၂ဝ၁၆-၂ဝ၁၇၏အပတ်စဉ်ဂန္ထဝင်ဗေဒင် (၂ဝ၁၆ ဒီဇင်ဘာ၂၆-ရက်နေ့မှ ၂ဝ၁၇ ဇန်နဝါရီ ၁-ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
 မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာတွေကြားမှာ ရွေးချယ်ရခက်ပြီး ဒွိဟဖြစ်နေရတဲ့အချိန်ဖြစ်ပါတယ်။ သင့်ဘဝအပြောင်းအလဲကို ဖြစ်ပေါ်စေမယ့် လမ်းသစ်တွေကို ရွေးချယ်သင့်ပါတယ်။ လုပ်ငန်းသစ်အ တွက် အကူအညီပေးမယ့်မိတ်ဆွေကောင်းတွေနဲ့ တွေ့တတ်ပါတယ်။ အချစ်ရေး သာယာပါတယ်။ ကျန်းမာရေးမှာ ဆီးလမ်းကြောင်းရောဂါဖြစ်တတ်တယ်။ သတိပြုပါ။

ယတြာ ။        ။လက်လှမ်းမီသလောက် ဆေးဝါးဒါနပြုပါ။ ဤစာစောင်ကို သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

ရစရာရှိတဲ့ငွေကြေးတွေကြန့်ကြာနေလို့ အတန်ငယ်စိတ်ပူပန်နေရမယ့် ကာလဖြစ်ပါတယ်။ စီး ပွားရေးလုပ်ငန်းသစ်တွေလုပ်ဖို့အခွင့်အလမ်းကောင်းပေါ်မယ်။ ကူညီမယ့်ဆရာသမားကောင်းတွေ့ တတ်ပါတယ်။ သင်လိုချင်တဲ့အောင်မြင်မှုရရှိဖို့ အတတ်နိုင်ဆုံးကြိုးစားအားထုတ်နိုင်မယ့်ကာလဖြစ်ပါ တယ်။ အချစ်ရေးမှာ ကြားလေသွေးလို့ သွေးအေးနေမယ်။ နားလည်မှုတွေနဲ့ရှေ့ဆက်ဖို့ ကြိုးစား လိုက်ပါ။

ယတြာ ။        ။မွေးနေ့မှာ စံပယ်ပန်းသက်စေ့လှူပါ။ ဤစာစောင်ကို LIKE & SHARE လုပ်ပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁)အတွင်း မွေးဖွားသူများ

စိတ်ကူးယဉ်ထားတာလေးတွေကို လက်တွေ့အကောင်အထည်ဖော်ရတော့မယ့်ကာလဖြစ်ပါ တယ်။ အခွင့်အလမ်းကောင်းတွေက သင့်ကို စောင့်ကြိုနေပါတယ်။ ပူးတွဲလုပ်ငန်းတွေမှာ  ဦး ဆောင် ရတတ်တယ်။ သင့်အရည်အချင်းကို ထုတ်ဖော်ပြသနိုင်မယ့် အခွင့်အရေးဖြစ်ပါတယ်။ ခရီးတစ်ခုထွက် ရကိန်းရှိတယ်။ နေအိမ်ကို စက်ပစ္စည်းဝင်မယ်။ အိမ်ထောင်ရေး သာယာပါတယ်။

ယတြာ ။        ။မွေးနေ့မှာ အဖြူရောင်အဝတ်အစားတစ်စုံကို တခြားသူကို လက်ဆောင်ပေးပါ။။ သင် နဲ့ရာသီခွင်တူ သူငယ်ချင်း (၃)ယောက်ကို mention ခေါ်လိုက်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) ရက် မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

လုပ်ငန်းခွင်ထဲမှာ မျှော်လင့်မထားတဲ့အခက်အခဲတချို့ကြောင့် စိတ်ပူနေရတဲ့အချိန်ဖြစ်ပါတယ်။ စိတ်မပူပါနဲ့။ အခက်အခဲတွေကို စိတ်ရှည်ရှည်ထားပြီး ဖြေရှင်းပါ။ စကားအပြောအဆို နှုတ်မကျွံမိပါစေ နဲ့။ သင်လုပ်ရမယ့်အလုပ်တွေကိုပဲ သေချာအာရုံစိုက်ပြီး ပြုလုပ်လိုက်ပါ။ သိပ်မကြာခင်မှာ အခက်အခဲ တွေအားလုံး ပြေလည်သွားမှာပါ။ အချစ်ရေး၊ အိမ်ထောင်ရေး အဆင်ပြေပါတယ်။

ယတြာ ။        ။သူငယ်ချင်းတစ်ယောက်ကို မုန့်ဝယ်ကျွေးပါ။ ဤစာစောင်ကို SHARE ပြီး သင် အခင် မင်ရဆုံးသူကို TAG လုပ်လိုက်ပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ
          ကိုယ်စွမ်းကိုယ်စထုတ်ပြီး အားသွန်ခွန်စိုက်ကြိုးစားရမယ့် ကာလဖြစ်ပါတယ်။ တခြားသူတွေ အပေါ် အားကိုးလိုစိတ်ကို လျှော့ချပြီး သင့်ရည်မှန်းချက်ကို အကောင်အထည်ဖော်လိုက်ပါ။ အချစ်ရေး မှာ မျက်နှာအလွန်ပွင့်လန်းနေပါတယ်။ ရောက်လေရာမှာ ချစ်ခင်သူတွေဝိုင်းဝိုင်းလည်နေတတ်ပါ တယ်။ ငွေဝင်ကိန်းရှိတယ်။ ထီထိုးပါ။
ယတြာ ။        ။မွေးရက်မှာ ပရဟိတအလုပ်တစ်ခုခုလုပ်ပါ။ ရာသီခွင်တူတဲ့ သူငယ်ချင်းတစ်ယောက် ကို mention ခေါ်လိုက်ပါ။
၆။ ကန်ရာသီဖွား (Virgo )
သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ  

ယုံကြည်ရသူတစ်ဦးရဲ့ သစ္စာဖောက်ခြင်းကြောင့် စိတ်ဆင်းရဲနေရမယ့် ကာလဖြစ်ပါတယ်။ စိတ်လိုက်မာန်ပါမဖြေရှင်းဘဲ မေတ္တာတရားနဲ့သာ ဖြေရှင်းလိုက်ပါ။ ကောင်းတဲ့အကျိုးပေးကို သင် ပြန်ခံစားရမှာပါ။ ငွေကြေးကံကောင်းနေပါတယ်။ စီးပွားရေးလုပ်ငန်းတွေမှာ သင် မျှော်လင့်ထား တာထက် ပိုအဆင်ပြေနေတတ်ပါတယ်။ အလှူအတန်းတွေ များများပြုပေးပါ။

ယတြာ ။        ။လူကြီးသူမတွေကို စောင့်ရှောက်မှုပေးပါ။ ဤစာစောင်ကို သူငယ်ချင်းတွေ အတွက် SHARE ပေးလိုက်ပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

လမ်းဟောင်းစွန့်ပြီး လမ်းသစ်ထွင် ကြိုးစားသင့်တဲ့ကာလဖြစ်ပါတယ်။ သင့်ကိုယ်ပိုင်စွမ်းရည်ကို ယုံကြည်စွာနဲ့ အားထုတ်ကြိုးစားလိုက်ပါ။ မိသားစုအတွင်းမှာ ပျော်စရာသတင်းကောင်းလေးတွေ ကြား ရတတ်တယ်။ အချစ်ရေး သာယာပါတယ်။ နေအိမ်ကို ညအိပ်ညနေဧည့်သည်လာတတ်တယ်။ ၂ အစ ၆ အဆုံး ထီထိုးပါ။

ယတြာ ။        ။လမ်းဘေးခွေးလေးတွေကို အစာကျွေးပါ။ သင့်သူငယ်ချင်း ၃ယောက်ရဲ့ Timeline ပေါ်မှာ ဤစာစောင်ကို SHARE ပေးပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)  
အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်းမွေးဖွားသူများ
          အကြောင်းအရာအမျိုးမျိုးနဲ့ ခရီးတို၊ ခရီးရှည်တွေများနေတဲ့ ကာလဖြစ်ပါတယ်။ သင့်အတွက် စီးပွားရေးချဲ့ထွင်နိုင်မယ့် အခွင့်အရေးတွေကိုလည်း တွေ့ရှိတတ်ပါတယ်။ အချစ်ရေးမှာ ကြားလူတွေ ကြောင့် စိတ်ညစ်နေရမယ်။ စိတ်လိုက်မာန်ပါမဖြေရှင်းဘဲ သေချာညှိနှိုင်းဖြေရှင်းသင့်ပါတယ်။ ကျန်းမာ ရေးအနေနဲ့ အအေးမိဖျားနာတတ်တယ်။ ရေချိုးဆင်ခြင်ပါ။
ယတြာ ။        ။ခြံထဲမှာ ပန်းပင်တစ်ပင်စိုက်ပါ။ ဤစာစောင်ကို သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါ။
၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ
          အဘက်ဘက်က အဆင်ပြေနေတဲ့အတွက် စိတ်ချမ်းသာနေရမယ့် ကာလဖြစ်ပါတယ်။ ငွေ လာဘ်ရွှင်နေပါတယ်။ ရွှေဝင်ကိန်းရှိတယ်။ နေအိမ်ကို စက်ပစ္စည်းကြီးကြီးမားမားဝင်ကိန်းရှိတယ်။ မမျှော်လင့်ဘဲ ခရီးတစ်ခုထွက်ရမယ်။ ပညာရပ်အသစ်တစ်ခုသင်ဖို့ အခွင့်အလမ်းပေါ်မယ်။ မိသားစု အကြီးအကဲရဲ့ ကျန်းမာရေးကို ဂရုစိုက်ပါ။
ယတြာ ။        ။မွေးနံထောင့်မှာ ပဌာန်းရွတ်ဖတ်ပူဇော်ပါ။ ဤစာစောင်ကို သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါ။
၁ဝ။ မကာရ ရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ
          လုပ်ကိုင်သမျှ အရာထင်နေတဲ့အလုပ်လေးတွေကြောင့် စိတ်ကျေနပ်ပျော်ရွှင်နေရမယ့် ကာ လဖြစ်ပါတယ်။ မိတ်ဆွေဟောင်းတွေနဲ့ ပြန်ဆုံရတတ်တယ်။ အချစ်ဟောင်းနဲ့ ပြန်ရေစက်ဆုံရတတ် တယ်။ အဖိုးတန်ပစ္စည်း အပျောက်အရှဖြစ်တတ်တယ်။ သေချာသတိထားထိန်းသိမ်းပါ။ ကျန်းမာရေး အနည်းငယ်အညံ့ရှိတယ်။ သတိပြုဆင်ခြင်ပါ။
ယတြာ ။        ။မွေးရက်မှာ ကြာဆံကြော်ပြီး ဆွမ်းလောင်းလှူပါ။ ဤစာစောင်ကို သူငယ်ချင်းတွေအ တွက် SHARE ပေးလိုက်ပါ။
၁၁။ ကုံရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ(၁၉) တွင်းမွေးဖွားသူများ

ဝင်ငွေထွက်ငွေ မမျှတတာကြောင့် အတန်ငယ်စိတ်မောနေရမယ့် ကာလဖြစ်ပါတယ်။ အလုပ် ထဲမှာ သတင်းထူးကြားရမယ်။ ဝန်ထမ်းဖြစ်ရင် ရာထူးတိုးတတ်ပါတယ်။ ရပ်ဝေးအပြောင်းအရွှေ့ရှိ တယ်။ ရေလမ်းခရီးကို ရှောင်ပါ။ အချစ်ရေးသာယာပါတယ်။ ရည်မှန်းထားတဲ့အရာလေးတွေ အ ကောင်အထည်ဖော်ဖို့ အခွင့်အလမ်းကောင်းတွေ ရလာတတ်တယ်။

ယတြာ ။        ။မွေးရက်မှာ မိဘနှစ်ပါးကို ငွေကြေးဖြင့်ကန်တော့ပါ။ မျှဝေပေးတယ်ဆိုတာ ဂရုစိုက်ခြင်းတစ်မျိုးမို့ သူငယ် ချင်းတွေအတွက် SHARE ပေးလိုက်ပါ။

၁၂။ မိန်ရာသီဖွား (Pisces )
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

အလုပ်ထဲမှာ အပြိုင်အဆိုင်တချို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရမယ့် ကာလဖြစ်ပါ တယ်။ ရန်ကိုရန်ချင်းမတုံ့နှင်းဘဲ မေတ္တာတရားနဲ့သာ တုံ့ပြန်လိုက်ပါ။ မိတ်ဆွေကောင်းနဲ့ ဆရာသမား ကောင်းများရဲ့ အစောင့်အရှောက်ကို ရရှိမယ်။ ဖြည်းဖြည်းမှန်မှန်နဲ့သာ သင်လုပ်ရမယ့်အလုပ်တွေကို ကြိုးစားလိုက်ပါ။ အခက်အခဲအားလုံးကို ကျော်ဖြတ်သွားနိုင်ပါလိမ့်မယ်။ ငွေဝင်ကိန်းကြီးကြီးမားမား ရှိတယ်။

ယတြာ ။        ။ကလေးငယ်တွေကို အစားအသောက်ဒါနပြုပါ။ ဤစာစောင်ကို သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါ။