ခေါင်းကိုက်ခြင်းက ဘဝရဲ့ အရည်အသွေးကို ကျဆင်းအောင် ပြုလုပ်နိုင်သလား

blank

          ခေါင်းကိုက်ခြင်းဆိုတာ ကျွန်မတို့ရဲ့ ဘဝထဲကို ခဏခဏအလည်လာတဲ့ ဧည့်သည်တစ်ယောက်နဲ့ တူပါတယ်။ ခေါင်းကိုက်ခြင်းက အသက်အန္တရာယ်စိုးရိမ်ရလောက်အောင် ပြင်းထန်လှတဲ့ ရောဂါတစ်ခုမဟုတ်ပေမယ့် ကျွန်မတို့ရဲ့ ဘဝရဲ့ နေ့ရက်တွေကိုတော့ မလှပအောင်တော့ လုပ်ဆောင်နိုင်ပါတယ်။ ခေါင်းကိုက်တဲ့အခါ လုပ်ငန်းမှာအဆင်မပြေ၊ မြင်မြင်သမျှတွေကို စိတ်မကြည်မလင်ဖြစ်စေပြီး နေရထိုင်ရခက်ခဲစေပါတယ်။ အထူးသဖြင့် ခေါင်းရက်ဆက်ကိုက်နေတဲ့ အခါမျိုးမှာပေါ့။ ခေါင်းကိုက်ရတဲ့အကြောင်းအရင်းလေးတွေကတော့…

  • စိတ်ဖိစီးမှုများခြင်း
  • အာရုံစူးစိုက်မှုများခြင်း
  • အိပ်ရေးမဝခြင်း စတဲ့ အကြောင်းတရားမျိုးစုံကြောင့် ဖြစ်နိုင်တဲ့ ခေါင်းကိုက်ခြင်းတွေဟာ နေ့စဉ်ဘဝအတွက် အဟန့်အတားတွေဖြစ်စေနိုင်ပါတယ်။

လေ့လာသူတွေကတော့ အရွယ်ရောက်ပြီး လူတစ်ယောက်ဟာ အနည်းဆုံး တစ်နှစ်ကိုတစ်ကြိမ် ခေါင်းကိုက်တတ်တယ်လို့ သိရပါတယ်။ တချို့တွေကတော့ သုံးလတစ်ခါ၊ နှစ်လတစ်ခါ ကိုက်တတ်ကြပြီး တစ်ချို့တွေကတော့ တစ်လတစ်ခါလောက်တောင် ခေါင်းကိုက်တတ်ကြပါတယ်။ မကြာခဏခေါင်းကိုက်ခြင်းကို သက်သာစေဖို့အတွက်…

  • ခန္ဓာကိုယ်အလေးချိန်ကို ညီညွတ်မျှတနေအောင် ထိန်းသိမ်းထားပါ။
  • အရည်အသွေးမြင့်တဲ့ ဆေးဝါးတွေကို သောက်သုံးပါ။
  • အိပ်ရေးဝဝအိပ်စက်ပါ။ စိတ်ဖိစီးမှုကို လျှော့ချပါ။
  • အရက်သေစာသောက်သုံးခြင်း ရှောင်ကြဉ်ပါ။
  • ကော်ဖီ၊ လက်ဖက်ရည်တွေ သောက်သုံးခြင်းကို လျှော့ချပါ။

ခေါင်းကိုက်ခြင်းဆိုတာ ပြင်းထန်လှတဲ့ ဝေဒနာတစ်ခုမဟုတ်ပေမယ့် နေ့စဉ်ရက်ဆက်ခေါင်းကိုက်နေတာ၊ ပြင်းပြင်းထန်ထန်ခေါင်းကိုက်နေတာဆိုရင်တော့ ဦးနှောက်သွေးယိုစီးမှုတွေဖြစ်ပွားနိုင်ပါတယ်။ ခေါင်းမကြာခဏကိုက်တဲ့အပြင် ဖျားနာတာ၊ ခေါင်းမူးတာနဲ့ အားနည်းတာတွေပါ ခံစားနေရတယ်ဆိုရင်တော့ ထိရောက်တဲ့ စစ်ဆေးကုသမှုတွေ ပြုလုပ်ဖို့လိုပါတယ်။

ခေါင်းကိုက်ခြင်းဟာ စိတ်သွားတိုင်းကိုယ်မပါအောင် တားဆီးနေတဲ့အတွက် အရည်အသွေးမြင့် ခေါင်းကိုက်ပျောက်ဆေးတွေကို သောက်သုံးပြီး ဘဝအရည်အသွေးမြင့်တင်မှုကို တားဆီးနေတဲ့ ခေါင်းကိုက်ခြင်းကို ဘဝထဲက တွန်းဖယ်ပစ်လိုက်ကြရအောင်။

စာချစ်သူတို့ရဲ့ ကျန်းမာရေးဗဟုသုတလေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Biogesic တို့မှပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။