သင့် လက်ဖဝါးပုံသဏ္ဍန်လေးတွေက ပြောနေတဲ့ သင့်အကြောင်း တစေ့တစောင်း

blank

၁။ ပုံ (၁) မှာ ပြထားသလို သင့်ရဲ့ လက်ဖဝါးက လက်ချောင်းလေးတွေထက် ပိုရှည်နေမယ်ဆို သင်ဟာစိတ်ဓါတ်ခိုင်မာတဲ့ လူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အရာရာကို ဆန်းသစ်တီထွင်လိုစိတ်ရှိပြီး ကိုယ့်ဘာလိုချင်လဲ ဆိုတာကို ကောင်းကောင်းသိတဲ့ လူပဲဖြစ်ပါတယ်။ သင့်ရဲ့ ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိဥာဏ်နဲ့ စွန့်စားလိုတဲ့ စိတ်ကတော့ ဘယ်သူနဲ့မှကို မတူတာပါ။ ကိုယ်ထင်တာ ကိုယ်လုပ်တတ်တဲ့ အကျင့်က ပတ်ဝန်းကျင်ကလူတွေကို တခါတလေ အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်ကို အနည်းငယ်တော့ ဂရုစိုက်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ အချစ်ရေးနဲ့ ပတ်သက်ရင်တော့ လူတစ်ယောက်ကို မြင်မြင်ချင်း တန်းတန်းစွဲသွား တာမျိုးလေးတွေ ဖြစ်တတ်ပါတယ်။

၂။ ပုံ (၂) မှာ ပြထားသလို သင့်လက်ဖဝါးက လေးထောင့်သဏ္ဍန်ရှိပြီး လက်ချောင်းလေးတွေက တိုနေခဲ့မယ်ဆိုရင် သင်ဟာ လက်တွေ့ကျပြီး တည်ငြိမ်ရင့်ကျတ်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဘာပဲလုပ်လုပ် စိတ်အားထက်သန်စွာနဲ့ အစီအစဉ်တကျ လုပ်ဆောင်တတ်တဲ့ အကျင့်လေး ရှိပါတယ်။ ကိုယ်လုပ်ချင်တဲ့ အရာလေးတွေကို ဇွတ်တရွတ်လုပ်ဆောင်တဲ့ အကျင့်လေးလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ဘဝကို ခံယူထားတဲ့ ခံယူချက်ကလည်း အများနဲ့မတူဘဲ တစ်မူထူးခြားနေပါလိမ့်မယ်။ သင့်အားနည်းချက်ကတော့ အခြားသူတွေရဲ့ ခံစားချက်တွေကို သိပ်ထည့်မစဉ်းစားမိတာပါပဲ။ ဒီအချက်ကြောင့် မရည်ရွယ်ဘဲ တစ်ဖက်လူကို နာကျင်စေတာမျိုးလေးတွေ ကြုံရတတ်ပါတယ်။ ဒါလေးကို အထူး သတိထားဖို့တော့ လိုအပ်ပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ရင်တော့ တစ်ယောက်ယောက်ကို ချစ်မိပြီဆို သေတဖန်သက်တစ်ဆုံး ပေါင်းဖက်ဖို့ ရည်ရွယ်တတ်ကြပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ ပုံ (၃) မှာ ပြထားသလို သင့်လက်ဖဝါးက လေးထောင့်ပုံသဏ္ဍန်နဲ့ လက်ချောင်းလေးတွေက ရှည်နေမယ်ဆိုရင်တော့ သင်ဟာ အရာရာကို စူးစမ်းချင်စိတ်ရှိနေတဲ့ သူပဲဖြစ်ပါတယ်။ ဥာဏ်ရည်ထက်မြက်ပြီး ပေါင်းသင့်ဆက်ဆံရေးလည်း သိပ်ကိုကောင်းမွန်ကြပါတယ်။ ကိုယ်နဲ့ဆက်ဆံတဲ့ လူတွေဆီကနေ သင်ယူလို့ရသမျှသင်ယူတတ်တဲ့ အကျင့်လေးလည်း ပိုင်ဆိုင်ထားပါသေးတယ်။ အမြဲလှုပ်ရှားတက်ကြွနေချင်တာကြောင့် တစ်နေရာထဲမှာ အငြိမ်ထိုင်နေရတာမျိုးကို မနှစ်သက်ကြသူတွေ ဖြစ်ပါတယ်။ အလွယ်တကူ ငြီးငွေ့တတ်တဲ့ အကျင့်ကြောင့် ဘာလုပ်လုပ် အပြီးသတ်အောင် မလုပ်တတ်တဲ့ အကျင့်ဆိုးလေးတော့ ရှိနေပါတယ်။ ကိုယ်လုပ်တဲ့ အလုပ်ကို အာရုံစူးစိုက်လုပ်ဆောင်ဖို့ အထူးလိုအပ်ပါတယ်။ အချစ်ရေးနဲ့ပတ်သက်ရင်တော့ သင့်ရဲ့ပင်ကိုယ်အရည်အချင်းတွေကြောင့်ပဲ သင့်နားမှာ ချစ်ခင်ချင်တဲ့သူတွေ ဝိုင်းဝိုင်းလည်နေတတ်ပါတယ်။

၎။ ပုံ (၄) မှာ ပြထားသလို သင့်ဟာ လက်ဖဝါးရော လက်ချောင်းလေးတွေပါ ရှည်နေတဲ့သူဆိုရင်တော့ သင်ဟာစိတ်ခံစားမှုကို အရမ်းကို ဦးစားပေးတတ်တဲ့သူမျိုးပဲ ဖြစ်ပါတယ်။ စိတ်ကူးက ယဉ်တတ် ပါသေးတယ်။ အကြံဥာဏ်ကောင်းတွေ အမြဲထွက်တတ်တာကြောင့် သင့်ကို လူအများကအလိုရှိနေပါလိမ့်မယ်။ အနုပညာနဲ့ ပတ်သက်ပြီး ပါရမီထူးချွန်တာကြောင့် အနုပညာလုပ်ငန်းတွေမှာ တစ်ဖက်ကမ်းခပ် အောင်မြင်သွားနိုင်ပါတယ်။ ဒါပေမယ့် တခါတလေ သင်ဟာ အခက်အခဲတွေနဲ့ ကြမ်းတမ်းမှုတွေကို ခံနိုင်ရည် မရှိလောက်အောင် စိတ်ပျော့တတ်ပါတယ်။ ကြုံလာသမျှကို ဇွဲရှိရှိနဲ့သာ ကြိုးစားမယ်ဆို သင်ဘဝက ထင်မှတ်မထားလောက်အောင် ပြောင်းလဲ လာနိုင်ပါတယ်။ အချစ်ရေးမှာတော့ သင်ဟာ ချစ်သူအပေါ် ကလေးဆိုးကြီးလို ဆိုးနေတတ်ပါတယ်။

 

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။