ညညခေါင်းကိုက်တာ ဘာကြောင့်လဲ။

blank

သင်က ညဘက်ရောက်တိုင်း ခေါင်းကိုက်တတ်သူတစ်ယောက်လား။ တစ်နေကုန်ပင်ပင်ပန်း ပန်းသွားလာလှုပ်ရှားပြီး အနားယူရမယ့်ညဘက်အချိန်ကြီးမှာ ခေါင်းကိုက်နေတာက စိတ်ရှုပ်စရာ ကောင်းတာတော့ အမှန်ပါပဲ။  အိပ်ရေးမဝတဲ့အတွက် နောက်ရက်အထိပါ နေထိုင်မကောင်းတာတွေ ကို နောက်ဆက်တွဲကြုံရပါတယ်။ ညဘက်ခေါင်းကိုက်ပုံချင်းကလည်း ကွာခြားပါသေးတယ်။

၁။ ဦးခေါင်းတစ်ခုလုံး လေးလံကိုက်ခဲနေခြင်း။     

ဒီခေါင်းကိုက်ခြင်းရဲ့လက္ခဏာရပ်တွေကတော့ ခေါင်းကို လက်နဲ့ညှစ်ထားသလို နာကျင်ခြင်း၊ နားထင်နှစ်ဖက်လုံးနာကျင်နေခြင်း၊ လည်ပင်း၊ ပခုံးနဲ့ ဦးရေပြားအတွင်းမှာ နာကျင်ခြင်း၊ ဦးခေါင်းတ ဝိုက် တင်းကြပ်လေးလံနေခြင်းတို့ပဲ ဖြစ်ပါတယ်။

၂။ ခေါင်းထဲဆစ်ခနဲကိုက်လိုက် ပျောက်သွားလိုက်ဖြစ်ခြင်း။       

လက္ခဏာရပ်တွေအနေနဲ့ မျက်လုံးတဝိုက်နာကျင်ခြင်း၊ နေ့တိုင်း အချိန်မှန်ခေါင်းကိုက်ခြင်း၊ ခေါင်းတစ်ခြမ်းကနေ စကိုက်လာပြီး ပျံ့နှံ့သွားခြင်း၊ မျက်လုံးတွေနီရဲခြင်း၊ ရောင်ခြင်း၊ မျက်ရည်ကျ ခြင်း၊ နှာခေါင်းတစ်ဖက်တည်း နှာရည်ယိုခြင်း၊ အသားအရေဖြူဖပ်ဖြူလျော်ဖြစ်ခြင်းတို့ ခံစားရပါတယ်။

၃။ ခေါင်းတစ်ခြမ်းကိုက်ခြင်း။

သူ့ရဲ့လက္ခဏာရပ်တွေကတော့ ပျို့အန်ခြင်း၊ အလင်းတွေကို မြင်နေခြင်း၊ ဆူညံသံနဲ့ အလင်း ရောင်တွေကို မခံနိုင်ခြင်း၊ အမြင်အာရုံတွေ ဝေဝါးခြင်းတို့ ဖြစ်ပါတယ်။

အဲ့ဒီလို ခေါင်းကိုက်ရတဲ့အကြောင်းရင်းတွေကလည်း အမျိုးမျိုးဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုများ လွန်းတာ၊ ပြည့်ပြည့်ဝဝအနားမယူတာ၊ ရေဓာတ်နည်းတာ၊ အယ်လ်ကိုဟော အလွန်အကျွံသောက် တာတွေကလည်း ခေါင်းကိုက်စေပါတယ်။ ခေါင်းကိုက်သက်သာစေဖို့ဆိုရင် ရေများများသောက်ပါ။ အရက်လျှော့သောက်ပါ။ ပြည့်ပြည့်ဝဝအနားယူပါ။ အကိုက်အခဲပျောက်ဆေးသောက်ပါ။ အကယ်၍ မသက်သာဘူးဆိုရင် ဆရာဝန်နဲ့တွေ့ဆုံကုသဖို့ အကြံပြုလိုက်ပါတယ်ရှင်။

စာချစ်သူများ ကျန်းမာရေးဗဟုသုတနဲ့ ပြည့်စုံစေဖို့ ဂန္ထဝင်မဂ္ဂဇင်းနဲ့ Biogesic တို့မှ ပူးပေါင်း တင်ဆက်ထားပါတယ်။