၂ဝ၁၈၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဇူလိုင် ၁၆-ရက်နေ့မှ ၂၁ ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
မတ်လ (၂၁) မှ ဧပြီလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

       လုပ်သမျှတိုင်း အရာရာနဲ့အကြောင်းကြောင်းဖြစ်နေတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေ ရမယ်။ ဒါပေမဲ့ စိတ်ဓာတ်မကျပါနဲ့။ မုန်တိုင်းပြီးရင် လေပြေလာသလိုမျိုး သိပ်မကြာခင် အခက်အခဲ တွေ ပြေလည်သွားမှာပါ။ မိတ်ဆွေသစ်တွေတွေ့မယ်။ အချစ်ရေးမှာ နားလည်ပေးတတ်သူနဲ့ တွေ့ မယ်။

ယတြာ။        ။ မွေးရက်မှာ ကိုယ်တိုင်ချက်ပြုတ်ပြီး ဆွမ်းလောင်းပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ   

             တွေးနေတာနဲ့ ဖြစ်လာတာတွေ တစ်ထပ်တည်းကျနေတာကြောင့် အံ့သြနေရမယ်။ ဘဝရဲ့ အပြောင်းအလဲအချိုးအကွေ့တွေကို ပျော်ရွှင်စွာဖြတ်ကျော်လိုက်ပါ။ အောင်မြင်မှုတွေက သင့်ကို စောင့်ကြိုနေပါတယ်။ အချစ်ရေးမှာ စည်းစနစ်ကြီးသူနဲ့ ချစ်ကြိုးသွယ်ရတတ်တယ်။

ယတြာ။         ။ မွေးရက်မှာ လမ်းဘေးခွေးလေးတွေကို အစာကျွေးပါ။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁) ရက်အတွင်း မွေးဖွားသူများ

ကောင်းတဲ့နာမည်သတင်းကျော်ဇောမှုတွေ ရရှိမယ့် ကာလဖြစ်ပါတယ်။ ရောက်လေရာမှာ ချီး မြှောက်မယ့်သူတွေ များနေပါမယ်။ ငွေဝင်သလို ငွေထွက်လည်း ကြမ်းနေတာကြောင့် မောနေရမယ့် ကာလပါ။ နေအိမ်သစ်ပြုပြင်ရမယ်။ အချစ်ရေး နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ လူကြီးမိဘတွေကို ကြေးအိုးဝယ်တိုက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

အခွင့်အလမ်းကောင်းတွေပေါ်နေတာကြောင့် ကြိုးစားမှုကို နှစ်ဆတိုးမြှင့်ရမယ့်ကာလပါ။ ပေါ့ လျော့ရင် အခွင့်အလမ်းတွေ လက်လွတ်ပြီး ပြိုင်ဘက်တွေက ကျော်တက်သွားမှာပါ။ စက်ပစ္စည်းနဲ့ ပတ်သက်တဲ့စီးပွားရေးလုပ်ငန်းတွေ အထူးအကျိုးပေးမယ်။ အချစ်ရေးမှာ တိတ်တခိုးစိတ်ဝင်စားနေသူ ဆီက ကောင်းတဲ့တုံ့ပြန်မှုကို ရရှိမယ်။

ယတြာ။         ။ မွေးရက်မှာ ငါးသက်စေ့လွှတ်ပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

ငွေကြေးတွေ ဆုံးရှုံးရကိန်းရှိတဲ့ ကာလပါ။ အများနဲ့စုပေါင်းလုပ်ရတဲ့အလုပ်တွေ၊ မဲကိစ္စတွေ၊ စု ကြေးကိစ္စတွေရှောင်ပါ။ ရုံးရောက်ဂါတ်ရောက်အထိ ဖြစ်တတ်ပါတယ်။ မိသားစုဝင်တစ်ဦးကြောင့် ဝမ်း သာပျော်ရွှင်ရမယ်။ အချစ်ရေးမှာ ခင်မင်ရင်းနှီးပြီးသားသူနဲ့ ချစ်သွားတတ်တယ်။

ယတြာ။         ။ မွေးရက်မှာ ကောက်ညှင်းပေါင်းနဲ့အကြော် အိမ်နီးချင်းဝေပါ။

၆။ ကန်ရာသီဖွား (Virgo)   
သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်း မွေးဖွားသူများ

ချွေတာစုဆောင်း သူဌေးလောင်းဆိုတဲ့ထုံးကို နှလုံးမူနိုင်မှ ငွေကြေးစုဆောင်းမိမယ့် ကာလ ဖြစ်ပါတယ်။ လူမှုရေးကိစ္စတွေများနေတာကြောင့် ငွေကုန်ကြေးကျတွေ များနေမယ်။ အဝေးရောက် မိတ်ဆွေသူငယ်ချင်းဟောင်းတွေနဲ့ ပြန်ဆုံမယ်။ လူပျိုကြီး၊ အပျိုကြီးဖြစ်ပါက အောင်သွယ်ကောင်းမှုနဲ့ ချစ်သူတွေ့တတ်တယ်။

ယတြာ။         ။ ဘုရားမှာ ငှက်လွှတ်ပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

ငွေကြေးတွေ အလိမ်ခံရတတ်တဲ့ကာလဖြစ်ပါတယ်။ ဒါကြောင့် ငွေကြေးနဲ့ပတ်သက်ရင် အယုံ မလွယ်ပါနဲ့။ အသေးအဖွဲကအစ စာချုပ်စာတန်းနဲ့ချေးငှားပါ။ နေအိမ်ကို စက်ပစ္စည်းအသစ်ဝင်မယ်။ ရပ်ဝေးဧည့်သည်သစ်တွေ ညအိပ်ညနေရောက်လာတတ်တယ်။ အချစ်ရေး နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ သက်သတ်လွတ်စားပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

ပျော်စရာ၊ စိတ်ညစ်စရာတွေ ဒွန်တွဲနေတဲ့ကာလဖြစ်ပါတယ်။ မနာလိုသွေးထိုးစကား ပြော တတ်သူတစ်ယောက်ကြောင့် ချစ်ခင်သူတွေနဲ့အထင်လွဲရတတ်တယ်။ စကားအပြောအဆိုဆင်ခြင် သတိပြုပါ။ အချစ်ရေး သာယာပါတယ်။

ယတြာ။         ။ နာမကျန်းသူတစ်ဦးကို တတ်နိုင်သမျှ ဆေးဝါးဒါနပြုပါ။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်း မွေးဖွားသူများ

လုပ်စရာအလုပ်တွေ၊ တာဝန်ဝတ္တရားတွေ များပြားလွန်းနေတာကြောင့် အရေးကြီးတာနဲ့ အ ရေးမကြီးတာတွေကို ခွဲခြားထားသင့်တဲ့ ကာလဖြစ်ပါတယ်။ ကြန့်ကြာနေတဲ့ ကြွေးဟောင်းတွေ ပြန်ရ မယ်။ ကြိုးစားရင် ကြိုးစားသလောက် အရာထင်နေမယ်။ အချစ်ရေးမှာ သဝန်တိုတတ်တဲ့ ချစ်သူ ကြောင့် ခဏခဏရန်ဖြစ်နေရမယ်။

ယတြာ။         ။ ဆေးရုံမှာ ဆန်ပြုတ်လှူပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်း မွေးဖွားသူများ

ဦးစားပေးရမယ့် အရေးကိစ္စတွေများပြားနေတာကြောင့် အတန်ငယ်စိတ်မောလူမော ဖြစ်နေရ မယ့် ကာလပါ။ မိသားစုအရေး၊ အချစ်ရေး၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရေးတွေ ကြား ဗျာများနေရမယ်။ ငွေဝင်ကိန်းရှိတယ်။ ထီထိုးပါ။

ယတြာ။         ။ မွေးရက်မှာ ပရဟိတတစ်ခုလုပ်ပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက်မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်း မွေးဖွားသူများ

        အသွားမတော်တစ်လှမ်းဆိုသလို မတော်တဆသွားမိတဲ့ နေရာသစ်တစ်ခုမှာ ပြဿနာတက် တတ်တယ်။ အသွားအလာ၊ အပေါင်းအသင်းသတိပြုပါ။ မမျှော်လင့်ဘဲ ဘိုးဘွားမိဘအမွေအနှစ်တွေ ခံစားရရှိတတ်တယ်။ အလှူအတန်းများများပြုရမယ်။

ယတြာ။         ။ မွေးရက်မှာ လူကြီးမိဘတွေကို ကန်တော့ပါ။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

        ကျန်းမာရေးအတန်ငယ်ချူချာနေတဲ့ ကာလဖြစ်ပါတယ်။ အစားအသောက်၊ ရေချိုးဆင်ခြင်ပါ။ ငွေဝင်ကိန်းကြီးကြီးမားမားရှိတယ်။ ထီထိုးပါ။ အချစ်ရေးမှာ အထူးစန်းပွင့်နေမယ်။ နားလည်မှုရှိသူနဲ့ တွေ့မယ်။

ယတြာ။         ။ မွေးရက်မှာ သစ်ပင်စိုက်ပါ။

တိုက်ဆိုင်မှုလေးတွေပါနေရင် Like & Share လေးလုပ်လိုက်ပါ။