၂ဝ၁၈ ၏အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဇူလိုင်လ ၉-ရက်နေ့မှ ၁၅-ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
 မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

မျှော်လင့်ထားတာနဲ့ ဖြစ်လာတာတွေ လွဲနေတာကြောင့် အတန်ငယ်စိတ်ပျက်နေရမယ်။ ဒါပေ မဲ့ ကောင်းသောအလွဲတွေဖြစ်တာကြောင့် အဆင်ပြေသွားမှာပါ။ ကုန်းလမ်းခရီးတိုတစ်ခု သွားရမယ်။ ပ ညာရေး၊ စီးပွားရေးနဲ့ပတ်သက်ပြီး အသစ်လေ့လာသင်ယူစရာတွေ ရရှိမယ်။ အချစ်ရေးမှာ ထူးခြားတဲ့ သူနဲ့ဆုံမယ်။

ယတြာ။         ။ မွေးရက်မှာ အကူအညီလိုနေသူတစ်ဦးကို ကူညီလိုက်ပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

အချစ်၊ အမုန်း၊ ပျော်စရာ၊ နာကျင်စရာတွေနဲ့ လုံးထွေးနေတဲ့ ကာလဖြစ်ပါတယ်။ စိတ်အလို လိုက်ရင် စီးပွားရေးနဲ့ အလုပ်ကို ထိခိုက်စေနိုင်တာကြောင့် သတိပြုပါ။ ရစရာရှိတဲ့ အကြွေးတွေ ပြန်ရ မယ်။ ငွေအစုလိုက် အပြုံလိုက်ဝင်ကိန်းရှိတယ်။ အချစ်ရေးမှာ ချစ်နေလျက်နဲ့ မာနတွေကြားခံလို့ ဝေး နေမယ်။

ယတြာ။         ။ မွေးရက်မှာ ပန်းပင်သုံးပင်စိုက်ပါ။

၃။ မေထုန်ရာသီဖွား (Gemini)     
မေလ(၂၂) မှ ဇွန်လ (၂၁)အတွင်း မွေးဖွားသူများ

အစားအသောက်အတွက် ငွေကုန်ကြေးကျများနေမယ့် ကာလဖြစ်ပါတယ်။ မိတ်ဆွေသူငယ် ချင်းတွေနဲ့လည်း ခရီးတွေထွက်ဖြစ်မယ်။ လူမှုရေးကိစ္စအတွက် အချိန်တွေ ပိုပေးဖြစ်နေမယ်။ ပညာ ရေးဘက် လေ့လာလိုက်စားသူများအတွက် ဆရာကောင်းတွေနဲ့တွေ့မယ်။ လူမျိုးခြားအကျိုးပေးမယ်။

အချစ်ရေးမှာ နားလည်မှုတည်ဆောက်ယူနေရမယ်။

ယတြာ။         ။ မွေးရက်မှာ ငါးစာကျွေးပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) ရက် မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

အပေါ်ယံဦးစားပေးပြီး နောက်ကွယ်မှာ အတင်းပြောတတ်တဲ့ အပေါင်းအသင်းတချို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရမယ်။ အရာရာကို စိတ်လိုက်မာန်ပါမတုံ့ပြန်ပါနဲ့။ အခြေအနေတွေ ပိုဆိုး သွားတတ်ပါတယ်။ ငွေဝင်ကိန်းရှိတယ်။ ထီထိုးပါ။ အချစ်ရေးမှာ စိတ်ဝင်စားသူတွေ များနေမယ်။

ယတြာ။         ။ မွေးရက်မှာ သက်သတ်လွတ်စားပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

လိမ်ညာတတ်သူတချို့ကြောင့် အလုပ်ထဲမှာ ထိခိုက်ဆုံးရှုံးရတာတွေရှိနိုင်တဲ့ ကာလဖြစ်ပါ တယ်။ ငွေကြေးနဲ့ပတ်သက်ပြီး အယုံကြည်မလွယ်ပါနဲ့။ မချေးငှားပါနဲ့။ စာချုပ်စာတန်းနဲ့ သေချာလုပ်ပါ။ လုပ်ငန်းသစ်တချို့စတင်ဖို့ အခွင့်အလမ်းပေါ်မယ်။ အချစ်ရေး သာယာပါတယ်။

ယတြာ။         ။ မွေးရက်မှာ ငှက်လွှတ်ပါ။

၆။ ကန်ရာသီဖွား (Virgo )  
သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ

အပိုချဲ့ကားပြောတတ်တဲ့ ကြားလူတချို့ကြောင့် ချစ်ခင်သူတွေနဲ့ကြားမှာ အထင်လွဲစရာလေး တွေ ဖြစ်နေတတ်တယ်။ စကားအပြောအဆို ဆင်ခြင်ပါ။ စကားကျွံပြီးရင် ပြန်နှုတ်ရခက်ပါတယ်။ လုပ် ငန်းအခြေအနေကောင်းနေမယ်။ ဆိုင်သမားများ ဈေးအရောင်းအဝယ်အထူးကောင်းမယ်။ အချစ်ရေး မှာ ပညာတတ်တစ်ယောက်နဲ့ဆုံစည်းမယ်။

ယတြာ။         ။ မွေးရက်မှာ ပရဟိတတစ်ခုခုလုပ်ပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

အလုပ်ထဲမှာ တွန်းအားတွေ များနေတာကြောင့် စိတ်ဖိစီးမှုတွေဖြစ်ပေါ်နေမယ့် ကာလဖြစ်ပါ တယ်။ စိတ်ရှုပ်နေတာကြောင့် ပေါင်းသင်းဆက်ဆံရေးမှာလည်း အဆင်မပြေမှုလေးတွေ ဖြစ်ပေါ်နေ မယ်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုး၊ ဒါမှမဟုတ် နေရာဒေသအပြောင်းအရွှေ့ရှိတယ်။ အချစ်ရေးမှာ နေ မြဲအတိုင်းပါပဲ။

ယတြာ။         ။ နာမကျန်းသူတစ်ဦးကို ဆေးဝါးဒါနပြုပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်းမွေးဖွားသူများ

ကျန်းမာရေးအတန်ငယ်ချူချာနေတဲ့ ကာလဖြစ်ပါတယ်။ ငွေကုန်ကြေးကျလည်း များမယ်။ ပညာရေးဘက်လေ့လာလိုက်စားသူများ အောင်မြင်မှုတွေရရှိမယ့်ကာလ ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားအ ထိ ပညာသင်ယူဖို့ အခွင့်အလမ်းကောင်းတွေပေါ်မယ်။ အချစ်ရေးမှာ အသက်ပိုကြီးသူနဲ့ တွေ့ဆုံရ မယ်။

ယတြာ။         ။ မွေးရက်မှာ သီလရှင်တစ်ပါးကို ဆွမ်းဆန်စိမ်းလောင်းလှူပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ   

အလယ်အလတ်လမ်းစဉ်ကို ကျင့်သုံးရင်း အောင်မြင်မှုတွေရရှိနိုင်တဲ့ ကာလဖြစ်ပါတယ်။ အ တွန်းအတိုက်တွေ၊ အခက်အခဲတွေရှိနေပေမဲ့ ဖေးမကူညီသူတွေလည်းပေါ်ပါမယ်။ ကြာသပတေးနံနဲ့ စတဲ့ လုပ်ငန်းတွေ အကျိုးပေးမယ်။ အချစ်ရေးမှာ သဘောထားကြီးသူနဲ့ဆုံမယ်။

ယတြာ။         ။ မွေးနံထောင့်မှာ ရေသပ္ပာယ်ပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

အဖက်ဖက်က အဆင်ပြေချောမွေ့နေမယ့် ကာလဖြစ်ပါတယ်။ စီးပွားရေး၊ လူမှုရေး အဆင် ပြေမယ်။ အိုးအိမ်သစ်ပြုပြင်ရမယ်။ မိဘဘိုးဘွားအမွေအနှစ် လက်ခံရရှိမယ်။ ကျန်းမာရေးအတန် ငယ်ချူချာနေမယ်။ ဝမ်းဗိုက်ဒုက္ခပေးတတ်တယ်။ သတိပြုပါ။ အချစ်ရေး နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ ကြာဆန်ကြော် ဆွမ်းလောင်းပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )   
ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ(၁၉) တွင်းမွေးဖွားသူများ

စီးပွားရေး၊ လူမှုရေး၊ အချစ်ရေးနဲ့ပတ်သက်ပြီး ရွေးချယ်စရာတွေ အပြိုင်ပေါ်တတ်တဲ့ ကာလဖြစ်ပါတယ်။ ဘဝအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို တစ်ယောက်တည်းမချမှတ်ပါနဲ့။ နားလည်တတ်ကျွမ်းတဲ့ မိဘ၊ ဆရာသမားနဲ့တိုင်ပင်ဆုံးဖြတ်ပါ။ အချစ်ရေးမှာ ဝေးနေလို့ လွမ်းနေရ မယ်။

ယတြာ။         ။ မွေးရက်မှာ လမ်းဘေးခွေးတွေကို အစာကျွေးပါ။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

        ကြန့်ကြာနေတဲ့အကြွေးတွေ ပြန်ရမယ်။ အလုပ်ကိစ္စလေးတွေ အဆင်ပြေမယ်။ မျှော်လင့်ထားတာထက်ပိုအောင်မြင်မယ့် ကာလဖြစ်ပါတယ်။ အနုပညာလုပ်ငန်းလုပ်သူများ အထူးအကျိုးပေးမယ်။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ သက်ကြီးရွယ်အိုတွေကို ငွေကြေးကန်တော့ပါ။

ယခုစာစောင်လေးကို LIKE & SHARE လုပ်ပြီး မိတ်ဆွေတွေကို ပြန်မျှဝေပေးလိုက်ပါဦးနော်။