သင့်ခြေချောင်းလေးတွေက ပြောသော သင့်အကြောင်း

blank

ကျွန်တော်တို့တွေဟာ ကျွန်တော်တို့တွေရဲ့ ခြေထောက်တွေကို ခြေသည်းဆေးဆိုးတာမျိုးတွေ၊ ချေးချွတ်တာမျိုးတွေ ကလွဲလို့ သိပ်ပြီး ဂရုမစိုက်တတ်ကြပါဘူး။

ဒါပေမယ့် လေ့လာတွေ့ရှိမှုတွေအရ သေချာကြည့်မယ်ဆိုရင် ခြေထောက်တွေကနေ တစ်ဆင့် ကျွန်တော်တို့ အကြောင်းတွေကို အနီးစပ်ဆုံး သိနိုင်ပါတယ်။

ပြီးတော့ သင်သာ မရွံရှာတတ်သူ တစ်ဦးဆိုရင် သူများတွေရဲ့ ခြေထောက်လေးတွေကို သေချာကြည့်ပြီး သူတို့တွေရဲ့ အကြောင်းသိနိုင်ပါတယ်။

A: ညီညွတ် မျှတစွာ နေထိုင်တတ်ပြီး မိတ်ဆွေ သူငယ်ချင်းပေါများတဲ့သူ

သင့်ရဲ့ခြေချောင်းလေးတွေက ခြေမဖက်ကနေ ခြေသန်းထိ တစ်ဖြည်းဖြည်း နိမ့်ဆင်းနေပါသလား။ ဒီအတိုင်း ဖြစ်နေရင်တော့ သင်ဟာ နှစ်ဦးနှစ်ဖက် မျှတအောင် ပေါင်းသင်း ဆက်ဆံတတ်တယ် ဆိုတာ ဖေါ်ပြနေပါတယ်။

သင်ဟာ စကားပြောရတာကို ကြိုက်နှစ်သက်တတ်သူပါ။ လူသစ်တွေနဲ့လည်း ရှိန်တာတွေ ဘာတွေမရှိဘဲ ရင်းနှီးနွေးထွေးစွာ ဆက်ဆံတတ်ပါတယ်။ သင် အဲ့ဒီလိုတွေ ဖော်ရွေလွန်းတာကြောင့် သင့်ကို လူတွေက “အပေါ်ယံလား” ဆိုတာမျိုးတောင် မြင်တတ်ကြပါတယ်။

B: ဖန်တီးနိုင်စွမ်းရှိပြီး ဘယ်အလုပ်မဆို စိတ်အားထက်သန်စွာ လုပ်တတ်သူ

သင့်ရဲ့ ခြေညိုးက အခြားခြေချောင်းတွေထက် ရှည်နေပါသလား။ ဒါကတော့ သင့်ခြေညိုးက သင်ဟာ ဖန်တီးနိုင်စွမ်းရှိတဲ့သူ ဆိုတာကို ဖော်ပြနေတာပါ။                                သင်ဟာ သင်ယူရတာကို နှစ်သက်တယ်။ သင့်ကိုယ်ပိုင် အမြင်နဲ့ ဘာတွေကို ဘယ်လိုဖန်တီးမယ် ဆိုပြီး ကိုယ့်ကိုယ်ကို စိန်ခေါ်ရတာကို သဘောကျတတ်တယ်။ ဘာပဲဖြစ်ဖြစ် ဂရုတစိုက်တော့ လုပ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလို စိတ်ထက်သန်မှုတွေက စိတ်ဖိစီးမှုတွေ ဖြစ်စေတတ်ပြီး မနိုင်ဝန်ထမ်းသလို ဖြစ်စေတတ်လို့ပါ။ ကောင်းတာတစ်ခုကတော့ သင်ဟာ ဒီလိုတွေဖြစ်လာရင်လည်း ဖြေရှင်းရမယ့် နည်းလမ်းကို သိနေတတ်တာပါပဲ။

C: လူအများက အားကိုးယုံကြည်ရပြီး သတိဝီရိယရှိသူ

သင့်ရဲ့ခြေချောင်းတွေအားလုံး တစ်ညီတစ်ညာတည်း ဖြစ်နေပါသလား။ ဒါကတော့ သင့်ရဲ့ သစ္စာရှိတဲ့ ကိုယ်ကျင့်တရားကို ဖော်ပြနေပါတယ်။

သင်ဟာအေးဆေး တည်ငြိမ်ပြီး ဆင်ခြင်တုံတရားရှိတဲ့ သူမျိုး ဖြစ်ပါတယ်။ ဒါကပဲ သင့်ကို လူအများက အားကိုးရတဲ့ သူတစ်ယောက် ဖြစ်စေတာပါ။ လူတွေက မကြုံဘူးတဲ့ အခက်အခဲတွေ ကြုံလာရင် ဒါမှမဟုတ် အလျှင်အမြန် ဆုံးဖြတ်ရမယ့် ကိစ္စတွေရှိလာရင် သင့်ဆီပဲ ပြေးလာတတ်ကြပါတယ်။ သူများတွေကို ကူညီရင်း ကိုယ့်အရေးကိစ္စတွေ မေ့နေတာမျိုး မဖြစ်ဖို့တော့ ဂရုစိုက်သင့်ပါတယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

တိုက်ဆိုင်တာ ရှိရင် သူငယ်ချင်းတွေနဲ့လည်း Share ပါ။