နေ့နံအလိုက် ဘယ်လိုချစ်တတ်တာလဲ။

blank
တနင်္ဂနွေသားသမီး

သိုသိုသိပ်သိပ်နေတတ်တဲ့ တနင်္ဂနွေသားသမီးလေးတွေဟာ အချစ်ရေးနဲ့ ပတ်သက်လာရင်တော့ မြိုသိပ်တတ်သူလေးတွေပါ။ ချစ်သူအပေါ်မှာ ချစ်ကြောင်းတဖွဖွ မပြောတတ်ပေမယ့် ချစ်တဲ့အကြောင်းကို ဂရုစိုက်ခြင်းတွေ၊ ကြင်နာမှုတွေနဲ့ ပြသတတ်သူလေးတွေပါ။ သစ္စာတရားနဲ့ပတ်သက်ပြီး ခြွင်းချက်မရှိယုံကြည်လို့တာက တနင်္ဂနွေသားသမီးလေးတွေပါ။ မြိုသိပ်တတ်လွန်းတဲ့ အကျင့်ကြောင့်အချစ်ရေးမှာ အဖုအထစ်လေးတွေဖြစ်တတ်ပါတယ်။

တနင်္လာသားသမီး

ပွင့်လင်းရိုးသားတဲ့ တနင်္လာ သားသမီးလေးတွေဟာ အချစ်ရေးနဲ့ပတ်သက်ရင် စွန့်စားတတ်သူလေးတွေပါ။ ချစ်သူအပေါ်မှာ အလျှော့ပေးတတ်သလို တစ်ခါတလေမှာ နွဲ့ဆိုးဆိုးတတ်ပါတယ်။ ချစ်တဲ့အကြောင်းတွေကို စာဖွဲ့ပြီး ကဗျာဆန်ဆန်ပြောတတ်သလို အံ့သြစရာတွေနဲ့ ချစ်သူကိုပျော်ရွှင်အောင် လုပ်ပေးတတ်ကြပါတယ်။ အစွဲအလန်းကြီးလွန်းတာ၊ သဝန်တိုလွန်းတာတွေကြောင့် အချစ်ရေးမှာ ကတောက်ကဆလေးတွေဖြစ်တတ်ပါတယ်။

အင်္ဂါသားသမီး

ကြင်နာမှုပြည့်ဝတဲ့ အင်္ဂါသားသမီးလေးတွေဟာ အချစ်ရေးနဲ့ပတ်သက်လာရင် အဖြည့်ခံလေးတွေပါ။ ချစ်သူရဲ့ အရိပ်အကဲကို ကြည့်ပြီး လိုတာလေးတွေ ဖြည့်ဆည်းပေးနေရရင် ပျော်ရွှင်နေတတ်ပါတယ်။ တစ်ယောက်ဆိုတစ်ယောက်စွဲစွဲမြဲမြဲချစ်တတ်ပြီး ချစ်သူနဲ့သာယာပျော်ရွှင်တဲ့ ဘဝခရီးအတွက် ရင်ခုန်စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေတတ်ကြပါတယ်။ သွေးအေးလွန်းတာ၊ လူကြီးဆန်လွန်းတာ စတာတွေကြောင့် ချစ်သူရဲ့အားမလိုအားမရနဲ့ အပြစ်တင်ပြောဆိုတာတွေ ခံရတတ်ပါတယ်။

ဗုဒ္ဓဟူးသားသမီး

စိတ်မြန်လက်မြန်နဲ့ စိတ်အပြောင်းအလဲမြန်တဲ့ ဗုဒ္ဓဟူးသားသမီးလေးတွေဟာ အချစ်ရေးမှာတော့ စွန့်စားတတ်သူလေးတွေပါ။ ချစ်သူအပေါ်မှာ ပြင်းပြင်းပျပျ ချစ်တတ်ပြီး မျက်စိရှေ့ကအပျောက်မခံနိုင်လောက်အောင် စွဲစွဲလန်းလန်းချစ်တတ်သူလေးတွေဖြစ်ပါတယ်။ ချစ်သူအပေါ်မှာချစ်တတ်ပေမယ့် မိမိလိုချင်တာကို ဦးစားပေးတတ်တဲ့အတွက် အဆင်မပြေတာလေးတွေ ကြုံရတတ်ပါတယ်။ ချစ်သူကို အရင်ဆုံးစိတ်ကောက်ပြီး အရင်ဆုံးစချော့တတ်သူလေးတွေပေါ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကြာသပတေးသားသမီး

အေးဆေးတည်ငြိမ်တဲ့ ကြာသပတေးသားသမီးလေးတွေဟာ အိနြေ္ဒရရချစ်တတ်သူလေးတွေပါ။ အချစ်ကြောင့် ရင်ထဲမှာ လှုပ်ခတ်နေရင်တောင် တည်တည်ငြိမ်ငြိမ်နေတတ်သူလေးတွေပေါ့။ ချစ်သူပျော်နေတာ အဆင်ပြေနေတာကို အဝေးကနေလှမ်းကြည့်ပြီး ပျော်နေတတ်သူတွေ၊ ချစ်သူရဲ့ လိုအပ်ချက်လေးတွေကို တိတ်တဆိတ်ဖြည့်ဆည်းပေးတာနဲ့တင် ကျေနပ်နေတတ်သူလေးတွေပါ။ အချစ်တွေကို ဖုံးကွယ်ထားတတ်လွန်းတာကြောင့် ချစ်သူနဲ့အဆင်မပြေတာမျိုးတွေဖြစ်တတ်ပါတယ်။

သောကြာသားသမီး

မေတ္တာတရားကို တန်ဖိုးထားတတ်တဲ့ သောကြာသားသမီးလေးတွေဟာ အချစ်ရေးနဲ့ပတ်သက်လာရင် ကိုယ်ကိုယ်တိုင်က ချစ်သူကိုဂရုစိုက်တတ်သလို ဂရုစိုက်ခံချင်သူလေးတွေပါ။ ချစ်သူရဲ့ ဂရုစိုက်မှုတွေ၊ ကြင်နာမှုတွေကို လိုချင်တတ်ကြတယ်။ ချစ်သူနားမှာအရိပ်လိုနေပြီး ဂရုစိုက်ခံချင်သူလေးတွေပါ။ ချစ်သူပေါ်မှာ မှီခိုအားထားလွန်းတာကြောင့် ချစ်သူနဲ့စကားများငြင်းခုံတာမျိုးဖြစ်တတ်ပါတယ်။

စနေသားသမီး

ပွင့်လင်းတယ်၊ ရိုးသားတယ်၊ စိတ်ကြီးတယ်ဆိုတဲ့ စနေသားသမီးလေးတွေဟာ အချစ်ရေးနဲ့ပတ်သက်လာရင်လည်း ညီမျှခြင်းဆိုတဲ့ လက္ခဏာကိုလက်ခံထားသူလေးတွေပါ။ သိက္ခာတရားနဲ့ မာနကို လက်ကိုင်ထားတတ်ပြီး ပေးသလောက်အချစ်တွေ ပြန်ပေးမယ်၊ ရသလောက်ဂရုစိုက်ခြင်းတွေ ပြန်ပေးမယ်ဆိုတာ မျိုးလေးတွေပါ။ ချစ်သူကို အစွမ်းကုန်ကူညီတတ်ပေမယ့် ပြာလောင်ခတ်နေအောင် ဂရုစိုက်တာမျိုးတော့ မလုပ်တတ်ပါဘူး။ စိတ်မြန်လက်မြန်ရှိတတ်တဲ့ အကျင့်လေးကြောင့် အချစ်ရေးမှာ အဖုအထစ်လေးတွေဖြစ်တတ်ပါတယ်။