အသက်(၃ဝ) ကျော်လာတာနဲ့ မိန်းကလေးတွေ ဘာကြောင့်ပိုပြီး ကျက်သရေရှိလာကြတာလဲ။

blank

အသက် (၃ဝ) ရောက်လာတော့ ငယ်ငယ်တုန်းက ဖြူစင်ရိုးသားတဲ ဘဝကို လွမ်းဆွတ်မိတယ်။

အသက် (၃ဝ) ရောက်လာတော့ ငယ်ငယ်တုန်းက ပေါ့ပါးတဲ့အချိန်တွေကို လွမ်းဆွတ်မိတယ်။

အသက်(၃ဝ) အရွယ်ကိုရောက်လာတော့ ငယ်ငယ်တုန်းက ဖြူစင်ဝင်းမွတ်တဲ့ အသားအရေကို လွမ်းဆွတ်မိတယ်။

လေတံခွန်လေးတစ်ခု ဖမ်းမိရုံနဲ့ အပျော်ကြီးပျော်ခဲ့တဲ့ နေ့ရက်တွေ…။

မီးပုံးပျံလေးတစ်ခုရှိနေရုံနဲ့ တခစ်ခစ်ရယ်မောခဲ့တဲ့ ညတွေ….။

ရွှံ့အိမ်လေးတွေဆောက်ရင်း ပြည့်စုံခဲ့တဲ့ ဘဝတွေကို သိပ်ကိုလွမ်းဆွတ်မိတယ်။

ပြီးတော့…။ တချို့တွေကပြောကြတယ်။ အသက်(၃ဝ) ရောက်ပြီ။ အသားရဲ့အရေရဲ့ နုပျိုမှုတွေ လျော့ရဲလာပြီ။ ပြောရရင်တော့ အသက်(၃ဝ) မှာ အလှတွေလျော့လာပြီပေါ့။

ဒါပေမဲ့လေ…. အသက်(၃ဝ)အရွယ်မှာ…

ဘဝရဲ့ ရွေးချယ်မှုတွေကို မှန်ကန်စွာပြုလုပ်လာနိုင်ပြီ။

ကိုယ်ကိုယ်တိုင်အတွက် အချိန်ပေးဖို့အရေးကြီးတယ်ဆိုတာကို နားလည်လာပြီ။

မကောင်းမြင်မှုတွေ ရောယှက်နေတဲ့ ဝေဖန်မှုတွေကို ပြတ်သားစွာ လျစ်လျူရှုတတ်လာပြီ။

ပစ္စည်းတစ်ခု သက်တမ်းကုန်ဆုံးရက် နီးလာသလို လျော့တွက်ပြီး အကဲစမ်းလာတဲ့ ပုရိသတွေကို ပါးနပ်စွာရှောင်ရှားတတ်လာပြီ။

အနာတရတွေကို ကိုယ်ရေးအတ္ထုပ္ပတ္တိအတွက် ကုန်ကြမ်းတွေလို သဘောထားပြီး အရာရာကို ကျော်ဖြတ်လာနိုင်ပြီ။

အသုံးမဝင်တဲ့ အမုန်းတွေကို မျက်ကွယ်ပြုတတ်လာပြီး ချစ်ခြင်းတရားတွေကို မြင်တတ်လာပြီ။

အတွေ့အကြုံတွေကပေးတဲ့ သင်ခန်းစာတွေကို မလွတ်တမ်းဆုပ်ကိုင်တတ်လာပြီ။

ဘေးနားမှာရှိတဲ့ လူအနည်းစုကို ဂရုစိုက်တတ်လာပြီ။

လေတိုက်တိုင်းမယိမ်းယိုင်တော့တဲ့ စိတ်ဓာတ်နဲ့ အခက်အခဲတွေရင်ဆိုင်တတ်လာပြီ။

အသက် (၂ဝ) အရွယ်မှာ အသက်ကြီးလာမှာ သိပ်ကိုကြောက်ခဲ့တယ်။ အလှတရားတွေလျော့ကျလာတာကို စိုးရိမ်ခဲ့မိတယ်။ တကယ်တမ်း အသက်(၃ဝ) ရောက်လာတဲ့အချိန်မှာ အသက်ကြီးခြင်းအနုပညာကို သေချာစွာနားလည်လာခဲ့တယ်။ အခုအချိန်မှာ ရှိနေတဲ့ တည်ငြိမ်ရင့်ကျက်ခြင်းတွေသာ အရင်ကရှိနေခဲ့ရင် ဒီထက်မက ပိုကောင်းမွန်တဲ့ဘဝတစ်ခုကို တည်ဆောက်နိုင်မှာဆိုပြီး တွေးမိလာပြီ။ တကယ်တော့ အသက်(၃ဝ) အရွယ်ဟာလေ မိန်းမတစ်ယောက်ဘဝရဲ့ အလယ်ဖြစ်တဲ့အတွက် အတွေ့အကြုံတွေနဲ့ အလှအပတွေ ပေါင်းစပ်ပြီး ကျက်သရေရှိစွာ လှပလာတဲ့အရွယ်ဆိုတာကို နားလည်လာခဲ့တယ်။

ရင့်ကျက်တဲ့အလှတရားတွေက  နတ်သမီးမှော်နှင်တံနဲ့ ဝှေ့ယမ်းပြီးရလာတဲ့အရာတွေမဟုတ်ပါဘူး။ ငယ်ငယ်ကတည်းက ဖြည့်တင်းခဲ့တဲ့ အတွေ့အကြုံတွေ၊ စိတ်ဓာတ်ခွန်အားတွေ၊ အရည်အချင်းတွေကို ဖြည့်တင်းပြီးရခဲ့တဲ့အရာတွေပါ။ အသက်အရွယ်ရလာတာဟာ အနုပညာတစ်ခုဖြစ်ပေမယ့် အရေးအကြောင်းတွေ၊ မျက်ကွင်းညိုတာတွေ၊ အသားအရေလျော့ရဲလာတွေနဲ့တော့ ကျက်သရေရှိတဲ့အလှတရားတွေကို လျော့ပါးစေလို့ မဖြစ်ဘူးလေ။ အသက်(၃ဝ) အရွယ်မှာ လူတွေက ကျွန်မရဲ့ ရင့်ကျက်ခြင်းအတွက် ချီးကျူးနေချိန်မှာ အသားအရေတွေက မငယ်တော့တာကိုတော့ မမြင်စေချင်ဘူးလေ။

ဒါ့ကြောင့်… စိတ်အညစ်အကြေးတွေကို ဆေးကြောသလို မျက်နှာအသားအရေကို သန့်စင်ပြီးမှ အိပ်ရာဝင်တယ်။ စိတ်ခွန်အားကို အားဖြည့်သလိုပဲ အသားအရေအတွက် ရေများများသောက်တယ်၊ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တွေကို သောက်တယ်။ စိတ်ညစ်စေတဲ့လူတွေနဲ့ ဝေးဝေးရှောင်သလို အသားအရေကို ညစ်ညမ်းမှုတွေနဲ့ မထိအောင်နေပေးတယ်။ လူတွေရဲ့ တုံ့ပြန်အားကို ဂရုမစိုက်တော့ပေမယ့် အသားအရေရဲ့ တင်းရင်းမှုကို ကူညီပေးတဲ့ Glow Collagen  ကို တစ်နေ့တစ်လုံးသောက်တယ်။

Glow Collagen  သာရှိနေရင် ကညာပျိုတိုင်း ဇရာကို မေ့ပြီး ကျက်သရေရှိစွာလှပနိုင်ပြီလေ။

စာချစ်သူပျိုမေတို့ရဲ့ စိတ်ဓာတ်ခွန်အားအတွက် ဂန္ထဝင်မဂ္ဂဇင်းနဲ့ Glow Collagen တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။