ဘယ်လိုမျိုးခေါင်းကိုက်ရင် ဆရာဝန်ကို ပြသသင့်တာလဲ။

blank

စာချစ်သူတို့ရေ…။

စိတ်ဖိစီးမှုများတာ၊ ပင်ပန်းတာတွေကြောင့် တစ်ခါတရံမှာ ခေါင်းကိုက်တတ်ကြပြီး၊ ခေါင်းကိုက်ပျောက်ဆေးတွေသောက်တာ၊ အနားယူလိုက်တဲ့အခါတွေမှာ သက်သာပျောက်ကင်းသွားတတ်ကြပါတယ်။ ဒါပေမဲ့ သာမန်ခေါင်းကိုက်ခြင်းတွေ မဟုတ်ဘဲ ခေါင်းကိုက်တဲ့အခါမှာ အောက်ပါအချက်လေးတွေလည်း ဖြစ်တတ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့လိုပါတယ်။

  • မကြာခဏခေါင်းကိုက်တတ်တယ်ဆိုရင်
  • ခေါင်းကိုက်ခြင်းက ပြင်းထန်ပြီး မခံမရပ်နိုင်အောင် နာကျင်ခံစားရတယ်ဆိုရင်
  • ခေါင်းမူးတယ်ဆိုရင်
  • ဖျားပြီး ခေါင်းအပြင်းအထန်ကိုက်တယ်ဆိုရင်
  • ခေါင်းကိုက်ပြီး ဆက်တိုက်အန်တယ်ဆိုရင်
  • ခေါင်းကိုက်ပြီး ထုံကျင်ကိုက်ခဲ့တယ်ဆိုရင်
  • အပြင်းအထန်ခေါင်းကိုက်ပြီး လည်ချောင်းတွေ လေးနေတယ်ဆိုရင်
  • နှာခေါင်း၊ နား၊ မျက်စိနဲ့ လည်ချောင်းတွေမှာ ထူးခြားတဲ့ လက္ခဏာတွေ ကြုံတွေ့ရတယ်ဆိုရင်
  • ခေါင်းကိုက်ပြီး အမြင်တွေမှုန်ဝါး၊ နားတွေအူနေတယ်ဆိုရင်
  • ခေါင်းကိုတခုခုနဲ့ ထိခိုက်မိပြီးတဲ့အချိန်မှာ အပြင်းအထန်ခေါင်းကိုက်တယ်ဆိုရင်
  • ခေါင်းကိုက်ပြီး ပုံမမှန်တဲ့ ဝမ်းတွေသွားတယ်ဆိုရင်
  • အချိန်အတော်ကြာအောင် သက်သာခြင်းမရှိဘဲ နေ့စဉ်ရက်ဆက်ခေါင်းကိုက်နေတယ်ဆိုရင်
  • ပုံမှန်ကိုက်နေကျ ပုံစံမျိုးမဟုတ်ဘဲ ထူးခြားတဲ့ လက္ခဏာတွေကို ခံစားနေရပြီဆိုရင်တော့ မပေါ့ဆဘဲ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

စာချစ်သူတို့ရေ…။

ခေါင်းကိုက်ခြင်းဆိုတာ သာမန်ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပေမယ့် ခေါင်းကိုက်တဲ့အခါမှာ လုပ်သမျှတွေအဆင်မပြေ၊ မြင်သမျှတွေ့သမျှတွေကို အမြင်မကြည်လင်ဘဲ ဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့် ခေါင်းကိုက်တဲ့အခါမှာ အရည်အသွေးမြင့်တဲ့ ခေါင်းကိုက်ပျောက်ဆေးတွေကို သောက်သုံးဖို့လိုသလို ပြည့်ပြည့်ဝဝအနားယူဖို့ လိုပါတယ်။ ခေါင်းကိုက်တဲ့အပြင် အထက်ပါဝေဒနာလေးတွေပါ ခံစားနေရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသပြီး လိုအပ်တဲ့စစ်ဆေးကုသမှုတွေကို ပြုလုပ်ဖို့လည်း သတိပေးပါရစေနော်။

စာချစ်သူတို့အတွက် ကျန်းမာရေးဗဟုသုတလေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Biogesic တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။