၂ဝ၁၈၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဇူလိုင် ၂၃-ရက်နေ့မှ ဇူလိုင် ၂၉ ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
မတ်လ (၂၁) မှ ဧပြီလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

       ကြန့်ကြာနေတဲ့အကြွေးဟောင်းတွေ ပြန်ရမယ်။ စောင့်ဆိုင်းနေတဲ့ အလုပ်အကိုင်အခွင့်အလမ်း ကောင်းတွေ ဆက်တိုက်ရောက်ရှိလာမယ်။ ဘဝရဲ့အရေးပါတဲ့အလုပ်တွေကို မိသားစု၊ ဆရာသမား တွေနဲ့ သေချာတိုင်ပင်ပြီးမှ ရွေးချယ်ပါ။ အောင်မြင်ပါလိမ့်မယ်။ အချစ်ရေးမှာ တစ်နယ်သားနဲ့ ဆုံမယ်။

ယတြာ။         ။ မွေးရက်မှာ ငါးစာကျွေးပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ      

သာရေး၊ နာရေး၊ လူမှုရေးကိစ္စတွေနဲ့ လမ်းများနေမယ့် ကာလဖြစ်ပါတယ်။ လမ်းများသ လောက် ငွေကုန်ကြေးကျလည်း များနေမယ်။ ငွေကြေးနဲ့ပတ်သက်ပြီး နှုတ်ကျွံတာ၊ လက်လွယ်တာ တွေ သတိထားပါ။ မိတ်ဆွေချင်း စကားများရတတ်ပါတယ်။ အချစ်ရေး သာယာပါတယ်။

ယတြာ။         ။ မွေးရက်မှာ ဆေးဝါးလှူပါ။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁) ရက်အတွင်း မွေးဖွားသူများ

ကွဲကွာနေတဲ့ မိတ်ဆွေဟောင်းတွေ အကျိုးပြုမယ့်ကာလ ဖြစ်ပါတယ်။ ကြိုးစားနေတဲ့အလုပ် တွေ ခန့်မှန်းထားတာထက် ပိုအဆင်ပြေချောမွေ့မယ်။ အကျိုးအမြတ်ကောင်းတွေ ရရှိမယ်။ လုပ်ငန်း သစ်တွေပါ ထပ်မံချဲ့ထွင်လုပ်ကိုင်ရမယ်။ အချစ်ရေး နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ ငွေကြေးလှူပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

ပညာရေးဘက် လေ့လာလိုက်စားနေသူတွေအတွက် အောင်မြင်မှုတွေအထူးရရှိမယ့် ကာလ ဖြစ်ပါတယ်။ စာမေးပွဲတွေ ထူးထူးချွန်ချွန်အောင်မယ်။ နိုင်ငံရပ်ခြားအထိ ပညာတော်သင်သွားရကိန်း ရှိတယ်။ စီးပွားရေးသမားများ ပုံမှန်ပါပဲ။ အချစ်ရေးမှာ နားလည်မှုရှိသူနဲ့ ဆုံမယ်။

ယတြာ။         ။ မွေးရက်မှာ အဝတ်အထည်လှူပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

နောက်ကျောကို ဓားနဲ့ထိုးတတ်တဲ့ မိတ်ဆွေတချို့ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရမယ့် ကာလဖြစ်ပါတယ်။ ရန်ကို ရန်ချင်းမတုံ့နှင်းပါနဲ့။ မေတ္တာထားပြီး ကိုယ်လုပ်စရာရှိတာကိုသာ ဆက်လုပ် ပါ။ မကြာခင်မှာ အခက်အခဲတွေ အဆင်ပြေသွားမှာပါ။ အချစ်ရေး သာယာပါတယ်။

ယတြာ။         ။ မွေးရက်မှာ စာရေးကိရိယာလှူပါ။

၆။ ကန်ရာသီဖွား (Virgo)   
သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်း မွေးဖွားသူများ

အဖိုးတန်ပစ္စည်းတွေ အပျောက်အရှရှိတတ်တယ်။ ငွေကြေး၊ လက်ဝတ်ရတနာတွေကို သေချာ သိမ်းပါ။ မိသားစုလိုက် ခရီးထွက်ကိန်းရှိတယ်။ ပျော်ရွှင်မှုတွေ ရရှိစေမယ့် ခရီးဖြစ်ပါတယ်။ ကျန်းမာ ရေး ဂရုစိုက်ပါ။ အချစ်ရေးမှာ စန်းပွင့်နေပါတယ်။

ယတြာ။         ။ မွေးရက်မှာ ထီးလှူပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

စိတ်ညစ်စရာ၊ ပျော်စရာလေးတွေ ဒွန်တွဲနေတဲ့ ကာလဖြစ်ပါတယ်။ ရပ်ဝေးဆွေမျိုးတွေရဲ့ ကူ ညီထောက်ပံ့မှုတွေ လက်ခံရရှိမယ်။ အဘိုးအဘွားနဲ့ မိဘတွေရဲ့ အမွေအနှစ်တွေ ရရှိတတ်တယ်။ အ လှူအတန်းတွေ ပြုရမယ်။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ ဘုရားမှာ ရွှေသင်္ကန်းကပ်လှူပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

အင်္ဂါနံနဲ့စတဲ့ လုပ်ငန်းတွေ အထူးအကျိုးပေးမယ်။ စာအုပ်စာပေ၊ ဆေးဝါး စတာတွေနဲ့ ပတ် သက်တဲ့လုပ်ငန်းတွေ ဦးစားပေးလုပ်ကိုင်ပါ။ လူမျိုးခြားမိတ်ဆွေရဲ့ ကူညီထောက်ပံ့မှုကို ရရှိမယ်။ ကျန်း မာရေးအနေနဲ့ အစားအသောက်ဆင်ခြင်ပါ။ အချစ်ရေး သင့်ပါတယ်။

ယတြာ။         ။ မွေးရက်မှာ ပန်းကပ်ပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်း မွေးဖွားသူများ

အသွားမတော်တစ်လှမ်းဆိုသလို သူများအမှုကိစ္စထဲ ကြားညပ်တတ်တယ်။ အသွားအလာ၊ အပြောအဆို ဆင်ခြင်သတိပြုပါ။ သူများကိစ္စတွေထဲ ဝင်မစွက်ဖက်ပါနဲ့။ ငွေကြေးကံကောင်းတယ်။ ထီထိုးပါ။ အချစ်ရေး နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ တိရစ္ဆာန်လေးတွေကို ဘေးမဲ့လွှတ်ပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်း မွေးဖွားသူများ

နေအိမ်ကို ညအိပ်ညနေဧည့်သည်တွေ အလာများနေတဲ့ကာလဖြစ်ပါတယ်။ ငွေကုန်ကြေးကျ လည်း များပြားနေမယ်။ ဆွေမျိုးထဲ မင်္ဂလာသတင်းကြားရမယ်။ စီးပွားရေးအနေနဲ့ လုပ်ငန်းသစ်တွေ တိုးချဲ့လုပ်ကိုင်ရကိန်းရှိတယ်။ အချစ်ရေးမှာ နားလည်မှုပေးနိုင်တဲ့သူနဲ့တွေ့မယ်။

ယတြာ။         ။ မွေးရက်မှာ ပရဟိတလုပ်ပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက်မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်း မွေးဖွားသူများ

အစစအရာရာ အဆင်ပြေချောမွေ့နေတဲ့ ပျော်စရာကာလဖြစ်ပါတယ်။ လုပ်ငန်းကိုင်ငန်းတွေ အဆင်ပြေပြီး ငွေဝင်များနေမယ်။ ချစ်သူနဲ့ ခရီးအတူထွက်ရမယ်။ ကျန်းမာရေးအနေနဲ့ မတော်တဆ ထိခိုက်မှုလေးတွေ ဖြစ်တတ်တယ်။ ဆိုင်ကယ်စီးသူများ သတိပြုပါ။

ယတြာ။         ။ မွေးရက်မှာ ငွေ ၃ဝဝဝ ပံ့သကူပစ်ပါ။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

အလုပ်တွေများပြီး စိတ်ဖိစီးမှုလေးတွေ ဖြစ်နေမယ့် ကာလဖြစ်ပါတယ်။ မနိုင်ဝန်တွေ ထမ်းထားတာကို လျှော့ပါ။ အားနာပြီး ကတိပေးထားမိတာတွေအတွက် ပင်ပန်းနေရတတ်တယ်။ ငွေကြေးကံ သင့်ပါတယ်။ နေအိမ်သစ်ပြုပြင်ရကိန်းရှိတယ်။ အချစ်ရေး နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ သစ်ပင်စိုက်ပါ။

တိုက်ဆိုင်မှုလေးတွေပါနေရင် Like & Share လေးလုပ်လိုက်ပါ။