နိုင်ငံတကာ ကျောင်းတွေမှာ တက်ဖို့စဉ်းစားနေတယ်ဆိုရင်…

blank

စာချစ်သူတို့ရေ…။

ဖွံ့ဖြိုးတိုးတက်လာတဲ့ ယနေ့ခေတ်ကြီးမှာ မိဘတွေအနေနဲ့ သားသမီးတွေရဲ့ ပညာရေးအတွက် တတ်နိုင်ရင် တတ်နိုင်သလောက် ရင်းနှီးမြှပ်နှံမှုတွေ လုပ်လာတာကို တွေ့ရပါတယ်။ နိုင်ငံတကာကလာဖွင့်တဲ့ ကျောင်းတွေကလည်း ပြည်တွင်းမှာပဲ အလွယ်တကူရွေးချယ်ပြီး တက်ရောက်နိုင်ပြီဆိုတော့ ပညာရေးအတွက် အားရစရာပဲ မဟုတ်လား။ အချို့နိုင်ငံတကာ ကျောင်းတွေဆိုရင် ပြည်တွင်းမှာ တစ်ဝက်တက်ပြီး မိမိနှစ်သက်တဲ့ ပြည်ပနိုင်ငံတွေမှာ ဆက်လက်ပြီးတက်နိုင်အောင် ချိတ်ဆက်ထားတယ်ဆိုတော့ ပိုလို့တောင် အဆင်ပြေတာပေါ့။

ဒါ့ကြောင့် နိုင်ငံတကာ ကျောင်းတွေမှာ တက်ဖို့စဉ်းစားနေတဲ့ တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်ပြီး ကျောင်းသား၊ သူများအတွက် အကြံပြုချက်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ ကျောင်းတွေရဲ့ သင်ရိုး၊ သင်ကြားနည်းတွေအကြောင်း၊ ဈေးနှုန်းတွေအကြောင်း သိအောင်လေ့လာထားပါ။

၂။ သင်ရိုးပြင်ပ လှုပ်ရှားမှုတွေ၊ ဝါသနာပါရာအတွက် လုပ်ဆောင်နိုင်တဲ့ အခြားလှုပ်ရှားမှုတွေပါရဲ့လား ဆိုတာကို စုံစမ်းပါ။

၃။ ကျောင်းရဲ့အရွယ်အစား၊ စာသင်ခန်းတွေရဲ့ အရွယ်အစားတွေက ကျယ်ဝန်းရဲ့လား၊ သက်တောင့်သက်တာရှိပြီး ပညာသင်ယူရေးမှာ အထောက်အကူပြုနိုင်ရဲ့လားဆိုတာ လေ့လာကြည့်ရှုပါ။

၎။ ကျောင်းရဲ့တည်နေရာက သွားရလွယ်ရလွယ်ကူလား၊ ဆိတ်ငြိမ်ပြီး အာရုံစူးစိုက်မှုကောင်းမွန်စေတဲ့ ပတ်ဝန်းကျင်မှာ ရှိရဲ့လားဆိုတာကို စူးစမ်းလေ့လာပါ။

၅။ ကျောင်းဝင်ကြေး၊ ကျောင်းလခတွေက သင့်တင့်ရဲ့လား။ အခြားကျောင်းတွေရဲ့ ဈေးနှုန်းတွေ ဝန်ဆောင်မှုတွေနဲ့ ယှဉ်ကြည့်ပါ။ တချို့ကျောင်းတွေမှာ ထူးချွန်ကျောင်းသားတွေကို ပညာသင်ကြားစရိတ်အဖြစ် လျော့ပေးတာမျိုးတွေ ရှိတတ်ပါတယ်။

၆။ ကျောင်းရဲ့ စာမေးပွဲစစ်တဲ့ ပုံစံ၊ Grade ပေးတဲ့ စနစ်၊ ပရောဂျက်တွေ၊ thesis တွေအကြောင်း ကို သိအောင် စုံစမ်းပါ။

၇။ သင်ကြားမယ့် ဆရာတွေရဲ့ profile တွေ၊ အရည်အချင်းတွေအကြောင်း၊ ကလေးရဲ့ ပညာရေးအတွက် မိဘတွေနဲ့ ဘယ်လိုတွေဆွေးနွေးတာလဲ ဆိုတဲ့အကြောင်းအရာတွေအားလုံးကို မေးမြန်းထားပါ။

သင့်အနေနဲ့ သင့်ကလေးငယ်အတွက် အကောင်းဆုံးကျောင်းတစ်ခုကို လိုက်ရှာနေတယ်ဆိုရင် International Universities တွေနဲ့ academic တူ၊ intake တူတဲ့အတွက် transfer လုပ်ရတာ လွယ်ကူတဲ့၊ နိုင်ငံခြားသားဆရာ ၃ဝ%, မြန်မာဆရာ ၇ဝ% နဲ့ သင်ကြားပေးနေတဲ့အတွက် နိုင်ငံခြားကို ပညာသွားရောက်သင်ယူတဲ့အခါ culture တွေကို လေ့လာပြီးဖြစ်နေစေတဲ့၊ ဈေးနှုန်းသင့်တင့်တဲ့ Kaplan Myanmar University College ရှိပါတယ်နော်။

စာချစ်သူတို့ရဲ့ ဗဟုသုတအတွက် ဂန္ထဝင်မဂ္ဂဇင်းနဲ့ Kaplan Myanmar University College တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။