အပတ်စဉ် ဂန္ထဝင်ဗေဒင် ( မတ်လ ၁၈ ရက်မှ ၂၄ ရက်နေ့အထိ )

blank
တနင်္လာသားသမီး

ဒီအပတ်မှာ ငွေကြေးနဲ့ပတ်သက်ပြီး စိုးရိမ်ရတတ်ပါတယ်။ ပြဿနာလေးတွေ ပေါ်လာတဲ့အခါ သင့်ဘက်က ရိုးရိုးသားသားနဲ့ ဖြေရှင်းနိုင်ပါလိမ့်မယ်။ အလုပ်အသစ်တွေ စလုပ်တဲ့အခါ အခက်အခဲ တွေရှိနိုင်ပေမဲ့ သိပ်မကြာခင်မှာပဲ အဆင်ပြေသွားတတ်ပါတယ်။ အချစ်ရေးမှာ တစ်ယောက်နဲ့ တစ် ယောက် အပြန်အလှန်အလျှော့ပေးနေလို့ ပြေလည်နေတတ်ပါတယ်။

ယတြာ- ညနေတိုင်း တရားထိုင်ပါ။

အင်္ဂါသားသမီး

ဒီအပတ်မှာ ပြဿနာတွေနဲ့ကြုံရတဲ့အခါ အဆင်သင့်ကြိုတင်ပြင်ဆင်ထားခြင်းဖြင့် အဆင်ပြေ သွားပါလိမ့်မယ်။ မျှော်လင့်မထားတဲ့သူတွေဆီက အကူအညီတွေရတတ်တယ်။ အချစ်ရေးမှာ ကြားလူ ကြောင့် ပြဿနာတက်တတ်တယ်။

ယတြာ- မိဘမဲ့ကျောင်းမှာ တတ်နိုင်သလောက် အစားအသောက်ကုသိုလ်ပြုပါ။

ဗုဒ္ဓဟူးသားသမီး

ဒီအပတ်မှာ လူတိုင်းနဲ့သဟဇာတဖြစ်အောင် နေခြင်းဖြင့် သင့်ဘဝတောက်ပလာပါလိမ့်မယ်။ စိတ်လှုပ်ရှားစရာခရီးစဉ်တွေ သွားရတတ်တယ်။ အချစ်ရေးမှာ အနာဂတ်ဖူးစာရှင်နဲ့ ဆုံရပါလိမ့်မယ်။

ယတြာ- ခရီးသွားတဲ့အခါ အနက်ရောင်ကိုရှောင်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကြာသပတေးသားသမီး

ဒီအပတ်မှာ စိတ်ဖိအားတွေ အရမ်းများနေတတ်ပါတယ်။ ဒါပေမဲ့ ဖြစ်ပေါ်လာသမျှအခက်အခဲ၊ ပင်ပန်းမှုတွေကို စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ကျော်လွှားနိုင်ပါလိမ့်မယ်။ အလျှော့မပေးတတ်တဲ့အကျင့်ကြောင့် အလုပ်ပြီးမြောက်နေပါလိမ့်မယ်။ တစ်ကိုယ်တည်းဘဝနဲ့ပဲ ဖြတ်သန်းနေရတတ်ပါတယ်။

ယတြာ-  လမ်းဘေးခွေးလေးတွေကို ထမင်းကျွေးပါ။

သောကြာသားသမီး

ဒီအပတ်မှာ သင့်ဘဝ၊ သင့်အပြုအမူနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေအပေါ် သင့်ပျော်ရွှင်မှုကိုပဲ ရှေးရှုပြီး စိုးရိမ်စရာတွေကို ကျော်ဖြတ်နိုင်ပါလိမ့်မယ်။ စစ်မှန်တဲ့သူငယ်ချင်းကောင်းတွေ ပေါ်လာ တတ်ပါတယ်။ အချစ်ရေးမှာ ရှေ့မတိုးဘဲ နောက်ပြန်ဆုတ်နေတဲ့အနေအထားပါ။

ယတြာ- တံတားခင်း ကုသိုလ်ပြုပါ။

စနေသားသမီး

ဒီအပတ်မှာ ပေါ်လာသမျှ အလုပ်ကိစ္စတွေနဲ့ သင့်အရည်အချင်းတွေနဲ့ ကွက်တိဖြစ်နေပါ လိမ့်မယ်။ ငွေကြေးအသုံးစရိတ်တွေ များနေတတ်တယ်။ အချစ်ရေးမှာ ပြောင်းလဲမှုမရှိသေးပါ။

ယတြာ- ပဌာန်းများများရွတ်ပါ။

တနင်္ဂနွေသားသမီး

ဒီအပတ်မှာ မိတ်ဆွေတုနဲ့ မိတ်ဆွေစစ်တွေအကြောင်း ကွဲကွဲပြားပြားသိရပါလိမ့်မယ်။ အိမ် တွင်းရေးပြဿနာတွေနဲ့ ရင်ဆိုင်ရတတ်တာကြောင့် အတန်ငယ်စိတ်ရှုပ်နေရမယ်။  အချစ်ရေးမှာ ကြားလူဝင်နှောင့်ယှက်မှုကြောင့် ဝေးရတတ်တယ်။

ယတြာ- ဒီအပတ်အတွင်း အပြာရောင်အဝတ်အထည်ကို အများဆုံးဝတ်ဆင်ပါ။

တခြားသူတွေအတွက်လည်း SHARE ပေးလိုက်ပါဦးနော်။