၂ဝ၁၈၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (စက်တင်ဘာ ၁ဝ-ရက်နေ့မှ ၁၆ ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
မတ်လ (၂၁) မှ ဧပြီလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

မရည်ရွယ်ဘဲပြောမိတဲ့စကားတစ်ခွန်းကြောင့် ချစ်ခင်ရင်းနှီးသူတွေနဲ့ အထင်လွဲစရာဖြစ်တတ် တယ်။ အပြောအဆို သတိပြုပါ။ နေအိမ်မှာ မင်္ဂလာကိစ္စဖြစ်ပေါ်တတ်တယ်။ အလှူ၊ မင်္ဂလာ၊ မွေးနေ့ တွေ ကျင်းပရမယ်။ ခရီးယာယီရှိတယ်။ အချစ်ရေး နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ နေအိမ်ရှေ့လမ်းပေါ် သန့်ရှင်းရေးလုပ်ပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

ခက်ခက်ခဲခဲကြိုးစားနေရတဲ့ကိစ္စတွေ အကောင်အထည်ပေါ်လာမယ့် ပျော်စရာကာလပါ။ သင့် ရဲ့လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုခံရမယ်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးမယ်။ အထက်လူကြီး ချီးမြှင့်မြှောက်စားမယ်။ လစာတိုးမယ်။ အချစ်ရေးမှာ ရပ်ဝေးကလူနဲ့ဖူးစာဆုံမယ်။

ယတြာ။         ။ မွေးရက်မှာ ငါးလွှတ်ပါ။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁) ရက်အတွင်း မွေးဖွားသူများ

နောက်ကျောကနေ ဓားနဲ့ထိုးတဲ့သူငယ်ချင်းကြောင့် ကြိုးစားထားသမျှတွေ အလဟဿဖြစ် တတ်တယ်။ အပေါင်းအသင်းယုံလွယ်တတ်တဲ့အကျင့်ကို ဖျောက်ပါ။ ငွေကြေးနဲ့ပတ်သက်ပြီး လက် မလွန်၊ နှုတ်မကျွံမိပါစေနဲ့။ အချစ်ရေးမှာ နားလည်မှုရှိသူကြောင့် စိတ်ချမ်းသာနေရမယ်။

ယတြာ။         ။ မွေးရက်မှာ သစ်ပင်စိုက်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

အဝေးရောက်မိတ်ဆွေသူငယ်ချင်းတွေရဲ့ ချစ်ခင်စောင့်ရှောက်မှုလေးတွေကို ခံယူရရှိမယ့် ကာလဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ တိုးချဲ့ရမယ်။ နယ်မြေသစ်ဆီ ခရီးဆန့်ရမယ်။ လုပ်ကိုင် သမျှ အရာထင်အဆင်ပြေနေတာကြောင့် ပျော်ရွှင်နေရမယ်။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ ပရဟိတတစ်ခုလုပ်ပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

        အနုပညာဝါသနာပါသူတွေအတွက် ကြီးမားတဲ့အခွင့်အရေးကောင်းတွေရရှိမယ့် ကာလဖြစ်ပါ တယ်။ ဆရာသမားကောင်းတွေ၊ ကူညီလက်တွဲခေါ်မယ့်သူတွေတွေ့မယ်။ ငွေကြေး၊ တန်ဖိုးကြီး ပစ္စည်းတွေ မတော်တဆကျပျောက်တတ်တယ်။ သတိပြုပါ။ အချစ်ရေးမှာ စိတ်ညစ်စရာလေးတချို့ ရှိမယ်။

ယတြာ။         ။ မွေးရက်မှာ ငှက်လွှတ်ပါ။

၆။ ကန်ရာသီဖွား (Virgo)   
သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်း မွေးဖွားသူများ

ဘဝအတွက် မျှော်လင့်မထားတဲ့အပြောင်းအလဲတွေနဲ့ ကြုံတွေ့ရမယ့်ကာလဖြစ်ပါတယ်။ ဆုံး ဖြတ်ချက်မှားယွင်းတတ်တာကြောင့် ဘဝရဲ့အရေးကြီးတဲ့ကိစ္စတွေမှာ မိဘ၊ ဆရာသမားတွေနဲ့ တိုင်ပင် ဆုံးဖြတ်ပါ။ အချစ်ရေးမှာ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ ဖြစ်နေမယ်။

ယတြာ။         ။ နာမကျန်းသူတစ်ဦးကို ဆေးဝါးဒါနပြုပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

ငွေကြေးကံအထူးကောင်းနေတဲ့ ကာလဖြစ်ပါတယ်။ အမွေရကိန်းရှိတယ်။ ထီထိုးပါ။ တနင်္လာနံ နဲ့စတဲ့လုပ်ငန်းတွေ အထူးအကျိုးပေးမယ်။ ကျန်းမာရေးအနေနဲ့ အစာအိမ်ဒုက္ခပေးတတ်တယ်။ သတိ ပြုပါ။ ချစ်သူမရှိသေးသူများ အောင်သွယ်ကောင်းမှုနဲ့ ချစ်သူတွေ့တတ်တယ်။

ယတြာ။         ။ လမ်းဘေးခွေးလေးတွေကို အစာကျွေးပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

        အဆင်ပြေခြင်း၊ မပြေခြင်းတွေ ဒွန်တွဲနေတဲ့ကာလဖြစ်ပါတယ်။ ကြိုးစားသမျှ မဖြစ်သေးပေမဲ့ ထင်မှတ်မထားတဲ့လုပ်ငန်းတစ်ခုက အကျိုးပေးနေမယ်။ ငွေကြေးကံကောင်းတယ်။ မိသားစုအကြီးအ ကဲ ကျန်းမာရေးဂရုစိုက်ပါ။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ နွမ်းပါးတဲ့သက်ကြီးရွယ်အိုတွေကို ငွေကြေးလှူပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်း မွေးဖွားသူများ

သင်လုပ်တာမဟုတ်ဘဲနဲ့ အထင်အမြင်လွဲခံရတတ်တယ်။ မလိုမုန်းထားသူတွေကို ရန်ကိုရန် ချင်း မတုံ့ပြန်ပါနဲ့။ ပြဿနာတွေပိုကြီးထွားလာတတ်ပါတယ်။ မှန်ကန်တဲ့နည်းလမ်းနဲ့သာ ဖြေရှင်းဖို့ ကြိုးစားသင့်ပါတယ်။ အချစ်ရေး သာယာပါတယ်။

ယတြာ။         ။ မွေးရက်မှာ သီလရှင်တစ်ပါးကို ဆန်တစ်ပြည်လှူပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂) မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်း မွေးဖွားသူများ

မိသားစုဝင်တစ်ဦးရဲ့ ပြဿနာကြောင့် စိတ်ဆင်းရဲရတတ်တယ်။ လူမှုရေးကိစ္စတွေများပြီး ငွေကုန်ကြေးကျတွေများနေမယ်။ အများနဲ့စုပေါင်းလုပ်ရတဲ့ စီးပွားရေးလုပ်ငန်းတွေ အကျိုးပေးနေမယ်။ သောကြာနံနဲ့စတဲ့လုပ်ငန်းတွေကို ရွေးချယ်ပါ။ အချစ်ရေးမှာ နားလည်မှုရှိသူနဲ့တွေ့မယ်။

ယတြာ။         ။ မွေးရက်မှာ အစိမ်းရောင်အင်္ကျီဝတ်ပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )

ဇန်နဝါရီလ (၂၁)ရက်မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်း မွေးဖွားသူများ

        နှလုံးသားရေးရာကိစ္စနဲ့ပတ်သက်ပြီး နာကျင်ခံစားရတတ်တဲ့ကာလဖြစ်ပါတယ်။ ချစ်တဲ့သူရဲ့ ဥပေက္ခာကြောင့် စိတ်တွေလေနေမယ်။ ငွေကြေးကံကောင်းပါတယ်။ ထီထိုးပါ။ နေအိမ်ကို စက် ပစ္စည်းအသစ်ဝင်မယ်။ ရပ်ဝေးဧည့်သည်လာမယ်။

ယတြာ။         ။ မွေးရက်မှာ လိုအပ်နေသူကို ငွေကြေးဒါနပြုပါ။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

ကြိုးစားမှုထက် ပိုများတဲ့အောင်မြင်မှုလေးတွေ ရရှိနေတာကြောင့် စိတ်ချမ်းသာနေရမယ်။ အလှူအတန်းတွေ ပြုရမယ်။ အကူအညီတောင်းသူတွေကို စိတ်ရှိသလောက် ကူညီခွင့်ရနေမယ်။ နေအိမ်သစ်ပြုပြင်ရမယ်။ ချစ်သူမရှိသေးသူများ ချစ်သူတွေ့မယ်။

ယတြာ။         ။ မွေးရက်မှာ တိရစ္ဆာန်လေးတွေကို ကျွေးမွေးပါ။

တိုက်ဆိုင်မှုလေးတွေပါနေရင် Like & Share လေးလုပ်လိုက်ပါ။