အအေးမိဖျားနာခြင်းရဲ့ လက္ခဏာရပ်အဆင့်ဆင့်များ

blank

စာချစ်သူတို့ရေ…

ဆောင်းဦးကာလရောက်လာပြီဆိုတော့ ရာသီအကူးအပြောင်းမှာ အဖြစ်များဆုံးက အအေးမိနှာစေးဖျားနာခြင်းတွေပဲ ဖြစ်မှာပါနော်။ မတူညီတဲ့ ဗိုင်းရပ်စ်ပေါင်းများစွာကြောင့် အအေးမိဖျား နာခြင်း ဖြစ်ပေါ်ရပါတယ်။ ဒါကြောင့် အအေးမိဖျားနာပုံချင်းလည်း တစ်ယောက်နဲ့တစ်ယောက် ကွဲပြားနိုင်ပါတယ်။ ဒါပေမဲ့ အများစုကတော့ ရောဂါလက္ခဏာရပ်တွေ တူညီကြပါတယ်။ အအေးမိဖျားနာခြင်း ရဲ့လက္ခဏာရပ်အဆင့်ဆင့်ကတော့…

  • အအေးမိဖျားနာစေတဲ့ ဗိုင်းရပ်စ်ပိုးစတင်ကူးစက်ပြီး ၁ ရက်မှ ၃ ရက်အတွင်းမှာ ပင်ပန်းနွမ်း နယ်ခြင်း၊ နှာခေါင်းပိတ်ခြင်း၊ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း စတဲ့ လက္ခဏာရပ်တွေကို ခံစား ရပါတယ်။
  • ၄ ရက်ခန့်အကြာမှာတော့ ဖျားနာမှုအရှိန်အမြင့်ဆုံးဖြစ်ပါတယ်။
  • အအေးမိဖျားနာခြင်းရဲ့သက်တမ်းကတော့ ၇ ရက်မှ ၁ဝ ရက်အတွင်းဖြစ်ပါတယ်။

ဒါပေမဲ့ တခြားလူတွေထက် ကိုယ်ခံအားစနစ် အားနည်းတဲ့သူတွေ၊ ဒါမှမဟုတ် တခြားသော ရောဂါအခံရှိတဲ့သူတွေဆိုရင်တော့ အချိန်ပိုကြာနိုင်ပါတယ်။ အအေးမိဖျားနာခြင်းအမြန်သက်သာ အောင်…

  • ရေနွေးနဲ့ရေချိုးပါ။
  • ကြက်စွပ်ပြုတ်သောက်ပါ။
  • လက်ကိုသန့်သန့်ရှင်းရှင်းဆေးကြောပါ။
  • ပြည့်ပြည့်ဝဝအနားယူအိပ်စက်ပါ။
  • အအေးမိဖျားနာခြင်းကို အကြွင်းမဲ့ပျောက်ကင်းစေမယ့် ဒီကိုလ်ဂျင်လို ဆေးဝါးကိုသောက်ပါ။

နည်းလမ်းလေးတွေက စာချစ်သူတို့အတွက် အသုံးတည့်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ စာ ချစ်သူများအားလုံးလည်း ဖျားနာခြင်းကင်းပြီး ကျန်းမာပျော်ရွှင်တဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ ရှင်။

စာချစ်သူများ ကျန်းမာရေးဗဟုသုတရစေဖို့ ယခုစာစောင်လေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ အအေးမိဖျားနာခြင်းကို အကြွင်းမဲ့ပျောက်ကင်းစေတဲ့ Decolgen တို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။