ငှက်လွှတ်သင့်လား။ မလွှတ်သင့်ဘူးလား။

blank

ငယ်ငယ်တုန်းက မွေးနေ့မှာ လှောင်ချိုင့်ထဲမိနေတဲ့ ငှက်ကလေးတွေကို လွှတ်မြောက်သွားအောင် လွှတ်တဲ့အခါ သူတို့ရဲ့အသက်ကိုကယ်ပေးသူတစ်ယောက်အဖြစ် ခံစားခဲ့ရတယ်။

တဖြည်းဖြည်းအရွယ်ရောက်လာတော့ ကျွန်မတို့လွှတ်လိုက်တဲ့အခါ ပြန်အဖမ်းခံရပြီး လှောင်ချိုင့်ထဲ ပြန်အသိမ်းခံရတဲ့ ငှက်ကလေးတွေကို သနားလာမိတယ်။

ကျွန်မတို့လွှတ်နေသေးသရွေ့ သူတို့လေးတွေ အဖမ်းခံနေရဦးမှာလား။

လွှတ်လိုက်တဲ့အခါ ကုသိုလ်ရတယ်ဆိုပေမယ့် အဖမ်းခံရတဲ့အပေါ်မှာ ပယောဂမကင်းသလို ခံစားရပြန်တယ်။

ကျွန်မတို့အားလုံးသာ ဒီကိစ္စကို ဆန့်ကျင်လိုက်ရင် ငှက်ကလေးတွေ အဖမ်းခံရပါဦးမလား။