အေသွေးသမားတွေရဲ့ ပင်ကိုယ်အရည်အသွေးများ

blank
အေသွေးသမားတွေရဲ့ အားသာချက်တွေကတော့

– ရှေးထုံးစံတွေကို အလေးထားတတ်ကြတယ်။

– စိတ်ရှည် သည်းခံတတ်ကြတယ်။

– အရှက်ကြီးပြီး ဂုဏ်သိက္ခာကို တန်ဖိုးထားတတ်ကြတယ်။

– အချိန်ကိုလည်း လေးစားတတ်ကြတယ်။

– အဆင့်အတန်းရှိရှိ နေထိုင်တတ်ကြတယ်။

– အနုပညာကို စိတ်ဝင်စားသလို ပါရမီလည်း ရှိကြတယ်။

– ကိုယ့်တာဝန် ကိုယ်ယူတတ်တာကြောင့် ယုံကြည်စိတ်ချရသူတွေ ဖြစ်ကြတယ်။

အေသွေးသမားတွေမှာ တွေ့ရတတ်တဲ့ အားနည်းချက်လေးတွေကတော့
  • အလွန်အမင်း ခေါင်းမာတတ်ကြတယ်။
  • အစွဲအလမ်းကြီးကြတယ်။
  • တစ်ခုခုဆုံးဖြတ်ခါနီးရင် စိတ်ဓါတ် မပြတ်သားကြပါဘူး။
  • ခံစားချက်တွေကို ရင်ထဲမှာပဲ သိမ်းထားတတ်ပြီး၊ မသိမ်းနိုင်တော့ဘူးဆိုရင် အပြင်းအထန် ပေါက်ကွဲတတ်ကြတယ်။
  • စိတ်ဖိစီးမှုတွေကို ခံနိုင်ရည်မရှိကြဘူး။
  • စိတ်ကျဉ်းကျပ်တတ်ကြတယ်။ စိတ်လည်း မရှည်တတ်ကြဘူး။

ဤဆောင်းပါးကို ဂန္တဝင်မဂ္ဂဇင်း မှတင်ဆက်ပါသည်။

အေသွေးသမားတွေ တော်တော်များများက စူးစမ်းရှာဖွေသူတွေ၊ သိပ္ပံပညာရှင်တွေ၊ စီးပွားရေးသမားတွေပဲ ဖြစ်ကြပါတယ်။

ကျန်းမာရေးနဲ့ ပတ်သက်လာရင်တော့ အေသွေးသမားတွေက အစာအိမ် ချွတ်ယွင်းချက် နည်းနည်းရှိတယ်။ အဲ့ဒါကြောင့် အစားအသောက်ရွေးချယ်တဲ့အခါမှာ အရမ်း ကို ဂရုစိုက်သင့်ပါတယ်။

ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ရာမှာ အေသွေးသမားတွေ အတွက် အေသွေးသမားအချင်းချင်း ဒါမှမဟုတ် အေဘီသွေးသမားတွေနဲ့ ပိုပြီးလိုက်ဖက်ပါတယ်။

တိုက်ဆိုင်နေတယ်ဆိုရင် သူငယ်ချင်းတွေကိုလည်း share ပေးလိုက်ပါ။