၂ဝ၁၅ ၏ အပတ်စဉ် ဂန္ထဝင်ဗေဒင် (သြဂုတ် ၂၄ မှ ၃ဝ ရက်နေ့အထိ)

blank
၁။ မိဿ      ရာသီဖွား (Aries )

မတ်လ (၂၁) မှ ဧပရယ် (၁၉) ရက်အတွင်း မွေးဖွားသူများ

ဒီတစ်ပတ်မှာ ပေါင်းသင်းဆက်ဆံရေး၊ အချစ်ရေးတွေနဲ့ ပတ်သက်ပြီး အနည်းငယ် စိတ်ရှုပ်နေရတတ်ပါတယ်။ ဒါပေမယ့် အချိန်တစ်ခုယူပြီး စိတ်ကို တည်တည်ငြိမ်ငြိမ်နဲ့ ဆုံးဖြတ်မယ်ဆိုရင်တော့ အားလုံး အဆင်ပြေသွားပါလိမ့်မယ်။ အဓိကက တစ်ဖက်လူရဲ့ အမြင်နဲ့ ခံစားချက်ကို နားလည်လက်ခံပေးဖို့ပါပဲ။ ဒီတစ်ပတ်အတွင်း စိတ်တွေ လွတ်လပ်ပေါ့ပါးနေပြီး အလုပ်လုပ်ရတာ အရမ်းကို တက်ကြွနေပါလိမ့်မယ်။ ဘာပဲလုပ်လုပ် ဖြစ်လာနိုင်တဲ့ အကျိုးဆက်ကို ကြိုတင်တွက်ဆ လုပ်ကိုင်ခြင်းက အကောင်းဆုံးဖြစ်စေပါလိမ့်မယ်။

ယတြာ – ကိုယ့်အခက်အခဲတွေ ပြေလည်စေဖို့ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို တတ်နိုင်သလောက် ကူညီဖေးမလိုက်ပါ။

ကဲ ဘယ်လိုလဲ တိုက်ဆိုင်နေမယ်ဆိုရင်တော့ သူငယ်ချင်းတွေ အတွက်လည်း မျှဝေလိုက်ပါအုံးနော်။

၂။ ပြိဿ      ရာသီဖွား (Taurus )

ဧပရယ် (၂ဝ )မှ မေလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

အသင်းအဖွဲနဲ့ ပူးပေါင်းလုပ်ရမယ့် အလုပ်တွေက ကိုယ့်ကို ဘယ်လောက်ပဲ လိုလိုလားလား ကမ်းလှမ်းနေပါစေ။ တစ်ယောက်တည်းလုပ်ရတာ ပိုခရီးတွင်တယ်လို့ ထင်နေတတ်တယ်။ အခုတစ်လော အကြောင်းအရင်း မယ်မယ်ရရ မရှိဘဲ စိတ်ရှုပ်ထွေးနေတတ်ပါတယ်။ ဒီလိုစိတ်ရှုပ်ထွေးမှုတွေကြောင့် အလုပ်မှာရော၊ မိသားစုနဲ့ပါ မလိုလားအပ်တဲ့ ပြဿနာလေးတွေ တက်လာတတ်ပါတယ်။ ကိုယ့်ရဲ့ အပြုအမူ အပြောအဆိုတွေကို အထူးဂရုစိုက်ဖို့ လိုအပ်နေတဲ့ အချိန်ပဲ ဖြစ်ပါတယ်။

ယတြာ – ဘာပဲလုပ်လုပ် သတိလေးကပ်ပြီး စဉ်းစားချင့်ချိန် လုပ်ဆောင်ပါ။ ပြိဿရာသီဖွား သူငယ်ချင်း (၃) ယောက်နဲ့လည်း စာစောင်ကို SHARE ဖို့လည်း မမေ့နဲ့နော်။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ (၂၁) မှ ဇွန်လ (၂၀) ရက် အတွင်း မွေးဖွားသူများ

အလုပ်မှာ အာရုံ အပြည့်အဝစိုက်ပြီး လုပ်ဆောင်ဖို့ အရေးတကြီး လိုအပ်နေပါတယ်။ ကိုယ်တစ်ကယ်နားမလည်ဘဲ တာဝန်ယူလိုက်တဲ့ အလုပ်တစ်ခုကြောင့် အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်ရတတ်ပါတယ်။ သင့်စိတ်ပျော်ရွှင်မှုက သင့်ရဲ့ အကောင်းမြင်စိတ်လေးအပေါ်မှာ အခြေခံနေပါတယ်။ ဒါကြောင့် အရာရာကို အပြုသဘောဆောင်တဲ့ သဘောထားလေးတွေနဲ့ ဆောင်ရွက်နိုင်အောင် ကြိုးစားပါ။ ယတြာ- ဒီတစ်ပတ်အတွက် ကောင်းမွန်ကြည်လင်တဲ့ စိတ်ထားလေးတစ်ခု ပိုင်ဆိုင်နိုင်ဖို့ မနက်တိုင်း မေတ္တာပို့ ဆုတောင်းပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

မေထုန်ရာသီဖွားတွေ အတွက် ဒီဗေဒင်လေးကို မျှဝေပေးလိုက်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၁) ရက် မှ ဂျူလိုင်လ (၂၂) ရက် အတွင်းမွေးဖွားသူများ

ကရကဋ်ရာသီဖွားတွေအတွက် ဒီတစ်ပတ်ဟောကိန်းကတော့ ကိုယ့်ရဲ့ သည်းခံလိုက်လျောတတ်တဲ့ အမူအကျင့်လေးတွေကြောင့် လူမှုဆက်ဆံရေးနဲ့ ပတ်သက်ပြီး အစစ အဆင်ပြေနေတတ်ပါတယ်။ ဒါကြောင့် စိတ်လေးတွေလည်း ကြည်လင်နေပါလိမ့်မယ်။ ကိုယ်မျှော်လင့်ထားတဲ့ ပန်းတိုင်နဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ စိတ်ဓါတ်နဲ့ အပြင်အထန် ကြိုးစားဖို့ အချိန်ကျနေပါပြီ။ စိတ်ကူးတွေကို လက်တွေ့ဖြစ်လာအောင် ကြိုးစား အကောင်အထည်ဖော်လိုက်ပါ။

ယတြာ – ဘဝ ရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင်ဖို့ မွေးနံမှာ ထီးဖြူလေးတွေ လှူပေးပါ။ ကြုံကြိုက်တဲ့အခါ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။ ဤဆောင်းပါးကို ဂန္တဝင်မဂ္ဂဇင်း မှတင်ဆက်ပါသည်။

သူငယ်ချင်းတွေအတွက် ဒီဗေဒင်လေးကို SHARE လိုက်ဖို့ မမေ့နဲ့နော်။

၅။ သိဟ်ရာသီဖွား (Leo)

ဂျူလိုင်လ (၂၃) ရက်မှ သြဂုတ်လ (၂၂) ရက်အတွင်း မွေးဖွားသူများ

သိဟ်ရာသီဖွားတွေ အနေနဲ့

အခုတစ်လော ကိုယ့်ခံစားချက်တွေနဲ့ ပတ်သက်ပြီး အခြားသူတွေကို ရင်ဖွင့်ချင်တဲ့ စိတ်တွေ ပြင်းထန်နေပါလိမ့်မယ်။ ကိုယ်ယုံကြည်ရတဲ့ သူတစ်ယောက်ကိုသာ စိတ်ထဲခံစားရသမျှ ဖွင့်ဟ ပြောဆိုလိုက်ပါ။ တစ်ဖက်လူရဲ့ နားလည်ဖေးမ မှုကြောင့် ထင်မှတ်မထားလောက်အောင် စိတ်လက်ပေါ့ပါးသွားပါလိမ့်မယ်။ အရာအားလုံး အပေးအယူသဘောနဲ့ လည်ပတ်နေရတာကြောင့် ကိုယ်ကလည်း တတ်နိုင်သလောက် ပြန်ပေးဆပ်ဖို့ လိုအပ်ပါတယ်။

ယတြာ- မွေးနံထောင့်မှာ ရေသပ္ပါယ်ရင်း အစစ အဆင်ပြေဖို့ ဆုတောင်းပါ။

သူငယ်ချင်းတွေကို comment box မှာ tag လုပ်ပြီး အသိပေးဖို့လည်း မမေ့နဲ့နော်။

၆။ ကံရာသီဖွား (Virgo )

သြဂုတ်လ (၂၃) ရက်မှ စက်တင်ဘာလ (၂၂) အတွင်းမွေးဖွားသူများ

အလုပ်မှာ အဆင်မပြေမှုလေးတွေ ဆက်တိုက်ဆိုသလို ကြုံနေရတတ်ပါတယ်။ တစ်ခုခုဖြစ်လာရင် ဘာကြောင့်ဆိုတဲ့ အကြောင်းအရင်းကို သေချာ သိအောင်လုပ်ပြီး ဖြေရှင်းလိုက်ပါ။ ကိုယ့်ဘက်က အားနည်းချက်တွေကိုလည်း အပြန်ပြန် အလှန်လှန် သုံးသပ်ပြီး ပြုပြင်စရာရှိတာ ပြုပြင်လိုက်ပါ။ အားလုံး အဆင်ပြေသွားပါလိမ့်မယ်။ ရှေ့ဆက်ရမယ့် ဘဝလမ်းအတွက် ကောင်းမွန်တဲ့ အနာဂတ်အစီအစဉ်တွေ ချမှတ်ဖို့ အသင့်တော်ဆုံး အချိန်ပဲ ဖြစ်ပါတယ်။

ယတြာ- ဘာပဲလုပ်လုပ် သင့်ရဲ့ ကံအကောင်းဆုံး အရောင်ဖြစ်တဲ့ အစိမ်းရင့်ရောင် အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

သူငယ်ချင်းတွေအတွက် ဒီဗေဒင်လေးကို SHARE လိုက်ဖို့လည်း မမေ့နဲ့နော်။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၃) ရက်အတွင်းမွေးဖွားသူများ

အလုပ်ခရီးမတွင်ဘူးဆို ကိုယ့်ကိုယ်ကို အားမလိုအားမရတွေ ဖြစ်ပြီး စိတ်ဖိစီးမှုတွေ များနေတတ်ပါတယ်။ အလုပ်အပေါ် အရမ်း အာရုံထားလွန်းပြန်ရင်လည်း စိတ်တွေ မကြည်မလင် ဖြစ်တတ်ပါတယ်။ ဒါကြောင့် နားချိန်နဲ့ အလုပ်ချိန်ကို ညီညွတ်မျှတအောင် စီမံဖို့ လိုအပ်ပါတယ်။ ကိုယ့်စိတ်အပန်းဖြေဖို့အတွက် သင့်တင့်တဲ့ အနားယူ အပန်းဖြေမှုလေးတွေ မရှိရင်တော့ လုပ်သလောက် ခရီးရောက်နိုင်မှာ မဟုတ်တော့ပါဘူး။ အရမ်း မလောဖို့လိုအပ်ပါတယ်။ အချိန်တန်ရင် အရာအားလုံး အဆင်ပြေသွားမှာပါ။

ယတြာ- ဘာပဲလုပ်လုပ် သင့်ရဲ့ ကံအကောင်းဆုံး အရောင်ဖြစ်တဲ့ စိမ်းပြာရောင်ပါတဲ့ အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

ဤစာစောင်ရဲ့ Comment box မှာ အခင်မင်ဆုံးသူငယ်ချင်း (၅) ဦးကို tag လုပ်ပေးဖို့လည်း မမေ့နဲ့နော်။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၃) ရက်မှ နိုဝင်ဘာလ (၂၁) ရက်အတွင်း မွေးဖွားသူများ

ဒီတစ်ပတ်အတွင်း အချစ်ရေးနဲ့ရော အလုပ်အတွက်ပါ ဗျာများပြီး စိတ်ရှုပ်ထွေးနေတတ်တယ်။ ဒါပေမယ့် ကိုယ့်နားမှာ ရှိတဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေရဲ့ ကောင်းမွန်တဲ့ အကြံဥာဏ်နဲ့ ဖေးမမှုတွေကြောင့် အဆင်ပြေသွားပါလိမ့်မယ်။ ပြင်ပပြဿနာတွေ ကြောင့်မဟုတ်ဘဲ ကိုယ့်စိတ်ကကို မကြည်မလင် ဖြစ်နေတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ဒါဆိုရင်တော့ အတတ်နိုင်ဆုံး စိတ်ကို တည်ငြိမ်လာအောင် တရားထိုင်တာမျိုးဖြစ်ဖြစ် ပြုလုပ်လိုက်ပါ။ သင့်စိတ်အေးချမ်းမှုက သင့်အပေါ်မှာပဲ မူတည်နေပါတယ်။

ယတြာ- ဒီတစ်ပတ်အတွက်တော့ ကိုယ့်စိတ်ကိုယ်အေးချမ်းအောင် မွေးမြူခြင်းက အကောင်းဆုံး ယတြာပါပဲ။ သင်နဲ့ တိုက်ဆိုင်ခဲ့မယ်ဆို သင့်သူငယ်ချင်းတွေ အတွက်လည်း (Share) ပေးဖို့ မမေ့နဲ့နော်။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၂)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

ဓနုရာသီဖွားတွေအနေနဲ့ အခုတစ်လော ဘဝက ကိုယ်ထင်ထားသလောက် အဆင်မပြေဘဲ အကြပ်အတည်းလေးတွေ ကြုံတွေ့နေရတတ်ပါတယ်။ ကိုယ့်အတွက် အရမ်းအရေးမပါတဲ့ အရာလေးတွေအပေါ် အချိန်ပေးမိနေတာမျိုး မဖြစ်ပါစေနဲ့။ အချိန်ကုန်လူပမ်း ဖြစ်သွားပြီး အခြားတာဝန်တွေပါ လစ်ဟင်းသွားတတ်ပါတယ်။ ကိုယ့်စိတ်လေးတွေ လွတ်လပ်ပေါ့ပါးစေဖို့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းတာမျိုးလေတွေ ပြုလုပ်ပေးသင့်ပါတယ်။

ယတြာ- အဆင်မပြေမှုလေးတွေ အားလုံး ပြေပျောက်သွားစေဖို့ ကိုယ့်ရဲ့ အသုံးအဆောင်တွေထဲက တစ်ခုကို လိုအပ်နေသူတစ်ယောက်ကို ပေးကမ်းလိုက်ပါ။

သင်နဲ့ တိုက်ဆိုင်ခဲ့မယ်ဆို သင့်သူငယ်ချင်းတွေ အတွက်လည်း (Share) ပေးဖို့ မမေ့နဲ့နော်။

၁ဝ။ မကာရ ရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၁၉) ရက်အတွင်းမွေးဖွားသူများ

မကာရရာသီဖွားတို့အနေနဲ့ ဘဝမှာ ဘာလုပ်လုပ်အဆင်ပြေမယ့် ကာလပါ။ ခေါင်းပေါ်မော့ကြည့်လိုက်ရင်တောင် ကြယ်လေးတွေက ကိုယ့်ကို လမ်းပြနေသယောင် ခံစားရစေတဲ့ ကာလပဲဖြစ်ပါတယ်။ ကိုယ်တိုင် မျှော်လင့်မထားတဲ့ အောင်မြင်မှုတွေ ရလာတတ်ပါတယ်။ ဒီအချိန်မှာ ဘယ်သူနဲ့မှ အဆင်မပြေဘူးဆိုတဲ့ သူတွေနဲ့ ပေါင်းရင်တောင် အဆင်ပြေနေတတ်ပါတယ်။

ယတြာ- ကံအကောင်းဆုံး အရောင်ဖြစ်တဲ့ ခရမ်းရောင်အသုံးအဆောင် တစ်ခုခု ကို သွားလေရာ ယူဆောင်သွားပါ ။ အစစ အဆင်ပြေသွားပါလိမ့်မယ်။

ဤစာစောင်ကို ကိုယ့်ဘဝမှာ အရေးပါဆုံး သူ(၅)ဦးနဲ့ SHARE လိုက်ဖို့လည်းမမေ့နဲ့နော်။

၁၁။ ကုံရာသီဖွား (Aquarius)

ဇန်နဝါရီလ (၂၀)ရက် မှ ဖေဖော်ဝါရီ( ၁၈) တွင်းမွေးဖွားသူများ

ကုံရာသီဖွားတွေ အနေနဲ့တော့ ဒီတစ်ပတ်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စီးပွားရေးအကြောင်း ဆွေးနွေးရင်း မထင်မှတ်ဘဲ ကတောက်ကဆလေးတွေ ဖြစ်တတ်ပါတယ်။ အချစ်ရေးမှာလည်း အကြောင်းအရာ ထွေထွေထူးထူး မရှိဘဲ စိတ်ညစ်ရတာမျိုးလေးတွေလည်း ကြုံတတ်ပါတယ်။ ကိုယ်တာဝန်မယူနိုင်ဘဲ ပေးထားမိတဲ့ ကတိတွေကြောင့် ဝန်ပိနေတတ်ပါတယ်။ ။ ကြုံတွေ့လာတဲ့ အခက်အခဲတွေကို ယုံကြည်မှုအပြည့်နဲ့ ရင်ဆိုင်ဖြေရှင်းလိုက်ပါ။ သင်စိတ်ဓါတ်မကျသွားဖို့ ပဲ အရေးကြီးပါတယ်။

ဒီတစ်ပတ်အတွက် ယတြာကတော့ ကြံ့ခိုင်တဲ့ စိတ်ဓါတ်နဲ့ ယုံကြည်မှုအပြည်နဲ့ ရှေ့ဆက်လျှောက်လှမ်းလိုက်ဖို့ပါပဲ။

ကုံရာသီဖွား သူငယ်ချင်းတွေ အတွက်လည်း share ပေးဖို့ မမေ့နဲ့နော်။

၁၂။ မိန်ရာသီဖွား (Pisces )

ဖေဖော်ဝါရီလ (၁၉) ရက်မှ မတ်လ (၂၀) ရက်အတွင်း မွေးဖွားသူများ

အချစ်ရေးမှာရော ငွေရေးကြေးရေးမှာပါ ပြောစရာမရှိလောက်အောင် အဆင်ပြေချောမွေ့နေပါလိမ့်မယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး ကိုယ့်တန်ဖိုးကို လေးစားတတ်တာကြောင့် အများကြားမှာလည်း မျက်နှာပွင့်လန်းရပါလိမ့်မယ်။ အချင်းချင်းကတောင် တစ်ခုခုဆို ကိုယ့်ကိုပဲ နေရာပေး ဦးဆောင် စေတတ်တာမျိုးလေးတွေလည်း ရှိပါလိမ့်မယ်။ တစ်ခုသတိထားရမှာက အလောတကြီး ဆုံးဖြတ်လိုက်တာတွေကြောင့် လမ်းမှား ရောက်မသွားဖို့ပါပဲ ။

ယတြာ- ဘာပဲလုပ်လုပ် အစစ စဉ်းစားချင့်ချိန်ပြီး သတိလေးနဲ့ လုပ်ဆောင်ခြင်းက သင့် ကံကြမ္မာကို ပြုပြင်သွားပါလိမ့်မယ်။

သင်နဲ့ တိုက်ဆိုင်ခဲ့မယ်ဆို သင့်သူငယ်ချင်းတွေ အတွက်လည်း (Share) ပေးဖို့ မမေ့နဲ့နော်။