နေ့နံအလိုက် (၂ဝ၁၉) မှာ ကံကောင်းစေဖို့ ဘယ်လိုလက်ဝတ်ရတနာတွေကို ဝတ်ဆင်ရမလဲ။

စာချစ်သူတို့ရေ…။

၂ဝ၁၈ ကုန်ပြီး ၂ဝ၁၉ ကို ရောက်တော့မယ်ဆိုတော့ နှစ်သစ်အတွက် အစီအစဉ်အသစ်တွေ ချမှတ်နေပြီလား။ ၂ဝ၁၉ မှာ တစ်ဘဝလုံးအတွက် အမှတ်ရစရာတွေဖန်တီးနိုင်ဖို့အတွက် ၂ဝ၁၉ မှာ နေ့နံအလိုက် ကံကောင်းစေဖို့ ဘယ်လိုလက်ဝတ်ရတနာတွေကို ဝတ်ဆင်သင့်လဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

တနင်္လာ

တနင်္လာသားသမီးတွေ အနေနဲ့  ၂ဝ၁၉ မှာ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မယ့် နှစ်ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ အချစ်ဦးနဲ့ ဆုံဆည်းမယ်။ ၂ဝ၁၉ မှာ ကံကောင်းစေဖို့အတွက် လခြမ်းပုံနဲ့ အဝိုင်းပုံသဏ္ဍာန် လက်ဝတ်ရတနာတွေကို ဝတ်ဆင်သင့်ပါတယ်။

အင်္ဂါ

အင်္ဂါသားသမီးတွေ အနေနဲ့ ၂ဝ၁၉ မှာ စီးပွားရေးအသစ်တွေကို စတင်နိုင်ပါလိမ့်မယ်။ မွေးရပ်မြေကို အခြေခံပြီး အကြံဉာဏ်အသစ်တွေနဲ့ လုပ်ငန်းတွေ လုပ်နိုင်ပါလိမ့်မယ်။ အင်္ဂါသားသမီးတွေအနေနဲ့ ကံကောင်းကံမြှင့်စေဖို့အတွက် စိန်ပွင့်သေးသေးလေးတွေပါတဲ့ ဒီဇိုင်းတွေကို ရွေးချယ်သင့်ပါတယ်။ ကံကောင်းစေတဲ့ အဆောင်ရတနာကတော့ လက်စွပ်ပါ။

ဗုဒ္ဓဟူး

ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ၂ဝ၁၉ မှာ အိမ်ခြံမြေအသစ်တွေ ဝင်ကိန်းရှိပါတယ်။ စိတ်ကူးထားတာတွေကို စပြီးအကောင်အထည်ဖော်နိုင်မယ်။ ၂ဝ၁၉ အစမှာ ခရီးတစ်ခုထွက်ရကိန်းရှိပါတယ်။ ပျိုမေတို့အနေနဲ့ ၂ဝ၁၉ မှာ ကံကောင်းစေဖို့အတွက် ဝတ်ဆင်တဲ့နေ့ရာမှာလည်း ပန်းချိတ်ပုံစံလေးတွေ ရွေးချယ်ဝတ်ဆင်ပါ။

ကြာသပတေး

ကြာသပတေးသားသမီးတွေအနေနဲ့ ပညာရပ်အသစ်တွေ သင်ယူရကိန်းရှိပါတယ်။ ခရီးသွားလုပ်ငန်းနဲ့ ဆိုင်တဲ့အလုပ်တွေမှာ အကျိုးပေးတတ်ပါတယ်။ ကံကောင်းစေဖို့အတွက် လက်ဝတ်ရတနာတွေကိုလည်း ဘဲဥပုံစံဆန်ဆန်လက်ဝတ်ရတနာတွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

သောကြာ

သောကြာသားသမီးတွေအနေနဲ့ နယ်မြေရပ်ခြားမှာ အခြေတကျဖြစ်မယ့် အလားအလာရှိပါတယ်။ မမျှော်လင့်ဘဲ အိမ်ထောင်ကျတတ်တယ်။ ကုန်စည်ရောင်းဝယ်ရေး၊ စားသောက်ကုန်၊ လျှပ်စစ်ပစ္စည်းတွေနဲ့ အကျိုးပေးတတ်ပါတယ်။ ကံပွင့်စေဖို့ အခြားလက်ဝတ်ရတနာဒီဇိုင်းရွေးချယ်တဲ့အခါ ပန်းခက်ပန်းနွယ်တွေပါတဲ့ ဒီဇိုင်းတွေကို ရွေးချယ်သင့်ပါတယ်။

စနေ

စနေသားသမီးတွေအနေနဲ့ ၂ဝ၁၉ မှာ ဖူးစာရှင်နဲ့ ဆုံဆည်းရပါလိမ့်မယ်။ ရေသန့်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းတွေနဲ့ အကျိုးပေးတတ်ပါတယ်။ ဇွဲ၊ လှုံ့လ၊ ဝီရိယတွေ ထက်သန်နေတဲ့ ကာလဖြစ်ပါတယ်။ ၂ဝ၁၉ မှာ ကံကောင်းစေဖို့အတွက် လေးထောင့်ဆန်တဲ့ လက်ဝတ်ရတနာဒီဇိုင်းတွေကို ရွေးချယ်သင့်ပါတယ်။

တနင်္ဂနွေ

တနင်္ဂနွေ သားသမီးတွေအနေနဲ့ အခွင့်အလမ်းအသစ်တွေ ဖန်တီးနိုင်ပြီး အခက်အခဲတွေကို ကျော်လွှားနိုင်မယ်။ ပညာရေးမှာ တစ်ဖက်ကမ်းခတ် အောင်မြင်မယ်။ ၂ဝ၁၉ မှာ ကံကောင်းမှုတွေကို ထပ်လောင်းဖို့အတွက် ရတနာပွင့်ခပ်ကြီးကြီးကို တစ်ခုတည်းသုံးထားတဲ့လက်ဝတ်ရတနာတွေကို ရွေးချယ်သင့်ပါတယ်။

စာချစ်သူတို့ရေ….

၂ဝ၁၉ မှာ ကံကောင်းခြင်းတွေကို သယ်ဆောင်ဖို့အတွက် ဆောင်သင့်တဲ့ လက်ဝတ်ရတနာတွေကို ရွေးချယ်ဝယ်ယူချင်တယ်ဆိုရင် အရည်အသွေးပြည့်ဝ ဝန်ဆောင်မှုကောင်းမွန်တဲ့ ရွှေမန္တလေးက တော်ဝင်စိန်တိုက်ကို သတိရပါနော်။ တော်ဝင်စိန်တိုက်နဲ့ ဂန္ထဝင်မဂ္ဂဇင်းမှ ပူးပေါင်းပြီး တင်ဆက်ပေးလိုက်တဲ့ ဗေဒင်လေးကို နှစ်သက်တယ်ဆိုရင် ဝေမျှပေးလိုက်ပါဦး။

စာချစ်သူတွေအားလုံး သင့်တော်တဲ့  လက်ဝတ်ရတနာတွေ ဝတ်ဆင်ရင်း ဇာတာဆန်းတွေမြှင့်သည်ထက်မြှင့်မားနိုင်ကြပါစေရှင်။