ချွေးထွက်များရင် ဘာကြောင့် ခေါင်းကိုက်တာလဲ။

 မိတ်ဆွေတို့ရေ…

နေ့စဉ်နဲ့အမျှ သွားလာလှုပ်ရှားနေကြရတဲ့ ကျွန်မတို့တွေအတွက် ခေါင်းကိုက်ခြင်းဆိုတာလည်း ကင်းနိုင်တဲ့အရာ မဟုတ်ပါဘူးနော်။ ကျွန်မတို့တွေဟာ အလုပ်မှာ အာရုံစူးစိုက်မှုတွေများလို့ ခေါင်း ကိုက်ကြတယ်။ စိတ်ဖိစီးမှုတွေကြောင့် ခေါင်းကိုက်ကြတယ်။ တစ်ခါတလေ အလုပ်တွေထဲ နစ်ပြီး ကိုယ့်အတွက်ကိုယ် အနားယူဖို့ မေ့နေတာကြောင့်လည်း ခေါင်းကိုက်ဝေဒနာခံစားကြရပါတယ်။

တစ်ခါတလေကျတော့လည်း ချွေးထွက်တာနဲ့ အလိုလိုခေါင်းကိုက်လာတာလည်း ရှိပါတယ်။ အတော်များများကတော့ ချွေးထွက်တာနဲ့ ဘာကြောင့် ခေါင်းကိုက်ရလဲဆိုတာကို မသိကြပါဘူး။

တကယ်တော့ ဒါဟာ ရေဓာတ်ခန်းခြောက်တာကြောင့်ဖြစ်ပါတယ်။ ချွေးထွက်ပြီးတဲ့နောက်မှာ ခန္ဓာကိုယ်ရဲ့လုပ်ဆောင်ချက်တွေ စနစ်တကျဖြစ်ဖို့ မရှိမဖြစ်လိုအပ်တဲ့အရည်တွေ ဆုံးရှုံးသွားပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်သွားတဲ့အခါ ဦးနှောက်ဟာ ယာယီကျုံ့သွားပြီး ဦးခေါင်းခွံကနေ ဆွဲ ယူလိုက်သလို ဖြစ်သွားစေပါတယ်။ ရလဒ်အနေနဲ့ ရေဓာတ်ခန်းခြောက်ခြင်းပြီး ခေါင်းကိုက်ခြင်းကို ဖြစ် ပေါ်စေတာပါ။ ရေဓာတ်ခန်းခြောက်ခြင်းကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ဝေဒနာသက်သာဖို့ဆိုရင်…

  • ရေကို တတ်နိုင်သမျှ ချက်ချင်းသောက်ပါ။ များများသောက်ပါ။
  • ရေမရှိရင် ခွန်အားဖြည့်အချိုရည်တစ်ခုခုသောက်ပါ။
  • Biogesic လို အကိုက်အခဲပျောက်ဆေးကို သောက်ပါ။

ခေါင်းကိုက်ခြင်းဆိုတာ ကြာလာတဲ့အခါ လုပ်ငန်းခွင်မှာ စိတ်မကြည်လင်မှု၊ လုပ်ဖော်ကိုင်ဖက် တွေနဲ့ ပေါင်းသင်းဆက်ဆံရေးအပြင် ကျွန်မတို့ရဲ့ စွမ်းဆောင်ရည်ကိုပါ ထိခိုက်စေတဲ့အတွက် ခေါင်း ကိုက်ဝေဒနာဖြစ်ပေါ်လာပြီဆိုရင် မြန်မြန်အဖြေရှာပြီး သက်သာပျောက်ကင်းအောင် ကုသတာ အ ကောင်းဆုံးပါပဲ။

ခေါင်းကိုက်ဝေဒနာကင်းဝေးပြီး ကျန်းမာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

စာချစ်သူများကျန်းမာရေးဗဟုသုတရစေဖို့ ဂန္ထဝင်မဂ္ဂဇင်းနဲ့ Biogesic တို့မှ ပူးပေါင်းတင်ဆက် ထားပါတယ်။