၂ဝ၁၅ ၏ အပတ်စဉ် ဂန္ထဝင်ဗေဒင် (အောက်တိုဘာလ ၁၂ ရက်မှ ၁၈ ရက်အထိ)

blank
၁။ မိဿ     ရာသီဖွား (Aries )

မတ်လ (၂၁) မှ ဧပရယ် (၁၉) ရက်အတွင်း မွေးဖွားသူများ
နေရာရချင်သူတွေကို နေရာပေးလိုက်တာ ဒီတစ်ပါတ်အတွက် အကောင်းဆုံးဖြစ်မှာပါ။ နည်းနည်းပြော များများနားထောင် ခြင်းက လူမှုဆက်ဆံရေးအတွက် အဆင်အပြေဆုံး ပါပဲ။ ဒီတစ်ပါတ်အတွင်း ဘဝအတွက် အရေးကြီးတဲ့ ကိစ္စတွေကို စီစဉ်ဆောင်ရွက်ရကိန်းရှိပါတယ်။ လူမှုဆက်ဆံရေးက သင့်ဘဝတက်လမ်းအတွက် အဓိက နေရာမှာ ရှိနေပါတယ်။

ယတြာ- ဒီတစ်ပတ်အတွင်း မွေးနံဘုရားမှာ အုန်းထမင်း ကပ်လှူပါ။

ကဲ ဘယ်လိုလဲ တိုက်ဆိုင်နေတယ် ဆိုရင်တော့ ရာသီဖွားတူ သူငယ်ချင်းတွေ အတွက်လည်း Share လိုက်ပါအုံးနော်။

၂။ ပြိဿ      ရာသီဖွား (Taurus )

ပရယ် (၂၀ )မှ မေလ(၂၀) ရက်အတွင်း မွေးဖွားသူများ

ဒီတစ်ပါတ်အတွင်း လူသစ်တွေနဲ့ လည်း အများကြီး ပေါင်းသင်းရတတ်ပါတယ်။ ကိုယ်နဲ့ ဆက်ဆံရတဲ့ သူတိုင်းကို အတတ်နိုင်ဆုံး ကောင်းမွန်စွာ ဆက်ဆံလိုက်ပါ။ သင့်ရဲ့ ဆက်ဆံရေး ကောင်းမွန်မှုနဲ့ အရည်အချင်းတွေက သင့်အလုပ်ကိုများစွာ အထောက်အကူ ပြုနေပါလိမ့်မယ်။ ကိုယ်က လူတွေကို လွှမ်းမိုးထားနိုင်မှ တော်ကာကျမယ့် အခြေအနေပဲ ဖြစ်ပါတယ်။ စိတ်လိုက်မာန်ပါ ဆုံးဖြတ်မယ်ဆိုရင်တော့ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို အနှောင့်အယှက် ဖြစ်စေပါလိမ့်မယ်။

ယတြာ- လုပ်ချင်တာတွေ ဖြစ်ချင်တာတွေ အချိန်မှီ ပြီးမြောက်ဖို့ ဘုရားမှာ နွားနို့ကပ်လှူပေးပါ။ သို့မဟုတ် မရှိဆင်းရဲတဲ့ ကလေးကို သင့်နာရီအဟောင်း ပေးလိုက်ပါ။
ပြိဿရာသီဖွား သူငယ်ချင်းတွေကို Share ပေးဖို့လည်း မမေ့နဲ့နော်။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ (၂၁) မှ ဇွန်လ (၂၀) ရက် အတွင်း မွေးဖွားသူများ

ဒီတစ်ပါတ်အတွင်း အချစ်ရေးနဲ့ ပတ်သက်ပြီး အရမ်းကို အဆင်ပြေချောမွေ့နေမယ့် အချိန်ကာလလေးပဲ ဖြစ်ပါတယ်။ ချစ်သူက ကိုယ့်အပေါ် အရမ်း အလိုလိုက်ပြီး ပိုချစ်လာသလိုလည်း ခံစားနေရပါလိမ့်မယ်။ အလုပ်မှာတော့ ငွေကြေးနဲ့ ပတ်သတ်ပြီး အခက်အခဲလေးတွေ ကြုံတွေ့ရတတ်ပါတယ်။ ကိုယ် မှန်တယ်ထင်ရင် တစ်ဇွတ်ထိုးလုပ်တတ်တဲ့ အကျင့်လေးကြောင့် မလိုလားအပ်တဲ့ ပြဿနာလေးတွေ ကြုံတွေ့လာနိုင်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး စိတ်ကို ချုပ်ထိန်းပါ။

ယတြာ- စိတ်တွေတည်ငြိမ်စေဖို့ တရားထိုင်တာမျိုး တစ်ကမ္ဘာလုံးကို မေတ္တာပို့ပေးတာမျိုး ပြုလုပ်ပါ။

မေထုန်ရာသီဖွား သူငယ်ချင်းတွေ အတွက်လည်း ဒီဗေဒင်လေးကို Share ပေးပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၁) ရက် မှ ဂျူလိုင်လ (၂၂) ရက် အတွင်းမွေးဖွားသူများ
ဒီတစ်ပါတ်အတွင်း အသုံး မလိုအပ်တဲ့ နေရာတွေမှာ ငွေအသုံးများပြီး ပိုက်ဆံက လက်ထဲ မကပ်ဘူးဖြစ်နေတတ်ပါတယ်။ ကိုယ့်စိတ်ထဲမှာ ဘယ်လောက်ပဲ စုချင်နေပါစေ စုလို့မရနိုင်ဘူး ဖြစ်နေလို့ ကိုယ့်ကိုယ်ကို အလိုမကျတွေဖြစ်ပြီး စိတ်တွေညစ်ညူးနေတတ်ပါတယ်။ အသုံးအစွဲလေး စီစစ်လိုက်ရင် အားလုံးအဆင်ပြေသွားမှာပါ။

ယတြာ- သင့်သူငယ်ချင်းတွေ နဲ့ အကောင်အထည် မဖေါ်ဖြစ်သေးတဲ့ အပျော်ခရီးတစ်ခုခု သွားလိုက်ပါ။
ကရကဋ်ရာသီဖွား သူငယ်ချင်းတွေ အတွက်လည် ဒီဗေဒင်လေးကို Share ပေးပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဂျူလိုင်လ (၂၃) ရက်မှ သြဂုတ်လ (၂၂) ရက်အတွင်း မွေးဖွားသူများ

ရှုပ်ထွေးနေတဲ့ စိတ်တွေရဲ့အဝေးမှာ အေးအေးချမ်းချမ်းလေး ရှိနေစေဖို့က တစ်ခုခုဆို အများကြီးတွေးပြီး ပူပန်နေတတ်တာတွေကို ရပ်လိုက်ဖို့ပါပဲ။ ကိုယ့်ရဲ့ အလုပ်ကိုရော ကိုယ်ရေးကိုယ်တာနဲ့ ဆိုင်တဲ့ ကိစ္စတွေကိုပါ အနှောင့်အယှက်ပေးနိုင်တဲ့ သူတွေနဲ့ ဆုံးစည်းရတတ်တာမို့ အတတ်နိုင်ဆုံး သတိရှိရှိနဲ့ နေမှ တော်ကာကျမှာပါ။ ဘာပဲလုပ်လုပ် စနစ်တစ်ကျနဲ့ သေချာ စီစစ်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

ယတြာ- ဒီတစ်ပတ်အတွင်း အတတ်နိုင်ဆုံး အဖြူဝတ်တာဖြစ်စေ၊ အဖြူရောင် ပစ္စည်းဆောင်တာ မျိုး ဖြစ်စေ များများ လုပ်ပေးပါ။ အစစ အဆင်ပြေပါလိမ့်မယ်။

သူငယ်ချင်းတွေကို comment box မှာ tag လုပ်ပြီး အသိပေးဖို့လည်း မမေ့နဲ့နော်။

၆။ ကံရာသီဖွား (Virgo )

သြဂုတ်လ (၂၃) ရက်မှ စက်တင်ဘာလ (၂၂) အတွင်းမွေးဖွားသူများ

အလုပ်နဲ့ ပတ်သက်ပြီး မျက်စိဖွင့်နားစွင့်ထားမှ တော်ကာကျမယ့်အချိန်ပဲ ဖြစ်ပါတယ်။ ပြိုင်ဘက်တွေနဲ့ အသေအကြေ ယှဉ်ပြိုင်နေရတာမို့ အရာရာ သတိရှိရှိ လုပ်ဆောင်တတ်ဖို့ လိုအပ်ပါတယ်။ ချစ်သူရည်းစား မရှိသေးတဲ့ သူတွေအတွက်တော့ ဒီတစ်ပါတ်မှာ ဆုံတွေ့ရတဲ့ မိတ်ဆွေသစ်တွေထဲက မြင်မြင်ချင်း စိတ်ဝင်စားသွားလောက်အောင် စွဲဆောင်မှုရှိတဲ့ သူတစ်ယောက်နဲ့ ဆုံတွေ့ရတတ်ပါတယ်။

ယတြာ- ဒီတစ်ပတ်မှာတော့ အရောင်ရင့်တွေ ဝတ်တာ ရှောင်ပါ။ မီးခိုးရောင်က ဒီအပတ်အတွက် သင့်ကို ကံကောင်းစေမယ့် အရောင်ပါ။

သူငယ်ချင်းတွေအတွက် ဒီဗေဒင်လေးကို SHARE လိုက်ဖို့လည်း မမေ့နဲ့နော်။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၃) ရက်အတွင်းမွေးဖွားသူများ

အရင်က အလိုလိုနေရင်း ဝမ်းနည်းအားငယ်နေတတ်တဲ့ ကိုယ့်အဖြစ်ကို အားမလိုအားမရ ဖြစ်ပြီး ပြန်လည် ထောင်မတ်လာတော့မယ့် အချိန်ပဲ ဖြစ်ပါတယ်။ ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်တွေကို ရှာဖွေပြီး အကောင်းဆုံး ရပ်တည်မယ်ဆိုရင်တော့ မကြာခင်အချိန်အတွင်းမှာပဲ စိတ်ရှုပ်ထွေးနေတာတွေ ရပ်သွားပြီး စိတ်လက်ပေါ့ပါးစွာနဲ့ အရာအားလုံး ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။

ယတြာ- ဘုရားမှာ မွေးနံထောင့် ရေသပ္ပါယ် ပြီး လိုရာဆုတောင်းပါ။

ဤစာစောင်ရဲ့ Comment box မှာ အခင်မင်ဆုံး သူငယ်ချင်း (၅) ဦးကို tag လုပ်ပေးဖို့လည်း မမေ့နဲ့နော်။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၃) ရက်မှ နိုဝင်ဘာလ (၂၁) ရက်အတွင်း မွေးဖွားသူများ

ကိုယ်ထင်တဲ့ အတိုင်းအမြဲ တုတ်ထိုးအိုးပေါက်ပြောလို့ မရပါဘူး။ အခြေအနေနဲ့ အချိန်အခါကိုလိုက်ပြီး လိုက်လျောညီထွေ ဆက်ဆံဖို့ လိုအပ်ပါတယ်။ ဗုဒ္ဓဟူး၊ ကြာသာပတေးလောက်မှာတော့ ထင်မှတ်မထားတဲ့ ကိစ္စတစ်ခု ဖြစ်ပေါ်လာပါလိမ့်မယ်။ မိသားစုဝင်တွေထဲက ကိုယ့်ထက်ငယ်တဲ့ သူတစ်ယောက်က ကိုယ့်အတွက် စိတ်ပျော်ရွှင်စရာလေးတွေ အမြဲ ဖန်တီးပေးနေပါလိမ့်မယ်။
ယတြာ- အိမ်မှာ ရှိတဲ့ ထီးစုတ် ဖိနပ်စုတ်တွေကို လမ်းပေါ်က ဖိနပ်မပါ ခြေဗလာနဲ့ လူတွေကို စွန့်ကြဲလိုက်ပါ။

သင်နဲ့ တိုက်ဆိုင်ခဲ့မယ်ဆို သင့်သူငယ်ချင်းတွေ အတွက်လည်း (Share) ပေးဖို့ မမေ့နဲ့နော်။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၂)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

အသိသူငယ်ချင်းတွေရဲ့ အကူအညီနဲ့ ကြုံတွေ့နေရတဲ့အချစ်ရေး ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းသွားနိုင်ပါလိမ့်မယ်။ ဒါ့အပြင် ကိုယ့်ဘဝတက်လမ်းအတွက် ရှေ့ဆက်ရမယ့် ခရီးအတွက်လည်း အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးပါလိမ့်မယ်။ ရက်သတ္တပတ်ရဲ့ အလယ်ရက်လောက်မှာတော့ စိတ်ရဲ့ ခံနိုင်ရည်စွမ်းတွေ လျော့နည်းနေပြီး အလိုလို စိတ်ဓါတ်ကျ အားငယ်နေတတ်ပါတယ်။ အရေးကြီး ဆုံးက အားမလျှော့ဘဲ လဲရင်ပြန်ထ လိုက်ဖို့ပါပဲ။

ယတြာ- အဝတ်အစားဟောင်းတွေ၊ ပစ္စည်းအဟောင်းတွေ ၊ သင်မသုံးတော့တာတွေကို သူများတွေဆီ စွန့်ကျဲလိုက်ပါ။

သင်နဲ့ တိုက်ဆိုင်ခဲ့မယ်ဆို သင့်သူငယ်ချင်းတွေ အတွက်လည်း (Share) လိုက်ဖို့ မမေ့နဲ့နော်။

၁၀။ မကာရ ရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၁၉) ရက်အတွင်းမွေးဖွားသူများ

ဒီတစ်ပါတ်အတွင်းမှာတော့ အလုပ်နဲ့ ပတ်သက်ပြီးပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်ပြီးပဲ ဖြစ်ဖြစ် ဆုံးဖြတ်ချက်တွေ ခိုင်ခိုင်မာမာနဲ့ ရှေ့ကို တစ်ဟုန်ထိုး ခုတ်မောင်း ချင်စိတ်တွေ ပြင်းထန်နေတတ်ပါတယ်။ ရေရှည်အတွက် ရည်ရွယ်လုပ်ဆောင်မှာ ဖြစ်တဲ့အတွက် သင့်လျော်မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ စိတ်ကို အတတ်နိုင်ဆုံးစုစည်းထားဖို့ လိုအပ်ပါတယ်။ သင့်ကို ကြည့်လိုက်ရင် အမြဲ တတ်ကြွနေတတ်လို့ မြင်တဲ့သူတိုင်းက အားကျရလောက်တဲ့ အထိပါပဲ။

ယတြာ- ဒီအပတ်အတွက် အပြာနုရောင်က သင့်ကို ကံကောင်းစေတဲ့ အရောင်ဖြစ်ပါတယ်။

ဤစာစောင်ကို ကိုယ့်ဘဝမှာ အရေးပါဆုံး သူ(၅)ဦးနဲ့ SHARE လိုက်ဖို့လည်းမမေ့နဲ့နော်။

၁၁။ ကုံရာသီဖွား (Aquarius)

ဇန်နဝါရီလ (၂၀)ရက် မှ ဖေဖော်ဝါရီ( ၁၈) တွင်းမွေးဖွားသူများ

ကိုယ့်အချစ်ကို တန်ဖိုးမထားတတ်ဘဲ မလေးမစား လုပ်တတ်တဲ့ သူတစ်ယောက်နဲ့ ဆုံတွေ့ရတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ကို ဒီလိုလုပ်နေမှန်းသိသိလျှက်နဲ့ကို မခွာနိုင် ဖြစ်နေတတ်ပါသေးတယ်။ အချစ်ရေးအပြင် မကြာသေးမီက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကြောင့် စိတ်အနှောင့်အယှက်က ဖြစ်နေရသေးတာမို့ ကိုယ့်ကံဇာတာကို ကိုယ့်လုပ်ရပ်တွေနဲ့ ပြန်လည် ထိန်းမတ်ဖို့ လိုအပ်နေပါတယ်။

ယတြာ- မိဘတွေကို အဝတ်အစားဖြစ်စေ၊ အသုံးဝင်တဲ့ ပစ္စည်းလေးတွေ ဖြစ်စေ ကန်တော့လိုက်ပါ။

ကုံရာသီဖွားသူငယ်ချင်းတွေအတွက်လည်း share ပေးဖို့မမေ့နဲ့နော်။

၁၂။ မိန်ရာသီဖွား (Pisces )

ဖေဖော်ဝါရီလ (၁၉) ရက်မှ မတ်လ (၂၀) ရက်အတွင်း မွေးဖွားသူများ

ဒီတစ်ပတ်အတွင်း မိမိ အတွေးထဲမှာ မိမိ ပျောက်ဆုံး နေတတ်ပါတယ်။ ဒါကြောင့် ဆုံးဖြတ်ချက်တစ်ခုခု ချတော့မယ်ဆို ကိုယ်နဲ့အရင်းနှီးရဆုံး သူတစ်တယောက်နဲ့ တိုင်ပင်နှီးနှောပါ။ မိမိ ချစ်သူရဲ့ ဆုံးဖြတ်ချက်တွေကို အနီးစပ်ဆုံး လိုက်နာတာက သင့်အတွက် အဆင်ပြေဆုံး ဖြစ်ပါတယ်။ မိသားစုအတွက် အနည်းငယ် စိတ်ပူပန်ရတတ်ပါတယ်။

ယတြာ- အစစ အဆင်ပြေချောမွေ့စေဖို့ ကလေးငယ် တစ်ယောက်ယောက်ကို အသုံးအဆောင် ပစ္စည်း တစ်ခုခု ကုသိုလ်ပြုလိုက်ပါ။

သင်နဲ့ တိုက်ဆိုင်ခဲ့မယ်ဆို သင့်သူငယ်ချင်းတွေ အတွက်လည်း (Share) ပေးဖို့ မမေ့နဲ့နော်။