နားကိုက်လို့ စိတ်ညစ်နေလား။ ဒါလေး ဖတ်ကြည့်ပါ။

blank

စာချစ်သူတို့ရေ…

ရောဂါဝေဒနာတိုင်းကတော့ သူ့အတိုင်းအတာနဲ့သူ ခံရခက်ကြတာချည်းပါပဲ။ အဲ့ဒီထဲမှာ နား ကိုက်ဝေဒနာလည်း ပါပါတယ်။ နားကိုက်စေတဲ့ အကြောင်းရင်းတွေက အမျိုးမျိုးဖြစ်နိုင်ပါတယ်။

၁။ နားဖာချေးကြောင့် နားကိုက်ခြင်း။

နားဖာချေးတွေကို တစ်ချိန်လုံးဖယ်ရှားနေရပြီး နားပါကိုက်လာတဲ့ ဝေဒနာဖြစ်ပါတယ်။ နားဖာ ချေးတွေကို ဖယ်ရှားဖို့ ဝါဂွမ်း၊ ဒါမှမဟုတ် တခြားပစ္စည်းတွေကို အသုံးမပြုပါနဲ့။ နားကို ပိုထိခိုက်စေပါ တယ်။ နားကိုက်တာ၊ ယားယံတာအပြင် ခဏတာနားမကြားတော့တာမျိုးအထိ ဖြစ်နိုင်ပါတယ်။

၂။ လေထုဖိအားကြောင့် နားကိုက်ခြင်း။

လေယာဉ်စီးတဲ့အခါ၊ ကားစီးတဲ့အခါ နားနှစ်ဖက်ကို လာရောက်ထိခတ်တဲ့ လေထုဖိအား ကြောင့် နားကိုက်တာမျိုးပါ။ အဲ့ဒီဝေဒနာကို ရှောင်ကြဉ်ဖို့ဆိုရင် ပီကေဝါးတာ၊ ချိုချဉ်ငုံတာ၊ သမ်းဝေတာ၊ အသက်ဝဝရှူတာမျိုးတွေ ပြုလုပ်လို့ရပါတယ်။

၃။ ရေကူးပြီးရင် နားကိုက်ခြင်း။     

ရေကူးတဲ့သူတွေအနေနဲ့ နားကိုက်တာ၊ ယားယံတာ၊ ရောင်ရမ်းတာတွေ ဖြစ်တာက ကူးစက် ရောဂါကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကို ကာကွယ်ဖို့ဆိုရင် ရေကူးပြီးချိန်မှာ နားကို ခြောက်သွေ့အောင် ထားပါ။

ဒါ့အပြင် အကြောင်းအမျိုးမျိုးနဲ့ နားကိုက်တာတွေကို သက်သာစေမယ့် နည်းလမ်းလေးတွေ လည်း ရှိနေပါတယ်။

  • ရောင်ရမ်းမှုလျော့အောင် ရေနွေးအိတ်ကပ်ပါ။
  • ရေခဲကပ်ပေးပါ။
  • နားသန့်ဆေးထည့်ပါ။
  • နှိပ်နယ်ပေးပါ။
  • အကိုက်အခဲပျောက်ဆေးသောက်ပါ။

Biogesic ဟာ ဖျားနာခြင်းအပြင် နားကိုက်ခြင်း၊ သွားကိုက်ခြင်းတို့လို နာကျင်ကိုက်ခဲတာတွေ ကိုပါ သက်သာစေတဲ့ ဆေးဖြစ်ပါတယ်။ နည်းလမ်းလေးတွေက လွယ်ကူတာမို့ စာချစ်သူတို့အတွက် အသုံးတည့်စေမှာပါနော်။ နားကိုက်ဝေဒနာကင်းဝေးခြင်းနဲ့ ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြ ပါစေ။

စာချစ်သူများ ကျန်းမာရေးဗဟုသုတရစေဖို့ ယခုစာစောင်လေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Biogesic တို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်ရှင်။