နွေရာသီကို အပြုံးမပျက်ဖြတ်ကျော်နိုင်စေဖို့ အသားအရေထိန်းသိမ်းနည်းလေးများ

blank

ပျိုမေတို့ရေ…

ရွက်ခြောက်တွေကြွေပြီး နေပူဒဏ်ပြင်းတဲ့နွေရာသီကိုတော့ ရောက်လာပြီပေါ့။ အလုပ်တစ် ဖက်နဲ့ အပြင်ထွက်နေရတဲ့ ပျိုမေတို့အတွက် နေလောင်ဒဏ်ကလည်း တကယ်ကို စိတ်ပူစရာပါ။ နေ လောင်ပြီးတဲ့အခါ  အသားအရေပြန်ကောင်းဖို့ ထိန်းသိမ်းရတဲ့အလုပ်ကလည်း မလွယ်ဘူးလေနော်။

အထူးသဖြင့် နွေရာသီမှာ အားလုံးပျော်ကြတဲ့ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကလည်း ရှိနေတော့ နွေရာသီအသားအရေထိန်းသိမ်းနည်းလေးတွေသိထားဖို့ ပိုလိုအပ်လာပြီပေါ့။ နည်းလမ်းလေးတွေ ပြောပြမယ်နော်။

၁။ မျက်နှာသစ်ဆပ်ပြာပြောင်းသုံးပါ။

ပူပြီးစွတ်စိုတဲ့ရာသီဥတုဖြစ်တာကြောင့် ဒီရာသီမှာ မျက်နှာက ပိုပြီးအဆီပြန်ပါတယ်။ အဆီပြန် ခြင်းက မျက်နှာပေါ်က ချွေးပေါက်တွေကို ပိတ်စေပြီး ဝက်ခြံဖြစ်စေပါတယ်။ ဒါကြောင့် နွေရာသီမှာ salicylic acid ပါဝင်တဲ့ မျက်နှာသစ်ဆပ်ပြာကို သုံးသင့်ပါတယ်။ ခြောက်သွေ့တဲ့အသားအရေနဲ့ ပေါင်း စပ်အသားအရေပိုင်ရှင်တွေက သာမန်ဆပ်ပြာထက်ပျော့တဲ့ non-soapy ကို သုံးပါ။

၂။ နေရောင်ကာခရင်မ် (Sunscreen) လိမ်းပါ။

နေလောင်ဒဏ်က အရေးအကြောင်းတွေ၊ အမည်းစက်တွေနဲ့ အိုမင်းမှုတွေကို ဖြစ်စေပါတယ်။ ဒါကြောင့် အနည်းဆုံး SPF 30 ပါဝင်တဲ့ sunscreen ကို မျက်နှာတစ်ခုတည်းတင်မဟုတ်ဘဲ ခြေ၊ လက် တွေကိုပါ တစ်နေ့နှစ်ကြိမ်လိမ်းပေးပါ။

၃။ အင်တီအောက်ဆီဒင့်စ်ကို ဖြည့်တင်းပေးပါ။

Serums၊ Moisturizers တွေဟာ အင်တီအောက်ဆီဒင့်စ်ဆီက လာတာပါ။ ဗီတာမင် စီ က လည်း အသားအရေကို လေထုညစ်ညမ်းမှုကနေ ကာကွယ်ပေးပြီး ကော်လာဂျင်ကို မြှင့်တင်ပေးပါ တယ်။ ဒါ့အပြင် နေ့စဉ်အစားအသောက်တွေထဲမှာလည်း နာနတ်သီး၊ အရည်ရွှမ်းတဲ့ အသီးများ၊ ဘယ်ရီသီး၊ ပင်လယ်စာနဲ့ ဟင်းသီးဟင်းရွက်တွေကို ထည့်သွင်းစားသောက်ပေးပါ။

၎။ ရေဓာတ်ပြည့်ဝအောင်သောက်ပါ။

သွားလေရာကို ရေဘူးဆောင်သွားပြီး ရေဓာတ်ပြည့်ဝအောင် သောက်ပေးဖို့ မမေ့ပါနဲ့။ ရေက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး နွေရာသီမှာ အားအင်ပြည့်ဝပြီး လန်းဆန်း စေပါတယ်။

၅။ SPF ပါဝင်တဲ့ အလှကုန်တွေကို သုံးပါ။

ရာသီဥတုစွတ်စိုပူပြင်းနေချိန်မှာ အသားအရေက ပိတ်ဆို့မနေဖို့ အရေးကြီးလှပါတယ်။ ဒါကြောင့် မိတ်ကပ်လိမ်းရင် Moisturizer နဲ့ SPF ပါဝင်တဲ့ အလှကုန်တွေကိုသုံးပြီး ပါးပါးပဲလိမ်းပါ။ မျက်လုံးတွေကိုလည်း အများကြီးမခြယ်ပါနဲ့။

၆။ ချေးချွတ်ပါ။

ချေးချွတ်ခြင်းက အသားအရေရဲ့ဆဲလ်သေတွေကို ကူညီဖယ်ရှားပေးပါတယ်။ ဆိုင်မှာ မလုပ် ဖြစ်ရင်တောင် အိမ်မှာပဲ သကြားကိုအသုံးပြုပြီး ချေးချွတ်ပေးလို့ရပါတယ်။

၇။ တိုနာလိမ်းပါ။

နွေရာသီမှာ လုံးဝလိမ်းသင့်တာက တိုနာပါပဲ။ တိုနာက အသားအရေကို အဆီပြန်ခြင်း ကင်း ဝေးစေပြီး သန့်ရှင်းစေပါတယ်။ ချွေးပေါက်ကျယ်တာကိုလည်း လျှော့ချပေးပါတယ်။ လိမ်းတဲ့အခါ မျက်နှာပေါ်က T-zone ကို အဓိကလိမ်းပေးပါ။ 

၈။ အစိုဓာတ်ထိန်းခရင်မ်(Moisturizer) လိမ်းပါ။

နွေရာသီမို့ Moisturizer မလိုအပ်ဘူးထင်ရင် မှားပါလိမ့်မယ်။ အဆီလည်းမပါ၊ နေ့ခင်းလည်း အသုံးပြုလို့ရတဲ့ SPF ပါဝင်တဲ့ Moisturizer ကို ရွေးချယ်လိမ်းသင့်ပါတယ်။

၉။ လေ့ကျင့်ခန်းလုပ်ပါ။

ချွေးထွက်ပြီး ပူအိုက်စွတ်စိုတဲ့ရာသီဥတုဖြစ်ပေမဲ့ ကျန်းမာလှပတဲ့အသားအရေကိုပိုင်ဆိုင်ဖို့ လေ့ကျင့်ခန်းလည်း ပြုလုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး အသားအရေရဲ့ဆဲလ်တွေကို အောက်ဆီဂျင်ပိုမိုရရှိစေပါတယ်။

၁ဝ။ ရေအေးနဲ့ချိုးပါ။

နွေရာသီမှာ ရေနွေးနဲ့ချိုးတာက အသားအရေကို ရေဓာတ်ခန်းခြောက်စေပါတယ်။ ရေအေးနဲ့ ချိုးတာက ချွေးပေါက်ပွင့်စေပြီး ဝက်ခြံမထွက်အောင် ကာကွယ်ပေးပါတယ်။ အသားအရေကိုလည်း ပိုလန်းဆန်းစေပါတယ်။

ရိုးရှင်းပြီးလွယ်ကူတဲ့နည်းလမ်းလေးတွေမို့ ပျိုမေတိုင်းအတွက် အဆင်ပြေစေမှာပါနော်။ ပိုပြီး ပျော်သွားစေမယ့် သတင်းကောင်းလေးတစ်ခုလည်း ပေးစရာရှိပါသေးတယ်။ မတ်လ ၁၄ ရက်နေ့က နေ မတ်လ ၂၇ နေ့အထိ City Mart ဆိုင်ခွဲတွေအားလုံးမှာ Health & Beauty Fair ကို ကျင်းပနေ ပါတယ်။ ဘာတွေရနိုင်လဲဆိုရင် ပျိုမေတို့နွေရာသီအတွက် အထူးလိုအပ်တဲ့ SPF ပါတဲ့ Skincare products တွေ၊ colour cosmetic တွေကို တစ်နေရာတည်းမှာ Brand မျိုးစုံဝယ်ယူနိုင်မှာပါ။

ထူးခြားတဲ့တခြားအစီအစဉ်အနေနဲ့ကတော့ City Mart Myay Ni Ghone, City Mart Thamine, City Mart Shwe Pin Lon နဲ့ City Mart 19th Street (မန္တလေး) တို့ရဲ့ Centre Promotion Area တွေမှာ ငွေကျပ် ၂၅ဝဝဝ ကျပ်နဲ့အထက် ဝယ်ယူသူတိုင်းကို ဗလာမပါ Lucky Draw ကံစမ်းမဲလေးတွေ ပြန်ပေးအပ်သွားမှာပါ။

ကဲ… Health & Beauty Fair ကို အတူသွားဖို့ သူငယ်ချင်းလေးတွေကိုလည်း mention ခေါ် လိုက်ပါဦးနော်။

ပျိုမေများ အလှအပဆိုင်ရာဗဟုသုတလေးတွေရရှိစေဖို့ ဂန္ထဝင်မဂ္ဂဇင်းနဲ့ City Mart တို့မှ ပူး ပေါင်းတင်ဆက်ထားပါတယ်။