ကလေးတွေကို ဗီတာမင် C ဓာတ်ဖြည့်တင်းပေးဖို့ ဘာကြောင့်လိုအပ်တာလဲ။

blank

ဖေဖေမေမေတို့ရေ…

ကလေးတစ်ယောက် ကျန်းကျန်းမာမာနဲ့ အရွယ်ရောက်ကြီးပြင်းလာအောင် ပြုစုစောင့်ရှောက် ရတဲ့အလုပ်က တကယ်တော့ မလွယ်လှပါဘူးနော်။ အထူးသဖြင့် ဆယ်နှစ်အောက်အရွယ်ဟာ အစား ထက် အဆော့မက်တဲ့အရွယ်လေးတွေမို့ ဆော့ကစားရင်း ထိခိုက်အနာတရမဖြစ်ရအောင်လည်း  ကြည့်ရှုရ၊ အာဟာရပြည့်ဝအောင်လည်း ကျွေးမွေးဖို့ အားထုတ်ရနဲ့မို့ မိဘတွေအနေနဲ့ အလွန်အာရုံ စိုက်ရတဲ့အရွယ်ဆိုလည်း မမှားပါဘူး။

ကလေးတွေအနေနဲ့ ရှိသင့်တဲ့အာဟာရဓာတ်တွေမပြည့်ဝဘဲ ချို့တဲ့နေရင် ကျန်းမာသန်စွမ်းစွာ အရွယ်ရောက်လာဖို့ မဖြစ်နိုင်ပါဘူး။ ကျန်းမာရေးကောင်းမှ ဘက်စုံဖွံ့ဖြိုးအောင် ပြုစုစောင့်ရှောက်နိုင် မှာမို့ မိဘများအနေနဲ့ ကလေးတွေအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေကို အစားအစာ၊ ဆေးဝါး၊ ဖြည့်စွက်စာတို့ကို အလေးထား ဖြည့်တင်းပေးသင့်တာ အမှန်ပါပဲ။ အဲ့ဒီလို ဖြည့်တင်းပေးသင့်တဲ့ ဓာတ်တွေထဲမှာ ဗီ တာမင် C လည်း ပါဝင်နေပါတယ်။

ဘာကြောင့်လဲဆိုတော့ ဗီတာမင် C ဟာ သွေးနီဆဲလ်တွေ၊ အရိုးတွေနဲ့ တစ်ရှူးတွေရဲ့ ဖွဲ့စည်း မှုနဲ့ ပြန်လည်ကောင်းမွန်လာအောင်ပြင်ဆင်မှုတွေမှာ အကောင်းဆုံး ကူညီပေးနိုင်လို့ပါ။ ကလေးတွေ ရဲ့သွားဖုံးတွေကို ကျန်းမာစေပြီး သွေးလွှတ်ကြောတွေကိုလည်း အားကောင်းစေပါတယ်။ ဒါ့အပြင် ဗီတာမင် C ဟာ ဆော့ကစားရင်းဖြစ်တတ်တဲ့ ပွန်းပဲ့ဒဏ်ရာ၊ ကုတ်ခြစ်ရာတွေကို အနာကျက်မြန်စေပြီး သက်သာစေပါ တယ်။ ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးတဲ့အတွက် ကူးစက်ရောဂါတွေ ခန္ဓာ ကိုယ်ထဲကို အလွယ်တကူ မဝင်ရောက်နိုင်အောင် ကာကွယ်စောင့်ရှောက်ပေးပါတယ်။

Ceelinဟာ ကလေးငယ်တွေ ကောင်းစွာကြီးထွားဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့ ဗီတာမင် C ဓာတ်ကို ပေးစွမ်းနိုင်ပါတယ်။ နေ့စဉ်တိုက်ကျွေးမယ်ဆိုရင် အာဟာရဓာတ်ပြည့်ဝစေပြီး ကိုယ်ခံအားပါ ကောင်း မွန်လာစေတာကြောင့် ဖျားနာမှုတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

သားသားမီးမီးတွေကျန်းကျန်းမာမာနဲ့ ဖွံ့ဖြိုးကြီးထွားလာစေဖို့ ယခုစာစောင်လေးကို ဂန္ထဝင် မဂ္ဂဇင်းနဲ့ Ceelin တို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။