နာချေတဲ့ ပုံစံလေးတွေက ပြောနေသော သင့်အတွင်းစိတ်ထား

blank
၁။ အားရပါးရ နာချေတတ်တယ် ဆိုရင်

သင်က သြဇာအာဏာရှိတဲ့သူ တစ်ယောက်ဖြစ်ပြီး သူတစ်ပါးကို လွှမ်းမိုးနိုင်စွမ်းရှိတယ်။ သင်က ပွင့်လင်းမှုရှိတယ်။ သူတစ်ပါးကို အကောင်းမြင်စိတ် ရှိတယ်။ လုပ်စရာရှိတာကို ကောက်ကာငင်ကာ လုပ်တတ်ပြီး စိတ်ကူးယဉ်တတ်တဲ့ သူလည်း ဖြစ်တယ်။ သင်က တွေးခေါ်တတ်တဲ့သူ တစ်ယောက်လည်း ဖြစ်တယ်။ မိတ်သစ်ဖွဲ့ရတာကို ကြိုက်တယ်။ ပြီးတော့ အခွင့်အရေးအသစ် တွေကိုလည်း အမြဲမျှော်မှန်း လေ့ရှိတယ်။ အလုပ်တစ်ခု လုပ်တဲ့အခါ ဖြစ်ကတတ်ဆန်း လုပ်တတ်သူမို့ သင့်အနောက်ကနေ တစ်ယောက်ယောက်က အမြဲလိုက် လိုက်လုပ်ပေးနေရတယ်။

၂။ နှာမချေအောင် ထိန်းပြီး လူမရှိတဲ့ဘက်ကို လှည့်ပြီး နာချေတယ်ဆိုရင်

သင်က ယဉ်ကျေးပါးနပ်တဲ့သူ တစ်ယောက်ဖြစ်ပြီး ရင်းနှီးဖော်ရွေတတ်တယ်။ အေးအေးဆေးဆေး နေတတ်သူ တစ်ယောက် ဖြစ်တယ်။ သူ့ဘက်ကိုယ့်ဘက် ကြည့်ပြီး မျှမျှတတ နေထိုင်တတ်တယ်။ ခိုက်ရန်တွေကို ရှောင်ကြဉ်ပြီး သူများတွေနဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံတတ်တယ်။ သင်က သူများတွေရဲ့ လျှို့ဝှက်ချက်တွေကို နားထောင်ပေးတတ်ပြီး သစ္စာရှိတဲ့သူတစ်ယောက် ဖြစ်တယ်။ သူများတွေကို ကူညီတတ်တဲ့ နှလုံးလှ ပိုင်ရှင်ပါ။ ဒါပေမယ့် သင်က သူများပေါ်လည်း မှီခိုတတ်တယ်။ သူများတွေ သင့်အကြောင်း ဘာတွေပြောကြတယ် ဆိုတာကိုလည်း အမြဲ ထည့်စဉ်းစားလေ့ရှိတယ်။ ဤဆောင်းပါးကို ဂန္တဝင်မဂ္ဂဇင်း မှတင်ဆက်ပါသည်။

၃။ ပါးစပ်ကို တစ်ရှုးနဲ့ သို့မဟုတ် လက်ကိုင်ပဝါနဲ့ အုပ်ပြီး နာချေတယ်ဆိုရင်

သင်က နက်နက်ရှိုင်းရှိုင်း တွေးတတ်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဂရုတစိုက် နေထိုင်တတ်ပြီး တိကျတဲ့သူ တစ်ယောက် ဖြစ်တယ်။ သင့်ကို စဉ်းစားတွေးခေါ်စေတဲ့ စာအုပ်တွေကို ကြိုက်တယ်။ ကိုယ့်အလုပ်ကို ကိုယ်တိုင်လုပ်တတ်ပြီး အနားယူရတာကို ကြိုက်တယ်။ ကိုယ့်ကိုယ်ကိုလည်း တင်းကျပ်တဲ့ စည်းကမ်းတွေ ချမှတ်ထားတယ်။ ပြီးတော့ သူများတွေလဲ သင့်လိုပဲ လုပ်မယ်လို့ မျှော်လင့်နေမိတတ်တယ်။ တရားမျှတစွာ နေထိုင်ရတာကို ကြိုက်နှစ်သက်သူဖြစ်တယ်။

၎။ မြန်မြန်ဆန်ဆန်နဲ့ ခက်ခက်ခဲခဲ နာချေတယ်ဆိုရင်

သင်က သွက်လတ်တယ်။ စိတ်ဓာတ် ပြတ်သားတယ်။ သင်လုပ်တဲ့ အရာကလည်း အောင်မြင်တတ်တယ်။ ပြီးတော့ သူများတွေကိုလည်း ဒီအတိုင်းပဲ ဖြစ်စေချင်တယ်။ သင်က သတ္တိရှိတယ်။ လိုချင်တာ ရဖို့ အတွက်လည်း သင့်ကိုယ်သင် အမြဲ တွန်းအားပေး နေတတ်တယ်။ ပြီးတော့ သူတစ်ပါးတွေကို အနိုင်မကျင့်တတ် ပေမယ့်လည်း စားသောက်ဆိုင်လို နေရာတွေမှာ လိုအပ်တဲ့ ဝန်ဆောင်မှု မပေးတဲ့ ဝန်ထမ်းကိုတော့ ငြိုငြင်တတ်တယ်။

သင်နဲ့ တိုက်ဆိုင်တယ်ဆိုရင် share ပေးလိုက်ပါ။