သင့်နှာခေါင်းက ပြောနေသော သင့် ငွေကြေးစီမံမှု အကြောင်း….။

blank
သင့်နာခေါင်းက ဖြောင့်တန်းနေတယ်ဆိုရင်….။

သင်က အလုပ်တစ်ခုကို စွဲစွဲမြဲမြဲလုပ်လေ့ရှိတယ်။ ပိုက်ဆံကိုလည်း သမာအာဇီဝကျကျ ရှာတတ်တယ်။ ငွေကြေးကိုလည်း ကောင်းကောင်းစီမံတတ်သူတစ်ယောက်ပါ။

သင့်နာခေါင်းက သိမ်းငှက်နှာခေါင်းပုံစံဆိုရင်…။

သင်က ဉာဏ်ရည်ထက်ြမက်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ပိုက်ဆံရှာတော်သလို ဘယ်လိုစီမံပြီး သုံးရမယ်ဆိုတာကိုလည်း ကောင်းကောင်းသိသူ တစ်ယောက်ဖြစ်တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သင့်နာခေါင်းက တိုပြီး လုံးဝိုင်းနေတယ်ဆိုရင်…။

သင်က အရာရာကို ဇွဲရှိရှိနဲ့ လုပ်ဆောင်တတ်တဲ့သူ တစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့ သင်က ပိုက်ဆံသုံးတဲ့နေရာမှာ လက်ဖွာတဲ့ သူတစ်ယောက် ဖြစ်တယ်။

သင့်နာခေါင်းက တိုပြီး ချွန်နေတယ်ဆိုရင်…။

သင်က ပိုက်ဆံကို ခြိုးခြံချွေတာတဲ့ သူတစ်ယောက် ဖြစ်ပြီး အလုပ်လုပ်နဲ့နေရာမှာ ပိုက်ဆံနောက်လိုက်တတ်တဲ့သူတစ်ယောက်တော့ မဟုတ်ပါဘူး။

သင့်အတွက်မှန်ခဲ့တယ်ဆိုရင် သူငယ်ချင်းတွေအတွက်လည်း ဝေမျှပေးလိုက်ပါဦး။