ကျွန်မကို ဘာကြောင့်ချစ်သင့်တာလဲ။

blank

မင်္ဂလာပါရှင်…

ကျွန်မနာမည်က ဗီတာမင် C ပါ။ အက်စ်ကောဘစ်အက်ဆစ် (ascorbic acid) လို့လည်း တ ချို့က သိကြပါတယ်။ ဘယ်လိုပဲသိသိပါ။ ကျွန်မအကြောင်း တိတိကျကျသိလိုက်တဲ့လူတိုင်းကတော့ ကျွန်မကိုချစ်သွားကြတာချည်းပါပဲ။ သင်ကော ကျွန်မအကြောင်းကို သိပြီးသားလား။  မသိသေးဘူး ဆိုရင် သိရအောင် ကျွန်မအကြောင်းလေး နည်းနည်းလောက် ပြောပြမယ်နော်။

ကျွန်မက…

  • လူတွေရဲ့ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးပါဆုံးအရာဖြစ်တယ်။
  • ခန္ဓာကိုယ်တစ်ရှူးတွေအားလုံးကိုလည်း ပြုပြင်ပေးတယ်။
  • ကိုလာဂျင်ကိုလည်း ဖြည့်တင်းပေးတယ်။
  • ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေကို စုပ်ယူပေးတယ်။
  • အနာတွေရှိရင်လည်း အနာမြန်မြန်ကျက်လွယ်စေပါတယ်။
  • အရိုးတွေနဲ့ သွားတွေကိုလည်း ခိုင်မာစေတယ်။

ပြီးတော့ လူတစ်ယောက်ရဲ့အမြဲကျန်းမာမှုကို ပေးစွမ်းနိုင်တဲ့ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်း မွန်စေတယ်လေ။ ကိုယ်ခံအားစနစ်ကောင်းမွန်တော့ ကူးစက်ရောဂါတွေ၊ အအေးမိနှာစေးဖျားနာတာ တွေ တော်ရုံနဲ့မဖြစ်တော့ဘဲ ပေါ့ပါးလန်းဆန်းစေတာပေါ့။ ဒီလိုအကျိုးကျေးဇူးတွေ အများကြီးပါတဲ့ ကျွန်မကို ကျွန်မအကြောင်းသိသွားသူတိုင်း ချစ်မိကြတာမဆန်းပါဘူး။ ပြီးတော့ ကျွန်မကို အနားမှာ ခေါ်ထားဖို့ကလည်း မခက်ပါဘူးရှင့်။ အခုဆိုရင် ကျွန်မရဲ့အကျိုးကျေးဇူးတွေကို လွယ်လွယ်ရနိုင်မယ့် ViCee လို ဗီတာမင် စီ ငုံဆေးပြားလေးတွေလည်း ရှိနေပြီဆိုတော့ ပူစရာလည်း မလိုတော့ဘူး။ ViCee မှာဆိုရင် အင်တီအောက်ဆီဒင့်စ် (Antioxidant) ခေါ် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိပါပါဝင်လို့ ကျန်းမာစေတဲ့အပြင် အသားအရေတင်းရင်းပြီး အရွယ်တင်နုပျိုမှုကိုပါ ပေးစွမ်းနိုင်ပါသေးတယ်။ အရသာအနေနဲ့လည်း လိမ္မော်၊ စတော်ဘယ်ရီ၊ စပျစ်နဲ့ လီမွန်ဆိုပြီး လေးမျိုးတောင် ထုတ်ထားပေး တာမို့ ကြိုက်တဲ့ အရသာလေးကို ရွေးချယ်သောက်သုံးရုံပါပဲနော်။

ကဲ… သင်ကော ကျွန်မကို ရွေးချယ်ဖို့ အဆင်သင့်ဖြစ်နေပြီလား။

စာချစ်သူများကျန်းမာရေးဗဟုသုတရရှိစေဖို့ ယခုစာစောင်လေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ ဗီတာမင် စီဓာတ် ချို့တဲ့ခြင်းကို ကာကွယ်ကုသရန်ထုတ်လုပ်ထားတဲ့ ViCee တို့မှ ပူးပေါင်းရေးသားတင်ဆက်ထားတာ ဖြစ်ပါတယ်။