၂ဝ၁၈၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (သြဂုတ် ၁၃-ရက်နေ့မှ သြဂုတ် ၁၉ ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
မတ်လ (၂၁) မှ ဧပြီလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

အချစ်ရေး၊ အိမ်ထောင်ရေး၊ မိသားစုအရေးတွေအားလုံး အဆင်ပြေချောမွေ့နေတဲ့ ကာလဖြစ် ပါတယ်။ လူမှုပတ်ဝန်းကျင်နဲ့ ပေါင်းသင်းဆက်ဆံရေး အခြေအနေတွေလည်း ပျော်စရာ ဖြစ်နေမယ်။ စီးပွားရေးလုပ်ငန်းတွေ ပုံမှန်အတိုင်းပဲရှိမယ်။ ကျန်းမာရေးမှာ ကျောက်ကပ်ဝေဒနာ ခံစားရတတ်တယ်။

ယတြာ။         ။ မွေးရက်မှာ ငါးစာကျွေးပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးစားတတ်တဲ့ မိတ်ဆွေသူငယ်ချင်းတချို့ကြောင့် စိတ်မွန်းကြပ်စရာတွေ ဖြစ်နေမယ်။ သူတို့ကို အားနာပြီး ကိုယ်ပိုင်အခွင့်အရေးတွေကို ဆုံးရှုံးမခံပါနဲ့။ လုပ်စရာရှိတာတွေကို ပုံမှန်လုပ်သွားပါ။ ကြိုးစားမှုရဲ့ရလဒ်ကို ခံစားရမှာပါ။ အချစ်ရေးမှာ အချစ်ကြီးသူနဲ့ ဆုံစည်းရမယ်။

ယတြာ။         ။ မွေးရက်မှာ သူငယ်ချင်းတစ်ယောက်ကို ကြေးအိုးတိုက်ပါ။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁) ရက်အတွင်း မွေးဖွားသူများ

ကံကောင်းခြင်းတွေ ဆက်တိုက်ပေါ်နေတဲ့ ပျော်စရာကာလဖြစ်ပါတယ်။ အမွေရကိန်း၊ ထီ ပေါက်ကိန်းရှိတယ်။ ၇ အစထီထီုးပါ။ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်တစ်ခု အခမဲ့သင်ယူ ခွင့်ရမယ်။ ဆရာကောင်းတွေ့မယ်။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ မိဘနှစ်ပါးကို ငွေကြေးနဲ့ကန်တော့ပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

အလုပ်ထဲမှာ နာမည်ကောင်းရနေမယ့် ကာလဖြစ်ပါတယ်။ အထက်လူကြီးတွေရဲ့ ကူညီစောင့် ရှောက်မှုကို ခံယူရမယ်။ လုပ်ဖော်ကိုင်ဖက်ချင်း မနာလိုခံရလောက်အောင် အခွင့်အရေးကောင်းတွေရ ရှိမယ်။ ကျန်းမာရေးအတန်ငယ်ချူချာမယ်။ အချစ်ရေး ကံမကောင်းသေးပါ။

ယတြာ။         ။ မွေးရက်မှာ ပရဟိတတစ်ခုလုပ်ပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

အမျိုးထဲမှာ မင်္ဂလာသတင်းကြားရမယ်။ မမျှော်လင့်ဘဲ ရပ်ဝေးခရီးထွက်ရမယ်။ စက်ပစ္စည်းနဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေ အကျိုးပေးမယ်။ လူမျိုးခြား ကူညီစောင့်ရှောက်မယ်။ အိမ်ထောင် သည်များ ကြားလူကြောင့် ပြဿနာတက်တတ်တယ်။ ဘေးစကား သတိပြုပါ။

ယတြာ။         ။ မွေးရက်မှာ သစ်ပင်စိုက်ပါ။

၆။ ကန်ရာသီဖွား (Virgo)   
သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်း မွေးဖွားသူများ

ဝမ်းနည်းစရာတွေကျော်လွန်ပြီး ပျော်ရွှင်စရာတွေ ဆက်တိုက်ရောက်ရှိလာနေတဲ့ ကာလဖြစ် ပါတယ်။ အဆင်မပြေတာတွေ ပြန်ပြေလည်လာမယ်။ ကူညီဖြေရှင်းပေးသူတွေကြောင့် အခက်အခဲ တွေလည်း ချောမွေ့လာမယ်။ အလှူဒါနတွေ ပြုရမယ်။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ ဒုက္ခိတလမ်းဘေးခွေးတွေကို ထမင်းနဲ့ဟင်းကျွေးပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

စာမေးပွဲတွေနဲ့ပတ်သက်ပြီး ကံကောင်းနေတဲ့ ကာလဖြစ်ပါတယ်။ အလုပ်အင်တာဗျူးဖြေထား သူများ အင်တာဗျူးအောင်မြင်မယ်။ အလုပ်နေရာကောင်းကောင်း ရရှိမယ်။ ငွေကြေးကံ သိပ်မကောင်း သေးပါ။ ငွေကုန်ကြေးကျများနေပါမယ်။ အချစ်ရေးမှာ သဘောထားကြီးသူနဲ့ဆုံစည်းရမယ်။

ယတြာ။         ။ မွေးရက်မှာ ငွေ ၅ဝဝဝ ကျပ်တိတိ ပံ့သကူပစ်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

ခံစားချက်တွေကို မြိုသိပ်ထားတတ်တဲ့အကျင့်ကြောင့် စိတ်ဖိစီးမှုတွေ ရှိနေတဲ့ ကာလဖြစ်ပါ တယ်။ သူစိမ်းတစ်ယောက်အတွက်ကြောင့် မိသားစုဝင်တွေကြား ရန်ဖြစ်စကားများရတတ်တယ်။ နေ အိမ်ကို ညအိပ်ညနေအလည်မခေါ်ပါနဲ့။ အချစ်ရေးသာယာပါတယ်။

ယတြာ။         ။ မွေးရက်မှာ သပြေညွှန့်လှူပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်း မွေးဖွားသူများ

        လောကဓံရဲ့စမ်းသပ်မှုတွေကို ရင်ဆိုင်ကျော်လွှားနေရတဲ့ စိတ်မောစရာကာလဖြစ်ပါတယ်။ လက်မလျှော့ပါနဲ့။ ကြိုးစားမှုရဲ့အသီးအပွင့်ကောင်းတွေက သင့်ကို ဆီးကြိုနေပါတယ်။ မိဘအကြီး အကဲနဲ့ပတ်သက်ပြီး ကောင်းကျိုးချမ်းသာတွေ ခံစားရမယ်။ ချစ်သူမရှိသေးသူများ ချစ်သူတွေ့မယ်။

ယတြာ။         ။ မွေးရက်မှာ ကြာဆန်ကြော်ဆွမ်းလောင်းပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂) မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်း မွေးဖွားသူများ

ကြန့်ကြာနေတဲ့ အခွင့်အရေးကောင်းတွေ တစ်ခုပြီးတစ်ခု ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာ မယ့် ကာလဖြစ်ပါတယ်။ ကွဲကွာနေတဲ့ မိတ်ဆွေကောင်းတွေဆီက အဆက်အသွယ်တွေ ပြန်ရမယ်။ နိုင်ငံရပ်ခြားအထိ ခရီးထွက်ရကိန်းရှိတယ်။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးနံထောင့်မှာ ဘုရားရေသပ္ပာယ်ပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )

ဇန်နဝါရီလ (၂၁)ရက်မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်း မွေးဖွားသူများ

ပူပန်စရာတွေ၊ ပျော်စရာတွေနဲ့ လုံးထွေးလည်ပတ်နေတဲ့ ကာလဖြစ်ပါတယ်။ မိသားစုဝင်တစ် ဦးရဲ့ ကျန်းမာရေးအတွက် ပူပန်သောကဖြစ်ရတတ်တယ်။ ငွေကြေးကံကောင်းတယ်။ နေအိမ်သစ်ပြု ပြင်ရကိန်းရှိတယ်။ စက်ပစ္စည်း ကြီးကြီးမားမားဝင်ကိန်းရှိတယ်။ အချစ်ရေးမှာ စန်းပွင့်နေမယ်။

ယတြာ။         ။ မွေးရက်မှာ အဖြူရောင်အင်္ကျီဝတ်ဆင်ပါ။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

အလုပ်ပဲကြိုးစားနေတာကြောင့် ကျန်းမာရေးကို အတန်ငယ်ထိခိုက်နိုင်တဲ့ကာလဖြစ်ပါတယ်။

အထူးသဖြင့် အာရုံကြောကျန်းမာရေးနဲ့ပတ်သက်ပြီး ငွေကုန်ကြေးကျများမယ်။ ပညာရေးဘက်လေ့ လာလိုက်စားသူများ ထူးထူးခြားခြား အောင်မြင်မှုတွေ ရရှိမယ်။ အချစ်ရေးမှာ ကြားလေသွေးလို့ ဝေး နေမယ်။

ယတြာ။         ။ လိုအပ်နေသူကို ဆေးဝါးဒါနပြုပါ။

တိုက်ဆိုင်မှုလေးတွေပါနေရင် Like & Share လေးလုပ်လိုက်ပါ။