ကစားခွင့်ပေး…မေမေ

မေမေရေ…။

ကျောင်းကဆရာမကပြောတယ်။ ကလေးတစ်ယောက် ပုံမှန်ကြီးထွားဖွံ့ဖြိုးဖို့ နေ၊လေ၊မြေနဲ့ သဘာဝတရားတွေနဲ့ ထိတွေ့ပြီးကစားဖို့လည်း လိုတယ်တဲ့။ ဒါပေမဲ့ သားသဲတွေ၊ မြေကြီးတွေ၊ ရေတွေနဲ့ဆော့တိုင်း မေမေအမြဲဆူတယ်။ မြေကြီးမှာပါတဲ့ ပိုးမွှားတွေကြောင့် နေမကောင်းဖြစ်လိမ့်မယ်လို့မေမေတားတယ်။ အဲ့ဒါနဲ့ပဲ သားဟာ အိမ်ထဲမှာပဲ အောင်းလိုက်ရတယ်မေမေ။

မေမေရေ…။

သားနဲ့ရွယ်တူသူငယ်ချင်းတွေ မိုးဖွဲဖွဲမှာ ဘောလုံးကန်ကြတော့ သားအားကျလိုက်တာ။ ပြေးလိုက်လွှားလိုက်နဲ့ အော်ဟစ်ရယ်မောနေကြတာ သားအိမ်ထဲကနေတောင် ကြားရတယ်။ သားလည်းကစားချင်လို့ မေမေ့ဆီကခွင့်တောင်းတော့ အဆူခံရပြန်တယ်။ မိုးရေကြောင့်အဆုတ်အအေးပတ်ပြီး ဖျားလိမ့်မယ်တဲ့။ နောက်နေ့ကျောင်းရောက်တော့ သားသူငယ်ချင်းတွေ ဘယ်သူမှဖျားမနေခဲ့ဘူးမေမေ။ ကောင်းကောင်းကစားခဲ့ရလို့ လန်းဆန်းတက်ကြွနေတာကိုတော့ သားမြင်ခဲ့ရတယ်။

မေမေရေ….။

အိမ်ထဲမှာ ကားတွေ အရုပ်တွေနဲ့ ရှုပ်ပွနေအောင်ကစားရင်လည်း အဆူခံရပြန်တယ်။ သားမွေးနေ့မှာ ရတဲ့ စက်ရုပ်ကြီးတွေ ဘောလုံးတွေကိုလည်း ဘီဒိုထဲမှာလှလှလေးစီပြီး မေမေသိမ်းထားပြန်တယ်။ ဆော့ရင်းနဲ့ သားထိခိုက်ဒဏ်ရာရသွားမှာ၊ အရုပ်တွေ ကြိုးပဲ့သွားမှာ အိမ်ရှုပ်မှာစိုးလို့တဲ့လေ။ အဲ့ဒီအရုပ်တွေဟာ နောက်ငါးနှစ်လောက်နေရင် သားလုံးဝစိတ်ဝင်စားမှာ မဟုတ်ဘူးဆိုတာ မေမေသိမှသိပါလေစ။ သားကြီးလာတဲ့အခါ ငယ်ငယ်က ရခဲ့တဲ့ ပျော်ရွှင်မှုတွေကို မှတ်မိနေမှာလား၊ ရှင်းပြောင်နေတဲ့အိမ်အကြောင်းကို သတိရနေမှာလား ဆိုတာကို မေမေပဲစဉ်းစားကြည့်ပါ။

မေမေရေ…။

ကလေးလေးတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေအတွက် ကစားဖို့သိပ်လိုတယ်မေမေ။ ရွှံ့လေးတွေ၊ သဲလေးတွေနဲ့ကစားတယ်ဆိုရင် အပျော့အမာ၊ ရေဓာတ်စတဲ့ အကြောင်းအရာလေးတွေကို သင်ယူနိုင်သလို လက်ချောင်းကြွက်သားလေးတွေကိုလည်း သန်မာလာစေတယ်။ သူငယ်ချင်းတွေနဲ့ စုပေါင်းကစားတဲ့အတွက် ပေါင်းသင်းဆက်ဆံရေး စွမ်းရည်တွေကို သင်ယူနိုင်တယ်မေမေ။

ဒါ့ကြောင့် သားကိုကစားခွင့်ပေးပါမေမေ။

မေမေစိုးရိမ်နေသလို ဖျားနာမှာ အအေးမိမှာ ဒဏ်ရာတွေရမှာကိုလည်း မစိုးရိမ်ပါနဲ့။ သားသူငယ်ချင်းတွေသောက်တဲ့ Ceelin က သားတို့ကလေးတွေရဲ့ ကိုယ်ခံစွမ်းအားတွေကို မြင့်တင်ပေးပြီး အလွယ်တကူမဖျားနာအောင် ကာကွယ်ပေးသလို သားတို့ကစားရင်းနဲ့ရတဲ့ ဒဏ်ရာလေးတွေကိုလည်း မြန်မြန်သက်သာစေတယ်မေမေရဲ့။ သားကသူတို့အမေတွေက သူတို့ကို စိတ်ချလက်ချ ကစားခွင့်ပေးထားတာ ဒီတိုင်းထင်နေတာ။ ဘယ်ဟုတ်မလဲ ကိုယ်ရံတော်လေး Ceelin တိုက်ထားလို့ စိတ်ချလက်ချလွှတ်ထားတာကိုးဗျ။

မေမေရေ…သားရဲ့ ကစားချင်တဲ့ စိတ်ကလေးကိုတော့ မပြောင်းခိုင်းပါနဲ့ဗျ။

သားသောက်နေတဲ့ အားဆေးလေးကိုပဲ ပြောင်းပေးပါ။

စာချစ်သူတို့အတွက် ကျန်းမာရေးဗဟုသုတလေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Ceelin တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။