတွေ ပေါ်မယ်။ ပျော်စရာခရီးရှည်တစ်ခု ထွက်ရ မယ်။ အချစ်ရေးမှာ အရပ်ရှည်သူနဲ့ဆုံစည်းရတတ်တယ်။

ယတြာ။        ။ မွေးရက်မှာ သပြေပန်းလှူပါ။

၁၂။ မိန်ရာသီဖွား (Pisces)

ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

ကြိုးစားမှုတွေအားလုံးရဲ့ ရလဒ်တွေကို ခံစားရရှိမယ့်ကာလ ဖြစ်ပါတယ်။ ဆရာသမားကောင်း၊ မိတ်ဆွေကောင်းတွေရဲ့ အကျိုးကျေးဇူးကို ကြီးကြီးမားမားခံစားရရှိမယ်။ မိဘအကြီးအကဲ ကျန်းမာရေး ဂရုစိုက်ပါ။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ လမ်းဘေးခွေးတွေကို အစာကျွေးပါ။

တိုက်ဆိုင်တာလေးတွေပါနေတယ်ဆိုရင် SHARE လိုက်ပါဦးနော်။