အိပ်ယာက ထလာတဲ့အခါ ခေါင်းဘာကြောင့် ကိုက်ကိုက်နေရတာလဲ။

blank

စာချစ်သူတို့ရေ….။

တစ်ခါတရံမှာ ကျွန်မတို့တတွေဟာ အိပ်ယာကထလာတဲ့အခါမှာ ကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်းနှိုးလာတာမျိုးမဟုတ်ဘဲ ခေါင်းမကြည်လင်ဖြစ်တာ၊ သွေးတိုးသလို ခေါင်းတွေ တဒိတ်ဒိတ်ကိုက်တာမျိုးတွေဖြစ်တတ်ကြပါတယ်။ အိပ်ယာကထလာတဲ့အခါမှာ ခေါင်းကိုက်နေတာဟာ အောက်ပါအချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။

၁။ သင့်အနေနဲ့ တွေးစရာတစ်ခုခု၊ စိတ်ဖိစီးစရာတစ်ခုခုကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်တာ၊ အိပ်နေရင်းနဲ့ လန့်နှိုးတာတွေကြောင့် အိပ်ရေးမဝတဲ့အခါမျိုးမှာ မနက်နှိုးလာတဲ့အခါ ခေါင်းမကြည်မလင်ဖြစ်ပြီး ခေါင်းကိုက်နေတာမျိုးတွေဖြစ်တတ်ပါတယ်။

၂။ ဟောက်ခြင်းဆိုတာက အိပ်ပျော်နေချိန်မှာ အသက်ရှူလမ်းကြောင်းကို ခဏပိတ်သွားတဲ့အခါမှာ  ဖြစ်ပေါ်တတ်ပါတယ်။ ဟောက်ခြင်းက နာတာရှည်ခေါင်းကိုက်ခြင်းရဲ့ အကြောင်းအရင်းတစ်ခုဖြစ်နိုင်သလို အသက်ရှူလမ်းကြောင်းပိတ်ဆို့မှုတွေလည်း ဖြစ်စေနိုင်ပြီး အန္တရာယ်ရှိနေနိုင်တာကြောင့် ဆရာဝန်နဲ့ပြသသင့်ပါတယ်။

၃။ စိတ်ဖိစီးမှုများတဲ့ တစ်ချို့လူတွေဟာ အိပ်နေရင်းနဲ့ သွားကြိတ်တတ်ကြပါတယ်။ သွားကြိတ်တတ်တဲ့သူတွေဟာ အိပ်ယာကထလာတဲ့အခါ ခေါင်းကိုက်တာ၊ ခေါင်းမကြည်မလင်ဖြစ်တာမျိုးတွေဖြစ်တတ်ပါတယ်။ အိပ်စက်တဲ့အချိန်မှာ တရားထိုင်တာ၊ စိတ်ဖိစီးမှုတွေကို လျော့ချတာဟာ သွားကြိတ်ခြင်းကို လျော့ကျစေပါတယ်။

၎။ ထူလွန်း၊ မာလွန်းတဲ့ ခေါင်းအုံးတွေသုံးတာ၊ အိပ်စက်ပုံအနေအထားမမှန်တာတွေကြောင့်လည်း အိပ်ယာက ထလာတဲ့အချိန်မှာ ခေါင်းကိုက်တတ်ပါတယ်။ မနိမ့်လွန်း၊ မမြင့်လွန်းတဲ့ ခေါင်းအုံးတွေ အသုံးပြုတာ၊ စနစ်ကျတဲ့ အိပ်စက်တဲ့ပုံစံတွေကို သုံးသွားမယ်ဆိုရင် ခေါင်းကိုက်တာလည်း သက်သာပျောက်ကင်းသွားမှာဖြစ်ပါတယ်။

စာချစ်သူတို့ရေ…။

ခေါင်းကိုက်ခြင်းဆိုတာ ကြီးမားတဲ့ဝေဒနာမဟုတ်ပေမယ့် ခေါင်းကိုက်တဲ့အခါ မြင်မြင်သမျှကို စိတ်ရှုပ်နေတတ်ပြီး အမြင်မကြည်လင်ဖြစ်နေတတ်ပါတယ်။ ခေါင်းကိုက်တဲ့အခါ စိတ်ဖိစီးစေမယ့်အရာတွေ၊ အီလက်ထရောနစ်ပစ္စည်းတွေနဲ့ ဝေးဝေးနေပါ။ ကောင်းမွန်စွာအနားယူပါ။ အရည်အသွေးပြည့်ဝတဲ့ ခေါင်းကိုက်ပျောက်ဆေးတွေကို သောက်သုံးပါ။ ရေများများသောက်ပါ။

စာချစ်သူတို့ရဲ့ ဗဟုသုတအတွက် ဂန္ထဝင်မဂ္ဂဇင်းနဲ့ Biogesic တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။