မကြာခဏ ဖျားနာနေတာကို ဘယ်လိုရပ်တန့်ပစ်မလဲ။

blank

စာချစ်သူတို့ရေ…

အအေးမိဖျားနာခြင်းဆိုတာ လူသားတိုင်းနဲ့မကင်းကြတဲ့ ရောဂါဆိုပေမယ့် မကြာခဏဖျားနာနေရင် တော့ ငွေကုန်လူပန်းနဲ့ စိတ်ညစ်ကြရတာ အမှန်ပါ။ ပြီးတော့ ဖျားနာပြီဆိုတာနဲ့ နှာစေး၊ ချောင်းဆိုးဆိုတော့ ည လည်းကောင်းကောင်းမအိပ်ရ၊ လူအများကြားလည်း သွားလာရခက်နဲ့ အလုပ်လုပ်ရတာလည်း အဆင်မပြေပါ ဘူး။

သင်ဟာ မကြာခဏဖျားနာနေသူ၊ ဒါမှမဟုတ် သင့်မိသားစုထဲမှာ မကြာခဏ အအေးမိဖျားနာလွယ်သူ ရှိနေပြီဆိုရင်တော့ ဒီနည်းလမ်းလေးတွေကို ဖတ်ကြည့်သင့်ပါတယ်။ ဒီနည်းလမ်းလေးတွေနဲ့ ဖျားနာလွယ်မှုတွေ ကို ရပ်တန့်ပစ်ကြရအောင်။

၁။ လက်ကို မကြာခဏဆေးကြောပြီး အမြဲသန့်သန့်ရှင်းရှင်းထားပါ။ တခြားသူနဲ့လက်ဆွဲနှုတ်ဆက်ပြီးတိုင်း လက်ဆေးပါ။

၂။ မဆေးရသေးတဲ့ လက်နဲ့ မျက်စိ၊ နား၊ နှာခေါင်း စသဖြင့် မထိတွေ့မကိုင်တွယ်မိအောင် သတိပြုပါ။

၃။ အိပ်ရေးဝဝအိပ်ပါ။

၎။ ကျန်းမာရေးနဲ့ ညီညွှတ်အောင် ချက်ပြုတ်စားသောက်ပါ။

၅။ လေ့ကျင့်ခန်းလုပ်ပါ။

၆။ ဖျားနာနေသူတွေနဲ့ ဝေးဝေးနေပါ။

၇။ ရေများများသောက်ပါ။

၈။ အအေးမိပြီဆိုတာနဲ့ ဆေးသောက်ပါ။

တကယ်တော့ အအေးမိဖျားနာတယ်ဆိုတာ ဗိုင်းရပ်စ်ပိုးမွှားတွေ ကူးစက်တာက စတင်တာမို့ တစ်ကိုယ် ရည်သန့်ရှင်းရေးကို အမြဲဂရုစိုက်ခြင်းဖြင့် ကာကွယ်သွားတာ အကောင်းဆုံးပါပဲ။ ဖျားတဲ့အခါ နှာစေး၊ ချောင်းဆိုး ရာက စတင်တာမို့ တော်တော်များများက ဆေးသောက်ရမှာ ပျင်းကြပါတယ်။ ဒါကြောင့် နှာစေးချောင်းဆိုးတဲ့ အခါ ဝေဒနာမြန်မြန်သက်သာပျောက်ကင်းအောင် ဆေးသောက်ဖို့၊ ဆရာဝန်နဲ့ပြသဖို့လည်း မမေ့ပါနဲ့နော်။

စာချစ်သူများ ကျန်းမာရေးဗဟုသုတရစေဖို့ ဂန္ထဝင်မဂ္ဂဇင်းနဲ့ အအေးမိဖျားနာခြင်းကို အကြွင်းမဲ့ပျောက်ကင်းစေတဲ့ Decolgen တို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။