၂ဝ၁၈၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဇွန်လ ၄ -ရက်နေ့မှ ဇွန် ၁ဝ ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
မတ်လ (၂၁) မှ ဧပြီလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

ဖြစ်ချင်တာနဲ့ ဖြစ်လာတာတွေ အတန်ငယ်လွဲချော်နေတတ်တဲ့ ကာလပါ။ ဒါပေမဲ့ ဖြစ်လာတာ တွေက ဖြစ်ချင်နေတာတွေထက် ပိုကောင်းနေတတ်ပါတယ်။ စုပေါင်းစပ်ပေါင်းလုပ်ငန်းတွေ အကျိုးမ ပေးသေးပါ။ ငွေတစ်လုံးတစ်ခဲရင်းနှီးမြှုပ်နှံတာမျိုး ရှောင်ပါ။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။
ယတြာ။        ။ မွေးရက်မှာ ခိုစာကျွေးပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

ကတိမတည်သူတွေကြောင့် အလုပ်လုပ်ရာမှာ စိတ်အနှောင့်အယှက်တွေ ဖြစ်နေရမယ်။ ငွေ ကြေးတွေ လက်မလွန်ပါစေနဲ့။ ထင်မှတ်မထားသူတွေနဲ့ ငွေကြေးကိစ္စအချင်းများရတတ်တာကြောင့် စာချုပ်စာတမ်းနဲ့ သေချာလုပ်ပါ။ အချစ်ရေး၊ အိမ်ထောင်ရေး အထူးသာယာပါတယ်။
ယတြာ။         ။ မွေးနံထောင့်မှာ နှင်းဆီပန်းကပ်လှူပါ။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁) ရက်အတွင်း မွေးဖွားသူများ

ပတ်ဝန်းကျင်မှာ အဆင်ပြေနေတဲ့သူတွေများတာကြောင့် စိတ်ချမ်းသာရမယ်။ လူမှုရေး၊ ပညာ ရေး၊ စီးပွားရေး ဘက်စုံအဆင်ပြေမယ့်ကာလဖြစ်ပါတယ်။ အလှူအတန်းတွေ ပြုရမယ်။ နေအိမ်ပြုပြင် ရမယ်။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။ အိမ်ထောင်သည်များ နှစ်ဖက်မိဘထံမှ အမွေရတတ်ပါတယ်။

ယတြာ။         ။ မွေးနံထောင့်မှာ ရေသပ္ပာယ်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

မိဘအကြီးအကဲတွေရဲ့ စောင့်ရှောက်မှုကို ရရှိမယ့်ကာလဖြစ်ပါတယ်။ ပညာရပ်အသစ်တွေ သင်ယူရကိန်းရှိတယ်။ စီးပွားရေးလုပ်ငန်းသစ်တွေ တိုးချဲ့ရမယ်။ နေအိမ်အပြောင်းအရွှေ့ရှိတယ်။ ခရီးတိုတစ်ခုထွက်ရမယ်။ ရေလမ်းခရီးရှောင်ပါ။ အချစ်ရေးမှာ အသက်ငယ်သူနဲ့တွေ့မယ်။
ယတြာ။         ။ မွေးနံထောင့်မှာ စံပယ်ပန်းကပ်လှူပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

လုပ်စရာတွေများပြီး ဘာကိုအရင်ရွေးချယ်ရမှန်းမသိဘဲ အတန်ငယ်စိတ်လေနေမိမယ့် ကာလ ဖြစ်ပါတယ်။ အတိတ်ဆိုးတွေရှိခဲ့ရင် ပြန်မတွေးပါနဲ့။ အောင်မြင်မှုတွေစောင့်ကြိုနေတာကြောင့် သတ္တိရှိ ရှိ ရှေ့ဆက်လိုက်ပါ။ တနင်္လာနံနဲ့စတဲ့လုပ်ငန်းတွေ အကျိုးပေးနေပါတယ်။ တိတ်တခိုးချစ်သူဆီက စိတ်ဝင်စားမှုကို ရရှိမယ်။
ယတြာ။         ။ မွေးနံထောင့်မှာ သပြေပန်းကပ်လှူပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ ကန်ရာသီဖွား (Virgo)   
သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်း မွေးဖွားသူများ

မရည်ရွယ်ဘဲ ပြောလိုက်မိတဲ့စကားတစ်ခွန်းကြောင့် အခင်မင်ရဆုံးသူတွေနဲ့ ပြဿနာတက် တတ်တယ်။ စကားအပြောအဆို ဆင်ခြင်သတိပြုပါ။ ပြဿနာတစ်ခုဖြစ်လာရင် စိတ်လိုက်မာန်ပါ မ ဖြေရှင်းပါနဲ့။ ပိုပြီး ကြီးထွားသွားတတ်ပါတယ်။ အချစ်ရေးမှာ စန်းပွင့်နေတာကြောင့် ရွေးချယ်ရခက် နေမယ်။

ယတြာ။         ။ မွေးရက်မှာ ငါးသက်စေ့လွှတ်ပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

ဘဝအတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ရမယ့် ကာလဖြစ်ပါတယ်။ ဘယ်အရာကိုမှ အလျင်စလို မဆုံးဖြတ်ပါနဲ့။ သေချာအချိန်ယူပါ။ လူကြီးမိဘတွေနဲ့ တိုင်ပင်ပြီးမှ ချမှတ်ရင် ပိုမိုကောင်း မွန်တဲ့ အောင်မြင်မှုတွေကို ပိုင်ဆိုင်ရမှာပါ။ အချစ်ရေးမှာ ကံကောင်းနေပါတယ်။

ယတြာ။         ။ မွေးရက်မှာ လမ်းဘေးခွေးလေးတွေကို အစာကျွေးပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

အဟောင်းတွေ အကျိုးပေးနေတဲ့ ကာလဖြစ်ပါတယ်။ အဝေးရောက်မိတ်ဆွေသူငယ်ချင်း ဟောင်းတွေနဲ့ ပြန်တွေ့မယ်။ အကြွေးဟောင်းတွေ ပြန်ရမယ်။ အချစ်ဟောင်းနဲ့ပြန်ဆုံမယ်။ ပညာရေး သမားများ နိုင်ငံရပ်ခြားအထိ ပညာသင်ယူခွင့်ကြုံမယ်။ မိဘအကြီးအကဲ ကျန်းမာရေး ဂရုစိုက်ပါ။

ယတြာ။         ။ မွေးရက်မှာ ငှက်လွှတ်ပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်း မွေးဖွားသူများ

ရည်ရွယ်ထားတဲ့လုပ်ငန်းသစ်တွေ စတင်နိုင်မယ့် ကာလဖြစ်ပါတယ်။ လက်တွဲခေါ်ယူမယ့်သူ တွေ၊ ကူညီမယ့်သူတွေ များနေမယ်။ ငွေဝင်သလောက် ငွေထွက်လည်း ကြမ်းနေတဲ့အတွက် အသုံး အစွဲစီစစ်ပါ။ စိတ်မောရတတ်ပါတယ်။ အချစ်ရေးမှာ မျှော်လင့်မထားသူဆီက ချစ်စကားကြားရတတ် တယ်။
ယတြာ။         ။ မွေးနံထောင့်မှာ ခရေပန်းကပ်လှူပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်း မွေးဖွားသူများ

အနုပညာဝါသနာပါသူများအတွက် အခွင့်အလမ်းကောင်းတွေ ရရှိမယ့် ကာလဖြစ်ပါတယ်။ မြေတောင်မြှောက်ပေးမယ့် ဆရာသမားကောင်းတွေတွေ့မယ်။ ကြိုးစားမှုကို နှစ်ဆတိုးသင့်ပါတယ်။ စီးပွားရေးသမားများ နေမြဲအတိုင်းပါပဲ။ အချစ်ရေးမှာ နားလည်မှုရှိသူနဲ့ တွေ့မယ်။

ယတြာ။         ။ နာမကျန်းသူကို ဆေးဝါးဒါနပြုပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက်မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်း မွေးဖွားသူများ

ကျန်းမာရေးအတန်ငယ်ချူချာနေတဲ့ ကာလဖြစ်ပါတယ်။ ရာသီအကူးအပြောင်းမှာ ရေချိုးသ တိပြုဆင်ခြင်ပါ။ ပညာရေးသမားများ အကျိုးကျေးဇူးကောင်းတွေ ရရှိပါမယ်။ ထူးချွန်ဆုတွေ ရရှိမယ်။ စီးပွားရေးအနေနဲ့ ပူးပေါင်းလုပ်ကိုင်ရတဲ့လုပ်ငန်းတွေ အထူးအကျိုးပေးမယ်။ အချစ်ရေး နေမြဲအတိုင်း ပါပဲ။
ယတြာ။         ။ မွေးရက်မှာ ကြာဆံကြော်ဆွမ်းလောင်းပါ။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

လူမှုရေးကိစ္စတွေနဲ့ လုံးချာလည်လိုက်နေမယ့် ကာလဖြစ်ပါတယ်။ ပရဟိတတွေများပြီး ငွေကုန် ကြေးကျလည်း များနေတာကြောင့် စိတ်မောနေရမယ်။ အချစ်ရေးမှာ ဝိုင်းဝိုင်းလည်နေတာကြောင့် အ ရွေးရခက်နေတတ်တယ်။

ယတြာ။         ။ မွေးရက်မှာ သူငယ်ချင်းတွေကို ကြေးအိုးတိုက်ပါ။

တိုက်ဆိုင်မှုလေးတွေပါရင် SHARE လိုက်ပါဦးနော်။