၂ဝ၁၈၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (သြဂုတ်- ၂၇ ရက်နေ့မှ ၂ ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
မတ်လ (၂၁) မှ ဧပြီလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

စိတ်ချယုံကြည်ထားတဲ့အရင်းနှီးဆုံးသူတစ်ယောက်ရဲ့ လိမ်လည်မှုကို ခံရတတ်တယ်။ အဖိုး တန်ပစ္စည်းတွေကို ချေးငှားဖို့ အယုံမလွယ်ပါနဲ့။ အကောင်းအဆိုးဒွန်တွဲနေတဲ့ကာလဖြစ်တာကြောင့် စေတနာထားခဲ့ဖူးသူတွေဆီက ကျေးဇူးတုံ့ပြန်မှုကောင်းတွေကိုလည်း လက်ခံရရှိမယ်။ အချစ်ရေး မျှော်မှန်းထားတဲ့သူဆီက အချစ်ကို ရရှိမယ်။
ယတြာ။        ။ မွေးရက်မှာ အိမ်သားတွေကို အအေးတိုက်ပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ      

အရာရာကို မသွားခင်၊ မစားခင်၊ မပြောခင် စဉ်းစားနိုင်မှ တော်ကာကျတဲ့ကာလဖြစ်ပါတယ်။ ဘာလုပ်လုပ်အလွဲလွဲအချော်ချော်လေးတွေဖြစ်နေတာကြောင့် စိတ်ညစ်နေရတတ်တယ်။ ငွေရင်း ကြီးမားတဲ့လုပ်ငန်းတွေ အကျိုးမပေးသေးပါ။ လုပ်ငန်းသေးသေးလေးတွေက ငွေပိုဝင်နေတတ်ပါ တယ်။ အချစ်ရေးမှာ နားလည်မှုလွဲပြီး သွေးအေးနေတတ်တယ်။
ယတြာ။        ။ မွေးရက်မှာ သက်ကြီးသီလရှင်တစ်ပါးကို ဆန် ၁ ပြည်လှူပါ။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁) ရက်အတွင်း မွေးဖွားသူများ

ထီဆုကြီးပေါက်တတ်တယ်။ အခင်မင်ဆုံးသူငယ်ချင်းတစ်ယောက်နဲ့ စပ်တူထီထိုးပါ။ အဝေး ရောက်ဆွေမျိုးမိတ်ဆွေတွေဆီက ကူညီထောက်ပံ့မှုတွေ ရရှိမယ်။  တနင်္လာနံနဲ့စတဲ့ လုပ်ငန်းသစ် တွေ လုပ်ကြည့်ပါ။ အကျိုးကျေးဇူးကောင်းတွေရရှိပါလိမ့်မယ်။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ လမ်းဘေးခွေးလေးတွေကို ထမင်းဟင်းကျွေးပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

အချိန်ဇယားတွေနဲ့ပြည့်ကျပ်ပြီး စိတ်မောလူမောဖြစ်နေရမယ့် ကာလဖြစ်ပါတယ်။ ပင်ပန်းသ လောက် အောင်မြင်မှုတွေလည်း ရရှိနေတာကြောင့် ငွေစုဆောင်းနိုင်မယ်။ အလှူအတန်းပြုဖို့ အခွင့် အရေးတွေပေါ်ပေါက်မယ်။ အချစ်ရေးမှာ နားလည်မှုရှိတဲ့အခြေအနေကြောင့် စိတ်ချမ်းသာနေရမယ်။

ယတြာ။                       ။ မွေးရက်မှာ အိမ်ခြံဝင်းထဲ အရိပ်ရပင်စိုက်ပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

        သင်အရှုံးမပေးဘဲ ကြိုးစားခဲ့တဲ့အရာတွေအတွက် ကောင်းကျိုးချမ်းသာတွေရရှိမယ့် ကာလ ဖြစ်ပါတယ်။ မိတ်ဆွေသစ်တွေတိုးပြီး ငွေကုန်ကြေးကျလည်း များနေမယ်။ ရေရှည်မှာ ကြွေးတင်တတ် တာကြောင့် ငွေကို စီစစ်သုံးစွဲပါ။ အချစ်ရေးမှာ ဥစ္စာပေါ၊ ရုပ်ချောနဲ့ဆုံမယ်။

ယတြာ။         ။ မွေးရက်မှာ အိမ်နီးချင်းတွေကို ပန်းသီးဝေပါ။

၆။ ကန်ရာသီဖွား (Virgo)   
သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်း မွေးဖွားသူများ

ကြိုးစားမှုရဲ့ အသီးအပွင့်တွေကို ထိုက်ထိုက်တန်တန်ခံစားရမယ့်ကာလ ဖြစ်ပါတယ်။ တစ် ဖက်ကလည်း ရပ်လိုက်တာနဲ့ ကျဆုံးနိုင်တာကြောင့် ပုံမှန်ကြိုးစားအားထုတ်သွားပါ။ ဆရာသမား တစ်ယောက်ရဲ့ လူမှုရေးကိစ္စတွေမှာ ထဲထဲဝင်ဝင်ပါဝင်ကူညီပေးနေရမယ်။ အချစ်ရေးမှာ နေမြဲ အ တိုင်းပါပဲ။
ယတြာ။         ။ မွေးရက်မှာ မိဘနှစ်ပါးကို ငွေကြေးဖြင့် ကန်တော့ပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

ကြိုးစားဖို့ကြံရွယ်ထားသမျှကို လက်တွေ့အကောင်အထည်ဖော်နိုင်မယ့် အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ ကျွမ်းကျင်မှုနဲ့အရည်အသွေးကောင်းတွေထည့်သွင်းရင် အများထက်ပိုမြင့်မားတဲ့ အောင် မြင်မှုအထိ ရောက်ရှိနိုင်ပါတယ်။ ပညာရပ်အသစ်တွေ လေ့လာသင်ယူခွင့်ရမယ်။ အချစ်ရေးကနေ ဘ ဝအရေးရဲ့နောက်မှာ ရောက်နေပါတယ်။

ယတြာ။         ။ မွေးနံထောင့်ဘုရားမှာ ရေသပ္ပာယ်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

စီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းသစ်တွေ ထပ်မံတိုးချဲ့ရမယ်။ ကြာသပတေးသားသမီးနဲ့ တွဲ ပြီး လုပ်ကိုင်ပါက ပိုမိုအောင်မြင်မှုရရှိမယ်။ ခရီးတွေဆက်တိုက်ထွက်နေရမယ်။ သူတစ်ပါးအိမ် ညအိပ် ညနေသွားခြင်းသည်းခံပါ။ အသွားမတော်ပါက သူများအမှုတွဲမှာ ကြားညှပ်တတ်ပါတယ်။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။

ယတြာ။                      ။ မွေးရက်မှာ ကြာဆန်ကြော်ဆွမ်းလောင်းပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်း မွေးဖွားသူများ

        စက်ပစ္စည်းအထူးအကျိုးပေးမယ်။ နေအိမ်ကို စက်ပစ္စည်းကြီးကြီးမားမားဝင်မယ်။ နေအိမ်သစ် ပြုပြင်ရမယ်။ မောင်နှမသားချင်းကိစ္စနဲ့ပတ်သက်ပြီး စိတ်သောကဖြစ်ရတတ်တယ်။ မိသားစုအကြီးအ ကဲ ကျန်းမာရေးဂရုစိုက်ပါ။ အချစ်ရေးမှာ နားလည်မှုလေးတွေ တိုးနေမယ်။

ယတြာ။        ။ မွေးရက်မှာ ကောက်ညှင်းပေါင်းနဲ့အကြော်စုံ အိမ်နီးချင်းဝေပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်း မွေးဖွားသူများ

        ကံကောင်းခြင်းတွေ ဆိုက်ရောက်လာနေတဲ့ကာလ ဖြစ်ပါတယ်။ ရရှိလာတဲ့ အခွင့်အရေးတွေ ကို လက်လွှတ်မခံဘဲ အမိအရကြိုးစားလိုက်ပါ။ မျှော်မှန်းထားတာထက်ပိုသာတဲ့ အောင်မြင်မှုတွေကို ရရှိစေမှာပါ။ အချစ်ရေးမှာ သူငယ်ချင်းကနေ ချစ်သူဖြစ်မယ်။

ယတြာ။      ။ မွေးရက်မှာ ပရဟိတတစ်ခုလုပ်ပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက်မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်း မွေးဖွားသူများ

ငွေကြေးနဲ့မိသားစုအရေးကိစ္စတွေကြောင့် အတန်ငယ်စိတ်ရှုပ်နေရမယ့် ကာလဖြစ်ပါတယ်။ စိတ်ရှုပ်ထွေးမှုတွေကို စိတ်လိုက်မာန်ပါ မတုံ့ပြန်ဘဲ ပုံမှန်အတိုင်းပဲ စိတ်ရှည်ရှည်ဖြတ်သန်းပါ။ မကြာ ခင်မှာ အဆင်ပြေသွားမှာပါ။ အချစ်ရေးမှာ စန်းပွင့်နေမယ်။

ယတြာ။         ။ မွေးနံထောင့်မှာစံပယ်ပန်းလှူပါ။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

        ပစ္စည်းတွေ အကျအပျောက်ရှိတတ်တယ်။ သတိပြုသိမ်းဆည်းပါ။ ပျော်စရာတွေနောက် မလိုက်သေးဘဲ ဖြစ်သင့်တာကို အရင်ဦးစားပေးပါ။ ကူညီမယ့်သူတွေရဲ့ စေတနာကို အလေးထားပါ။ ဘဝရဲ့အမြင့်ဆုံးနေရာဆီတက်လှမ်းနိုင်မယ့်အချိန်မို့ ကြိုးစားဖို့မမေ့ပါနဲ့။ အချစ်ရေး နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ သူငယ်ချင်းတွေကို ကြေးအိုးတိုက်ပါ။

တိုက်ဆိုင်မှုလေးတွေပါနေရင် Like & Share လေးလုပ်လိုက်ပါ။